Developers တိုင်း iOS Apps အသစ်တွေကို App Store မှာ Pre-Order ပေးနိုင်ပြီ

date_range 14 December 2017

Developers တိုင်း iOS Apps အသစ်တွေကို App Store မှာ Pre-Order ပေးနိုင်ပြီ

visibility 340 Views

                အသစ်ထွက်လာမယ့် နာမည်ကြီး iOS App ဒါမှမဟုတ် Game တစ်ခုခုကို သုံးချင်ရက်နဲ့ မေ့သွားတာမျိုးမဖြစ်ရအောင် Apple ကနေပြီးတော့ App Store ကနေတစ်ဆင့် Pre-Order လုပ်လို့ရမယ့် Feature တစ်ခုကို မိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ တကယ်တမ်းတော့ အခု Pre-Order Feature ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲက App Store မှာ စတင်ရရှိခဲ့တာဖြစ်ပေမယ့် Developers အနည်းငယ်ပဲ ရရှိခဲ့တာ ဖြစ်ပြီး၊ အခုမှ Developers အားလုံးအတွက် ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ထွက်ခဲ့တဲ့ Super Mario Run ဂိမ်းဟာ Pre-Order Feature ကို ပထမဆုံးအသုံးပြုခဲ့တဲ့ iOS ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။


                iTunes ကနေတစ်ဆင့် Video နဲ့ Music တွေကို Pre-Order လုပ်နိုင်တဲ့ Feature ကို Apple က မိတ်ဆက်ထားတာ ကြာခဲ့ပြီ ဖြစ်ပေမယ့်၊ Developers တွေအတွက်ပိုပြီး အဆင်ပြေရန် ရည်ရွယ်ပြီး ယခုလို App Store Pre-Order Feature ကို ထပ်မံ မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။

                ဒီ Feature အသစ်ကို Apple ကနေပြီးတော့ Developer တွေကို တနင်္လာနေ့က အသေးစိတ် ရှင်းပြခဲ့ပါတယ်။ Pre-Order Feature ကို App Store ပေါ်မတင်ရသေးတဲ့ Apps အသစ်တွေအတွက်ပဲ အသုံးပြုလို့ရမယ်ဆိုတာကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ Developer တွေအနေနဲ့ Pre-Order ပေးမယ့် App ရဲ့ Release Date ကို အနည်းဆုံး ရှေ့ (၂) ရက်အထိပဲ ပေးလို့ရပြီး၊ အများဆုံး ရက် (၉၀) အထိ ပေးလို့ရပါတယ်။ Developer တွေအနေနဲ့ သူတို့ရဲ့ App ကို Pre-Order ပေးဖို့အတွက် လုပ်ဆောင်ရမယ့်အချက်များကို ဒီမှာ ၀င်ရောက် ကြည့်ရှုနိုင် ပါတယ်။

                Apple အနေနဲ့ Pre-Order လုပ်ထားတဲ့ App တွေအတွက် ကြိုတင်ပိုက်ဆံ လက်ခံထားမှာမဟုတ်ပါဘူး။ App ထွက်ရှိလာလို့ Download ဆွဲရန်အသင့်ဖြစ်တဲ့အချိန်ကျမှ Pre-Order မှာယူထားတဲ့ Customer ဆီကနေ ပိုက်ဆံဖြတ်မှာ ဖြစ်ပါတယ်။ User တွေ အနေနဲ့လည်း App မထွက်မချင်း Pre-Order မှာထားတာကို Cancel လုပ်ခွင့်ရှိနေမှာပဲ ဖြစ်ပါတယ်။

                တကယ်လို့ Pre-Order မှာပြီးတဲ့ အချိန်မှ Developer ကနေ App ရဲ့ စျေးကို မြှင့်လိုက်မယ်ဆိုရင်လည်း User အနေနဲ့ သူ Pre-Order မှာထားတုန်းက စျေးအတိုင်းပဲ ပေးချေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Developer က စျေးချ ပေးလိုက်မယ် ဆိုရင်တော့ ချပေးလိုက်တဲ့ စျေးအတိုင်းသာ ပေးရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက User ဘက်က မနစ်နာအောင်လို့ ပိုနည်းတဲ့စျေးကိုပဲ ပေးရမှာဖြစ်ပါတယ်။

                User တွေ အသုံးပြုရ ပိုလွယ်ကူစေရန်အတွက် Apple က “Pre-Orders” Section တစ်ခုကို iOS 11 မှာ Redesigned လုပ်ထားတဲ့ App Store ရဲ့ Games Tab ထဲမှာ ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ US မှာပဲ Pre-Orders Section ကို အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ UK App Store နဲ့ အခြား Global App Store တွေမှာတော့ Pre-Orders Section ပါလာဦးမှာ မဟုတ်သေးပါဘူး။

                Pre-Order Feature ကို Free and Paid Apps နှစ်မျိုးလုံးအတွက် အသုံးပြုလို့ရမှာ ဖြစ်ပြီး tvOS, macOS, iOS Devices အားလုံးမှာ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ Preorder Feature ကို iOS 11.2, tvOS 11.2 နဲ့ macOS 10.13.2 အသုံးပြုထားတဲ့ Devices တွေမှာ အသုံးပြုနိုင်မှာပါ။ တကယ်လို့ ကိုယ့် Device မှာရှိနေတဲ့ iOS Version က နိမ့်နေမယ်ဆိုရင်တော့၊ Pre-Order သုံးချင်ရင် Software Update လုပ်ပေးဖို့တော့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

                Apple အနေနဲ့ Pre-Order အတွက် Tracking Data အသစ်ကိုလည်း Sales and Trends report မှာ ထည့်ပေးထားတာ တွေ့ရပါတယ်။ Developers တွေအနေနဲ့ အခု Data တွေကနေတဆင့် ကိုယ့် App ရဲ့ Pre-Order အခြေအနေကို အကဲခတ်နေနိုင်ပြီး၊ အခြေအနေအလိုက် သင့်တော်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်မှာပါ။

This Article is Contributed by Phyo Kyaw Zwar
References
Cnet Gadgets NDTV
About Author
Assinged Tags
iOS macOS Apple Store iTunes App Store iOS App Related tvOS iOS 11 iOS Developer App Developers Apple Developers
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed