၂၀၁၇ ခုနှစ်အတွင်း Facebook Messenger ကို အသုံးပြုသူဦးရေ ၁.၃ ဘီလီယံအထိ ရှိလာ

date_range 15 December 2017

၂၀၁၇ ခုနှစ်အတွင်း Facebook Messenger ကို အသုံးပြုသူဦးရေ ၁.၃ ဘီလီယံအထိ ရှိလာ

visibility 160 Views

                အခုကျနော်တို့အားလုံးလိုလို အသုံးပြုနေကြတဲ့ Messenger ရဲ့ နောက်ကြောင်းကို ပြန်ကောက်မယ်ဆိုရင် ၂၀၀၈ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Facebook Chat ကို ပြန်ပြောရမယ်ထင်ပါတယ်။ ရိုးရှင်းတဲ့ Web-based Messaging System နဲ့ စာပို့ဖို့လောက်သာ အသုံးဝင်ခဲ့တဲ့ Facebook Chat ဟာ အခုဆိုရင် Messenger ဆိုတဲ့ Messaging Platform တစ်ခုအနေနဲ့ သီးသန့်ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ Text ပို့နိုင်ရုံလောက်တင် မဟုတ်တော့ဘဲ၊ စဉ်းစားလို့ရသမျှ Feature အစုံ ပါဝင်လာတဲ့ Messenger ဟာ အခု ၂၀၁၇ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းအသုံးပြုသူဦးရေပါင်း ၁.၃ ဘီလီယံကျော်သွားပြီလို့ သိရပါတယ်။


                ၂၀၁၇ ခုနှစ်အတွင်း Facebook Messenger မှာ နေ့စဉ်စကားစမြည်ပြောတဲ့ အရေအတွက်ဟာ ပျှမ်းမျှအားဖြင့်  ၇ ဘီလီယံကျော်တောင် ရှိပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်ရဲ့  ကမ္ဘာ့လူဦးရေ ၇.၆ ဘီလီယံ နီးနီးပါဘဲ။ Facebook ရဲ့အဆိုအရ Messenger ကို New Year, Valentine’s Day နဲ့ Mother’s Day လို Holidays တွေမှာ အသုံးပြုမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သာမန်နေ့တွေမှာတောင် Messenger မှာ စကား စပြောတဲ့ အရေအတွက်ဟာ သန်း ၂၆၀ တောင် ရှိပါတယ်။ (ဒီနေ့ စာဖတ်သူက တစ်ယောက်ယောက်ကို သွား Hi ရင် သန်း ၂၆၀ ထဲ ပါ၀င်သွားပြီ ဖြစ်ပါတယ်။)


                ဒီနှစ် ၂၀၁၇ ခုနှစ်ဟာ Messenger မှာ တကယ့် Features အလန်းတွေ စုပြုံပါလာတဲ့နှစ်လဲ ဖြစ်တာကြောင့် အခုလို အသုံးပြုသူဦးရေ ၁.၃ ဘီလီယံတောင် ကျော်သွားခဲ့တယ်လို့ ထင်ပါတယ်။ အခုဆို Messenger မှာ Facebook မှာလိုပဲ Reactions တွေ ပါလာတယ်၊ Messenger မှာတင် အဆင်သင့်ဆော့ကစားနိုင်တဲ့ Instant Games တွေ ပါလာတယ်။ အခုဆို Instant Games တွေကို Live လွှင့်နိုင်တဲ့ Feature တွေပါ ပါဝင်လာပါတာကို တွေ့ရပါတယ်။


                 Smartphones တွေရဲ့  Front-facing Camera ပိုကောင်းလာတာနဲ့အမျှ Messenger ရဲ့ Video Chats ကိုလဲ ပိုမိုဆွဲဆောင်မှုရှိစေဖို့အတွက် AR Features တွေပါ ထည့်ပေးထားပြီး ဖြစ်ပါတယ်။ AR Feature ကို ပြီးခဲ့တဲ့ June လတုန်းက စတင် ထည့်သွင်းခဲ့တာဖြစ်ပြီး၊ Snapchat လိုမျိူး Filters တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  အဲ့ဒီ Filters တွေကို Developer တွေအတွက်  စိတ်ကြိုက်ဖန်တီးခွင့်လည်း ပေးထားပါတယ်။ ဒီ AR Features တွေကြောင့်လို့ပဲ ဆိုရမလား၊ ၂၀၁၇ ခုနှစ်အတွင်းမှာ Messenger ရဲ့ Real-time Video Chats ကို အသုံးပြုမှုကလည်း  ၁၇ ဘီလီယံအထိ နှစ်ဆ တက်လာခဲ့တာ တွေ့ရပါတယ်။


                Facebook အနေနဲ့ User တိုင်းအတွက် အသုံးဝင်မယ့် Features အသစ်တွေကို အမြဲလိုလို ဖြည့်ဆည်းပေးနေတာတွေကြောင့် Facebook Messenger ဟာ တခြား Messaging Apps တွေထက် အောင်မြင်နေပြီး ၂၀၁၇ ခုနှစ်မှာ အသုံးပြုသူပေါင်း ၁.၃ ဘီလီယံ အထိ ရှိလာခဲ့တာပေါ့ဗျာ။

This  Article is Contributed by Thaw Zin
References
Digital Trends Facebook Newsroom
About Author
Assinged Tags
Facebook Messenger Facebook Messenger
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed