ကမ္ဘာမြေပေါ်ကသူတွေ ကြည့်ရှုခွင့်ရမှာမဟုတ်တဲ့ “Star Wars: The Last Jedi” Exclusive Show

date_range 15 December 2017

ကမ္ဘာမြေပေါ်ကသူတွေ ကြည့်ရှုခွင့်ရမှာမဟုတ်တဲ့ “Star Wars: The Last Jedi” Exclusive Show

visibility 1020 Views

                ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ Star Wars Hardcore Fan တွေတောင် တက်ခွင့်ရမှာ မဟုတ်တဲ့ “Star Wars: The Last Jedi “ Exclusive Show ပွဲတစ်ပွဲကို မကြာခင်အချိန်အတွင်းမှာ ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာဂြိုလ်ပေါ်ကသူတွေ ဘာလို့ တက်ခွင့်မရမှာလဲ ဆိုတော့ ဒီ Exclusive Show ပွဲကို အာကာသထဲမှာ ကျင်းပမှာမို့လို့ပါပဲ။ ကြယ်တာရာတွေကြားမှာ Star Wars ကြည့်ရမယ့် ခံစားမှုမျိုးကတော့ တကယ့်ကို အဖိုးမဖြတ်နိုင်စရာပါပဲ။

                နိုင်ငံတကာအာကာသဌာန အဖွဲ့သားတွေအနေနဲ့ အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ “ Star Wars: The Last Jedi” Movie ကို ISS (International Space Station) ပေါ်ကနေ ကြည့်ရှုနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို NASA ကနေပြီးတော့ သတင်းမီဒီယာတွေကို တရား၀င် အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

                NASA ရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ Officer Dan Huot ကလည်း အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်။

“အဖွဲ့သားတွေအနေနဲ့ ဒီဇာတ်ကားကို အာကာသထဲမှာ ကြည့်ရှုခွင့်ရမှာ အမှန်ပါပဲ။ ဘယ်အချိန် ကြည့်ရမယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးဗျ။ ပုံမှန်ဆိုရင်တော့ ရုပ်ရှင်ကုမ္ပဏီတွေက Digital Files နဲ့ ပို့ပေးလိုက်ကြတာပဲလေ။ ဒါကို Laptop ကနေ ကြည့်ရင်ကြည့် ဒါမှမဟုတ် အာကာသယာဉ်ပေါ်မှာရှိတဲ့ Projector ကနေ တစ်ဆင့် ကြည့်မယ် ဆိုရင်လည်း ကြည့်လို့ ရတယ်လေ။"

                NASA အနေနဲ့ “Star Wars: The Last Jedi” ကို အာကာသယာဉ်ပေါ်မှာ ကြည့်ရှုကြမယ့်နည်းလမ်းကိုလည်း ဖေါ်ပြသွားပါသေးတယ်။ အောက်ဖေါ်ပြပါပုံကတော့ ၂၀၁၆ ခုနှစ်က အာကာသ အဖွဲ့သားတွေအနေနဲ့ အရင်အဖွဲ့သားတွေ ကမ္ဘာမြေပေါ် ပြန်သွားကြတာကို Live ကြည့်နေကြပုံပဲ ဖြစ်ပါတယ်။


                ဒီပုံကတော့ ၂၀၁၆ ခုနှစ်က “The Martian” ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှနေကြပုံ ဖြစ်ပါတယ်။


This Article is Contributed by Phyo Kyaw Zwar
References
Cnet
About Author
Assinged Tags
Star Wars Science NASA International Space Station ISS Movies Star Wars: The Last Jedi Exclusive Show
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed