ကိုယ့်အကြောင်းကို ပိုမိုဖော်ပြနိုင်မယ့် “Did You Know” Feature ကို မိတ်ဆက်လိုက်တဲ့ Facebook

date_range 08 December 2017

ကိုယ့်အကြောင်းကို ပိုမိုဖော်ပြနိုင်မယ့် “Did You Know” Feature ကို မိတ်ဆက်လိုက်တဲ့ Facebook

visibility 500 Views

                Facebook ဟာ မကြာသေးမီကဖြစ်တဲ့ အောက်တိုဘာလထဲမှာ ဆယ်ကျော်သက်တွေအကြား ရေပန်းစားနေတဲ့ နာမည်ကျော် Poll App တစ်ခုဖြစ်တဲ့ YAY - TBH ကို ဝယ်ယူခဲ့ပါတယ်။ အခုအချိန်မှာတော့ Facebook ဟာ သူ့ရဲ့ Social Media Platform ထဲကို ဒီ App ရဲ့ လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေကို ပေါင်းစပ်ထည့်သွင်းနိုင်ဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

                ယခုအပတ် အင်္ဂါနေ့က Facebook ဟာ “Did You Know” ဆိုတဲ့ Feature အသစ်တစ်ခုကို Profile တွေမှာ စတင်ထည့်သွင်းလိုက်ပါပြီ ဖြစ်ပါတယ်။ ဒီ Feature ဟာ သုံးစွဲသူတွေကို သူတို့ ဘာကြိုက်တယ်၊ ဘာလုပ်ချင်တယ် စတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မေးခွန်းပုံစံလေးတွေနဲ့ ဖြေပြီး မိမိ Profile မှာ ဖော်ပြထားနိုင်ပါတယ်။ ဒီလိုနည်းအားဖြင့် Facebook သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ အကြိုက်တွေကို Follower တွေ၊ Friends တွေကို လွယ်လွယ်ကူကူနဲ့ ပိုမိုဖော်ပြစေနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်အကြောင်းကို သူများတွေ များများသိစေချင်တဲ့ လူ့စရိုက်ကို Facebook က အသုံးချလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။ လူတစ်ယောက် ကြိုက်နှစ်သက်တဲ့အရာတွေ၊ အပြုအမူတွေကို Data ရထားခြင်းက Facebook အတွက်လည်း အသုံးဝင်မှာပါ။


                ဒီ Feature အသစ်ဟာ TBH ကို ဝယ်ယူလိုက်တာကနေ အခြေခံပြီး ထွက်ပေါ်လာတာ ဖြစ်ပေမယ့် TBH ရဲ့ Anonymous Poll နဲ့တော့ အဓိကကွာခြားချက် တစ်ချို့ရှိပါတယ်။ အကြောင်းကတော့ TBH မှာ Friend တစ်ယောက်က ကိုယ့်ကို အမည်မသိအနေနဲ့ မေးခွန်းတွေဖြေနိုင်ပေမယ့်၊ အခု Facebook မှာတော့ မေးခွန်းတွေကို ကိုယ့်ဘာသာပဲဖြေလို့ရမှာ ဖြစ်ပါတယ်။  

                မေးခွန်းတွေအနေနဲ့ကတော့ တစ်ခါတစ်ရံ အပျော်သဘော မေးခွန်းတွေ ဖြစ်ပြီးတော့ တစ်ခါတစ်ရံမှာတော့ အလေးအနက် ထားဖြေရမည့် မေးခွန်းတွေ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဥပမာ “သင်အလိုချင်ဆုံး စွမ်းအား” “သင်အကြာကြီး ထိုင်ပြီး ကစားနိုင်မည့့် ဗီဒီယိုဂိမ်း” “ထီပေါက်ပြီးရင် ပထမဆုံးလုပ်မှာက” စတာတွေ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့နှစ်သက်တဲ့ မေးခွန်းကို မတွေ့မချင်း “New Question” ဆိုတာကို နှိပ်ပြီး ရှာလို့ရမှာဖြစ်ပါတယ်။ အဖြေတွေကို ရေးတဲ့အခါမှာလည်း Status တွေလို Background အရောင်ပြောင်းတာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဖြေလိုက်တဲ့ Answers တွေကို ကိုယ့်ရဲ့ Timeline မှာသွားပေါ်မှာဖြစ်သလို၊ Newsfeed မှာ ပေါ်စေချင်ရင်လည်း Friends (သို့) Public နဲ့ တင်နိုင်ပါတယ်။ အခုဆို ခင်ဗျားအနေနဲ့လည်း ခင်ဗျားတို့ Facebook Newsfeed မှာ ဒီမေးခွန်းတွေ၊အဖြေတွေကို တွေ့မြင်ပြီးပြီလို့ ထင်ပါတယ်။ ကိုယ်တိုင်လည်း စမ်းသုံးကြည့်ပြီးလောက်ပြီပေါ့။ 

                Facebook အနေနဲ့ TBH ဝယ်ယူပြီးနောက်ပိုင်း သူ့ရဲ့ လုပ်ဆောင်ချက်တွေကို Facebook ထဲ ထည့်သွင်းတာမှာ ဒါက ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လကပဲ Facebook ရဲ့ Poll လုပ်ဆောင်ချက်ကို မွမ်းမံပြင်ဆင်ခဲ့ပါတာပါ။ အရင်က Poll တွေကို ဖန်တီးတဲ့အခါမှာ စာသားကိုသာ အသုံးပြုနိုင်ခဲ့ပေမယ့် TBH Poll App ကို အတုယူပြီး အခု Facebook မှာ Poll တွေကို GIF တွေ၊ ဓာတ်ပုံတွေနဲ့ပါ ဖန်တီးနိုင်လာပြီ ဖြစ်ပါတယ်။

This Article is Contributed by IT Man


References
Digital Trends
About Author
Assinged Tags
Facebook YAY-TBH Did You Know Poll
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed