5.65-inch 18:9 Display နဲ့ Dual-Camera Setup တို့ ပါ၀င်လာတဲ့ တန်ဖိုးသင့် Smartphone Huawei Enjoy 7S

date_range 20 December 2017

5.65-inch 18:9 Display နဲ့ Dual-Camera Setup တို့ ပါ၀င်လာတဲ့ တန်ဖိုးသင့် Smartphone Huawei Enjoy 7S

visibility 1080 Views

                Huawei အနေနဲ့ အရင်နှစ်က ထွက်ရှိထားတဲ့ Enjoy 6S ရဲ့ မျိူးဆက်သစ် Mid-Range Smartphone တစ်လုံးဖြစ်တဲ့ Huawei Enjoy 7S ကို ပြီးခဲ့တဲ့ တနင်္လာနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ Huawei အနေနဲ့ ဒီလ အစောပိုင်းတုန်းကလဲ Mid-Range Smartphone တစ်လုံးဖြစ်တဲ့ Nova 2S ကို မိတ်ဆက်ခဲ့ပါသေးတယ်။

                Huawei Enjoy 7S က Hybrid Dual-SIM (Nano) Smartphone ဖြစ်တာကြောင့် SIM နှစ်ကဒ် ဒါမှမဟုတ် SIM တစ်ကဒ် + microSD တစ်ကဒ် စိုက်လို့ရပါတယ်။ Software အပိုင်းမှာတော့ နောက်ဆုံးထွက်ရှိထားတဲ့ Android OS Version ဖြစ်တဲ့ Android Oreo 8.0 ကို အခြေခံထားတဲ့ EMUI 8.0 နဲ့ ဖြစ်ပါတယ်။

                Display အပိုင်းမှာတော့ IPS LCD 5.65-inch FullView 18:9 Display ကို အသုံးပြုထားပြီး Resolution ကတော့ Full HD+ 1080 x2160 Pixels ရရှိမှာဖြစ်ပြီး Pixel Density ကတော့ 427ppi ရှိမှာပါ။ 

                CPU အပိုင်းမှာ Huawei ရဲ့ ကိုယ်ပိုင် Chipset ဖြစ်တဲ့ Octa-Core HiSilicon Kirin 659 (4 x A53 at 2.36GHz + 4 x A53 at 1.7GHz) Processor ကို အသုံးပြုထားပြီး Graphics ပိုင်းအတွက် MaliT830-MP2 GPU ကို အသုံးပြုထားပါတယ်။

                Huawei Enjoy 7S ကို 3GB RAM + 32GB Storage နဲ့ 4GB RAM + 64GB Storage ဆိုပြီး မော်ဒယ်လ်နှစ်မျိုး ရောင်းချသွားမယ်လို့ သိရပါတယ်။ Storage မလောက်ဘူး ဆိုရင်လည်း microSD Card ကိုတော့ 256GB ထိ ထပ်စိုက်လို့ ရဦးမှာပါ။

                ဖုန်းရဲ့ ကျောဘက်မှာကတော့ 13MP + 2MP Dual-camera Setup နဲ့ Fingerprint Sensor တို့ကို တပ်ဆင်ထားပြီး ရှေ့ဘက်မှာတော့ Selfies ရိုက်ဖို့နဲ့ Video Call တွေခေါ်ဖို့အတွက် 8MP Camera ပါ၀င်ပါတယ်။ Li-Po 3000mAh Battery ကို အသုံးပြုထားတာ ဖြစ်ပြီး Huawei ရဲ့ Super Charge စနစ်ပါ၀င်ပါမယ်။

                Huawei Enjoy 7S ကို လာမယ့် ဒီဇင်ဘာ ၂၂ ရက်နေ့ကျရင် တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး အရောင်တွေအနေနဲ့ Black, Blue, Gold နဲ့ Rose Gold ဆိုပြီး အရောင် ၄ မျိူး ရွေးချယ်၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စျေးနှုန်းတွေကတော့ 3GB RAM မော်ဒယ်က တရုတ်ယွမ် ၁၄၉၉ (မြန်မာငွေ ၃ သိန်း၀န်းကျင်) ကျသင့်မှာဖြစ်ပြီး 4GB RAM မော်ဒယ်ကတော့ ၁၆၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခွဲ၀န်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

This Article is contributed by Thaw Zin
References
GSM Arena Gadgets NDTV
About Author
Assinged Tags
Huawei Enjoy 5S Huawei Nova 2s Huawei Enjoy 7s
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed