Poke Feature ကို အဆင့်မြှင့်တင်ပေးလိုက်တဲ့ Facebook

date_range 12 December 2017

Poke Feature ကို အဆင့်မြှင့်တင်ပေးလိုက်တဲ့ Facebook

visibility 1180 Views

                “Poke” Feature ဟာ Facebook ကို “The Facebook” ဆိုပြီးစတင်မိတ်ဆက်ခဲ့တဲ့ အချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့ ၁၀နှစ် ထဲက ပါ၀င်ခဲ့တဲ့ Feature တစ်ခုပဲ ဖြစ်ပါတယ်။ Facebook အနေနဲ့ နှစ်ပေါင်းများစွာပါ၀င်လာတဲ့ Poke Feature ကို Social Network ပေါ်မှာ အခြားသူတစ်ယောက်ရဲ့ Attention ကိုအလွယ်တကူ ရရှိနိုင်ရန်ကလွဲပြီး ပိုမိုထူးခြားတဲ့ Feature တစ်ခုအဖြ စ်ပြုပြင်ပြောင်းလဲပေးခဲ့ခြင်း မရှိသေးပါဘူး။ ယခုအခါမှာတော့ Facebook အနေနဲ့ Poke Feature ကို Upgrade ပြုလုပ်ပေးလိုက်ပါပြီ။

                Upgrade ပြုလုပ်ထားတဲ့ Poke Feature မှာဆိုရင် Poke Button ကို Other User’s Profile ရဲ့ Message Button ဘေး၊ Profile Name, Profile Photo ရဲ့အောက်နားလောက်မှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Poke ကို သာမန် Greeting Option တစ်ခုအနေနဲ့သာ မဟုတ်တော့ဘဲ Wink, Wave, High-Five, Hug စတဲ့ Options များကိုပါ ရွေးချယ်အသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်။


                Facebook အနေနဲ့ Poke ရဲ့ ဆိုလိုချက်ကို Facebook User များကြိုက်သလိုအဓိပ္ပါယ်ဖွင့်ဆိုနိုင်ရန်အတွက်ရည်ရွယ်ပြီး ယခုအချိန်ထိ အဓိပ္ပါယ်သတ်မှတ်ပေးခဲ့ခြင်းမရှိသေးပါဘူး။

“ကျွန်တော်တို့အနေနဲ့ Poke ကိုဖန်တီးဖြစ်ခဲ့တဲ့ရည်ရွယ်ချက်က အထူးပြု ရည်ရွယ်ချက်မရှိတဲ့ Feature တစ်ခုကို User တွေအသုံးပြုကျရင် ကောင်းမှာပဲဆိုပြီး ဖန်တီးဖြစ်ခဲ့တာပါ။ လူတွေက Poke ကို အဓိပ္ပါယ်အမျိုးမျိုး သတ်မှတ်ပြီးအသုံးပြုနေကျတာလေ။ အဲ့တော့ ခင်ဗျားတို့လည်း ကိုယ်ပိုင် အဓိပ္ပါယ်တစ်ခု သတ်မှတ်ပြီး အသုံးပြုကျပါလို့ တိုက်တွန်းလိုပါတယ်”

ဆိုပြီး Facebook မှ ပြောကြားသွားခဲ့ပါတယ်။

                လူတော်တော်များများဟာ Poke Feature ကို Online ကနေ အထာပေးဖို့အတွက်ပဲ အသုံးပြု နေကြပါတယ်။ တချို့ကကျတော့ Poke Feature ကို ဟာသတစ်ခုအနေနဲ့သာ အသုံးပြု နေကြပြီး သူငယ်ချင်း အချင်းချင်း အပျော်သဘော Poke တိုက်ပွဲဆင်နွှဲတဲ့ အနေနဲ့လည်း အသုံးပြု နေကြတာကို မြင်တွေ့နိုင်ပါတယ်။

                အခုအခါမှာတော့ Facebook အနေနဲ့ Poke Feature ကို အခွင့်အရေးတစ်ခု ထပ်ပေးလိုက်တဲ့အနေနဲ့ Upgrade ပြုလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။

                Poke Button အတွက်အသစ်ပေးလိုက်တဲ့နေရာကြောင့် အခြား User တစ်ယောက်ရဲ့ Profile ကို၀င်ကြည့်တဲ့အချိန်မှာဖြစ်ဖြစ် ဒါမှမဟုတ် Message ပို့ဖို့ Profile ကနေ၀င်မိတဲ့အချိန်မှာပဲဖြစ်ဖြစ် မတော်တဆ Poke Button ကိုနှိပ်မိနိုင်ခြေပိုများလာမှာပဲဖြစ်ပါတယ်။

                ဒါကြောင့်လည်း လူတော်တော်များများက Poke Button အသစ်ကို သုံးရတာ အဆင်မပြေကြောင်း Complain တက်လာကြပါတယ်။

                Poke Feature ဟာ Facebook စတင်မိတ်ဆက်ထဲကပါ၀င်ခဲ့တဲ့ Feature တစ်ခုဖြစ်ပေမယ့်လည်း တချို့သောသူတွေကတော့ အခု Poke Button Upgrade ပြုလုပ်ပေးတဲ့အချိန်ကျမှ Poke Feature ရှိလို့ရှိမှန်းသိခဲ့ကျတာပဲဖြစ်ပါတယ်။ အရင် Poke Feature ရှိကြောင်း သိထားသော သူများကလည်း Poke Feature အဟောင်းကို ဖျက်ဆီးလိုက်တာအချိန်တစ်ခုကြာမှ ယခုလို ပြန်လည် မိတ်ဆက်လိုက် ခြင်းဖြစ်တယ်လို့ ထင်နေကြတာကိုလည်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

                ဒါပေမယ့် Facebook အနေနဲ့ Poke Feauture ကိုတစ်ခါမှ ဖယ်ရှားပစ်ခဲ့ခြင်းမရှိသေးပါဘူး။ Navigation Panel ထဲမှာရောက်နေတာကြောင့်လူအများရဲ့စိတ်၀င်စားခြင်းကို မရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Facebook အနေနဲ့ Poke Button အသစ်ကို လူအများအလွယ်တကူ မြင်တွေ့နိုင်တဲ့ နေရာကို ပို့ပေးလိုက် တာပဲဖြစ်ပါတယ်။ 

                Facebook အနေနဲ့ Poke Feature အသစ်နဲ့ပတ်သတ်ပြီး ပြင်ဆင်လို့တော့မပြီးသေးပါဘူး။ Company အနေနဲ့ Greeting Series အသစ်တွေဖြစ်တဲ့ Hello, High-Fiving, Hugging, Winking စတဲ့ Option အသစ်တွေကို စမ်းသပ်နေဆဲပဲဖြစ်ပါတယ်။

                ယခုအချိန်မှာတော့ Poke Button အသစ်ကို Test Group မှာပါ၀င်တဲ့ User များသာ အသုံးပြုခွင့် ရမှာပဲဖြစ်ပါတယ်။ (ယခုနှစ်အစောပိုင်းတုန်းကလည်း Facebook အနေနဲ့  “Hello” button အသစ် အတွက် Test Group တစ်ခုဖွဲ့ပြီးစမ်းသပ်ခဲ့ဘူးပါတယ်။)

                    Poke Feature အသစ်နဲ့ ပတ်သတ်ပြီး အောက်ပါ Video မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။



                အခုလို Greetings Options အသစ်ကိုမိတ်ဆက်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ Facebook Users တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် သတိရနေကြောင်းပြဖို့အတွက် Wall Post ရေးတာတွေ Comment ပေးတာတွေ Message ပို့တာတွေလို အချိန်ကြာကြာယူနေစရာမလိုပဲ အလွယ်တကူ သတိရနေကြောင်းပြသနိုင်ရန်အတွက် ရည်ရွယ်ပြီး မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

                Facebook အနေနဲ့ Pokes နဲ့ Greetings Features အသစ်တွေကို မိတ်ဆက်တဲ့အခါမှာ ဂရုစိုက် ဖို့တော့လိုအပ်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရင်တုန်းထဲက Poke Feature နဲ့ ပတ်သတ်ပြီး အမျိုးသမီးအချို့က အထာပေးဖို့ သီးသန့်ထုတ်ထားတဲ့ Tool တစ်ခုလို ခံစားနေရတယ် ဆိုပြီး ပြောဆို မှုများရှိခဲ့လို့ပဲဖြစ်ပါတယ်။ တကယ်လို့ အခု Poke Button အသစ်သာ  Friend Only မဟုတ်ပဲ Public အနေနဲ့ အသုံးပြု နေခွင့်ရှိနေမယ်ဆိုရင် လူတစ်ဦးတစ်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ဖို့ အတွက်အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်လာမှာအသေအချာပါပဲ။

                ယခုအချိန်မှာတော့ Poke Feature အသစ်ကိုလူတိုင်းစမ်းသပ်အသုံးပြုနိုင်မှာမဟုတ်သေးပါဘူး။ Facebook အနေနဲ့ ဒီ Feature အသစ်ကို ဘယ်အချိန်မှာစတင်အသုံးပြုနိုင်မယ်ဆိုတာကို တရား၀င် ထုတ်ပြန်ကြေညာထားခြင်းတော့မရှိသေးပါဘူး။

This Article is Contributed by Phyo Kyaw Zwar
References
Tech Crunch
About Author
Assinged Tags
Facebook Social Media Social Media App Poke Poke Button
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed