Messenger မှာ Games ကစားနေတာတွေကို Live လွှင့်နိုင်တော့မည်

date_range 13 December 2017

Messenger မှာ Games ကစားနေတာတွေကို Live လွှင့်နိုင်တော့မည်

visibility 160 Views

                လွန်ခဲ့တဲ့နှစ် နို၀င်ဘာလတုန်းက စတင်မိတ်ဆက်ခဲ့တဲ့ "Instant Games" လို့ခေါ်တဲ့ Messenger Gaming Platform ဟာဆိုရင် အခုအချိန်မှာ သက်တမ်းတစ်နှစ်ပြည့်လို့သွားခဲ့ပါပြီ။ ဒီနေ့မှာတော့ Facebook အနေနဲ့ Messenger Gaming Platform နဲ့ ပတ်သတ်တဲ့ Feature အသစ်တစ်ခုကို ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Messenger မှာ ဂိမ်းတွေကစားနေတာကို Facebook ပေါ်မှာ ဒီနေ့ကနေစပြီး Live လွှင့်နိုင်လာမှာပဲဖြစ်ပါတယ်။



                ဒါ့အပြင် သူငယ်ချင်းတွေနဲ့ဂိမ်းအတူကစားရင်း နဲ့လည်း Video Chat နိုင်မယ့် Feature အသစ်တစ်ခုကို နောင်နှစ်ထဲမှာ အသုံးပြုလာနိုင်တော့မှာဖြစ်ပြီး၊ မကြာခင် စတင်စမ်းသပ်တော့မယ်လို့ ဆိုပါတယ်။ ဒီ Feature ကိုတော့ ပထမဆုံးအနေနဲ့ Zynga’s Words Game မှာ သူငယ်ချင်းတွေနဲ့အတူ ကစားတဲ့အခါမှာ  အသုံးပြုနိုင်မှာဖြစ်ပြီး အခြား Games တွေမှာတော့ အသုံးပြုနိုင်ခြင်းရှိသေးမှာမဟုတ်ပါဘူး။


                Facebook အနေနဲ့ Messenger Instant Games Feature ကို မိတ်ဆက်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ Messenger အသုံးပြုသူတွေအနေနဲ့ Chatting အပြင် တခြားသုံးစရာတစ်ခုရှိလာစေရန်ပဲ ဖြစ်ပါတယ်။ ပြောရရင်တော့ Messenger ထဲ လူတွေ အချိန်ကြာကြာပိုနေအောင်လို့ပါ။ Instant Games Feature ကိုထည့်သွင်းခဲ့ရခြင်းရဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ Social Gaming လောကမှာ ပြန်ပြီး နေရာတစ်ခု ရလာစေရန်အတွက်လည်းဖြစ်ပါတယ်။ စမတ်ဖုန်းတွေ ခေတ်မစားခင်အချိန်တုန်းက Facebook Desktop Site မှာ အမာခံဂိမ်းပရိတ်သတ်တွေအများကြီးရှိပြီး၊ အဆိုပါဂိမ်းတွေထဲက In-Game Purchases တွေကို ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံရာကနေ နှစ်တစ်နှစ်ရဲ့ သုံးလပတ်တစ်ပတ်ကို ဝင်ငွေ ဒေါ်လာသန်း (၂၅၀) လောက် ဝင်ခဲ့ပါတယ်။ နောက်ပိုင်း စမတ်ဖုန်းတွေ ခေတ်စားလာပြီးနောက်မှာတော့ Facebook Games တွေကို Desktop Site ကနေ ဆော့သူမရှိတော့သလောက်ပါပဲ။

                Messenger အတွက် Instant Games တွေကို မိတ်ဆက်ပြီးနောက်၊ အခုတစ်နှစ်အကြာမှာတော့ Messenger အသုံးပြုသူတွေထဲမှာ ဂိမ်းကစားသူအရေအတွက် 1.3 Billion ကျော်ရှိလာပြီး Facebook Game Feature အတွက် တစ်ပတ်ကို နာရီပေါင်း ၃သိန်း ၆သောင်းကျော် အချိန်ပေးနေကြပြီပဲဖြစ်ပါတယ်။ Facebook အနေနဲ့ Instant Games Feature ကိုစတင်မိတ်ဆက်ခဲ့တဲ့အချိန်တုန်းက ဂိမ်းအရေအတွက် ၂၀ကျော်သာရှိခဲ့ပြီး ယခုအခါမှာတော့ Game Developers 100 ကျော်နဲ့အတူ ဂိမ်းပေါင်း 70 ကျော်အထိ မြင့်တက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ 


Messenger Instant Game ကစားတာတွေကိုဘယ်လို Live လွှင့်မလဲ?

                Messenger မှာ Instant Game ကစားနေတာတွေကို Live လွှင့်ချင်တယ်ဆိုရင်တော့ Game ရဲ့ ညာဘက်အပေါ်ထောင့်နားမှာရှိတဲ့ Camera Icon လေးကိုနှိပ်ပေးလိုက်ရုံပါပဲ။ Live လွှင့်တာရဲ့ထုံးစံအတိုင်း Short Description တစ်ခုကိုလည်း ရေးသားဖေါ်ပြနိုင်ပါသေးတယ်။ အဲ့ဒါတွေလုပ်ပြီးသွားရင်တော့ “Start Live Video” ဆိုတာလေးကိုနှိပ်ပြီး Live လွှင့်နိုင်မှာပဲ ဖြစ်ပါတယ်။


                Live လွှင့်တာပြီးသွားရင်တော့ အဲ့ Video လေးကို Live လွှင့်ခဲ့တဲ့ Page ဒါမှမဟုတ် Profile မှာ Upload တင်ပေးထားမှာပဲဖြစ်ပါတယ်။ တကယ်လို့ Live Video ကိုမိမိရဲ့ Profile မှာဒါမှမဟုတ် Page မှာ ပေါ်မနေစေချင်ဘူးဆိုရင်လည်း အချိန်မရွေး Delete လုပ်နိုင်မှာပဲဖြစ်ပါတယ်။

နောင်နှစ်ထဲမှာ ဂိမ်းအသစ်တွေကို ထပ်မံမိတ်ဆက်ပေးအုံးမယ့် Messenger

                Live Streaming Features အသစ်တွေနဲ့အတူ Facebook အနေနဲ့ အခြား Gaming Platform တွေမှာနာမည်ရပြီးဖြစ်နေတဲ့ဂိမ်းအသစ်တွေကို ၂၀၁၈ ခုနှစ်ထဲမှာ ထပ်မံမိတ်ဆက်သွားအုံးမှာပဲ ဖြစ်ပါတယ်။

                ၂၀၁၈ခုနှစ် အစောပိုင်းမှာ Facebook Messenger အတွက် ပထမဆုံးအနေနဲ့ အထူးပြုလုပ်ထားတဲ့ Angry Birds Game ကို မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းမှာဆိုရင် အရင်နှစ်တုန်းက ထွက်ရှိထားတဲ့ ဂိမ်းတွေရဲ့ Classic Gameplay Elements တွေပါ၀င်မှာဖြစ်သလို သူငယ်ချင်း အချင်းချင်း အမှတ်ပြိုင်နိုင်တဲ့ New Challenge Mode တွေလည်းပါ၀င်လာမှာဖြစ်ပါတယ်။

Angry Birds Game Trailer



၂၀၁၈ ခုနှစ်ထဲမှာ နောက်ထပ်ထွက်ရှိလာမယ့် ဂိမ်းတွေကတော့ 

SEGA ကုမ္ပဏီရဲ့ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Sonic Jump
Disney ရဲ့  Tsum Tsum
GungoHo Online Entertainment Inc. ရဲ့  Puzzle & Dragons တို့ပဲဖြစ်ပါတယ်။

This Article is Contributed by Phyo Kyaw Zwar
References
Tech Crunch Finder
About Author
Assinged Tags
Facebook Messenger Live Streaming Gaming Related Social Media Social Media App Instant Games Messenger Games Social Gaming Live Chat Video Chat Angry Birds Sega Sonic Tsum Tsum Puzzle & Dragons
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed