ကလေးငယ်တွေအတွက် Messenger Version အသစ်တစ်မျိုးကို ထုတ်ပေးလိုက်တဲ့ Facebook

date_range 06 December 2017

ကလေးငယ်တွေအတွက် Messenger Version အသစ်တစ်မျိုးကို ထုတ်ပေးလိုက်တဲ့ Facebook

visibility 1600 Views

                ဒီဇင်ဘာလ ၄ ရက်နေ့က Facebook ဟာ အသက် ၆ နှစ်ကနေ ၁၂ နှစ်အထိ ကလေးငယ်တွေအတွက် Messenger Chat App Version အသစ်တစ်ခုကို ဖြန့်ချိခဲ့ပါတယ်။ Messenger Kids လို့ အမည်ပေးထားတဲ့ ဒီ App အသစ်ဟာ Facebook Account ရှိစရာမလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် Facebook Account ကနေပြီးတော့ မိမိတို့ကလေးရဲ့ Messenger Kids App ကို ဘယ်သူတွေနဲ့ပဲ ဆက်သွယ်နိုင်မယ် စသဖြင့် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Facebook ဟာ ဒီ App ကို iOS အတွက် Preview အနေနဲ့ အကန့်အသတ်နဲ့ စတင်စမ်းသပ်ဖြန့်ချိနေပြီ ဖြစ်ပါတယ်။ Android OS အတွက်တော့ လာမည့်လတွေမှာ စတင်ရရှိမယ်လို့ ဆိုထားပါတယ်။


                Facebook က ဒီ App ကို အခွင့်ရေးယူ အသုံးချဖို့ မဖြစ်အောင် စီစဉ်ထားပါတယ်လို့ ဆိုထားပါတယ်။

“ဒီ Messenger Kids App မှာ ကြော်ငြာတွေ မပါဝင်ပါဘူး။ သင့်ကလေးရဲ့ သတင်းအချက်အလက်တွေကို ကြော်ငြာတွေအတွက် အသုံးပြုမှာ မဟုတ်ပါဘူး။ ဒီ App ကို အခမဲ့ Download ပြုလုပ်နိုင်ပြီးတော့ App ထဲမှာလည်း ဝယ်ယူစရာ In-app Purchase တွေ မပါဝင်ပါဘူး"

                လို့ ကုမ္ပဏီရဲ့ Blog Post မှာ ရေးသားထားပါတယ်။ 

                Messenger Kids မှာ Video နဲ့ Text Chat လုပ်ဆောင်ချက်တွေ ပါဝင်မှာ ဖြစ်ပြီးတော့ ကလေးတွေအကြိုက် ပျော်စရာကောင်းတဲ့ Mask တွေ Filter တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Facebook က သူတို့မှာ ကလေးတွေအတွက် သီးသန့်ရွေးချယ်စုစည်းထားတဲ့ GIF တွေ၊ Frame တွေ၊ စတစ်ကာတွေ၊ Mask တွေ၊ Drawing Tool တွေ ရှိနေပြီး ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီဟာတွေကို အသုံးပြုပြီး ကလေးတွေဟာ သူတို့စိတ်ကြိုက် ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။


                အခုလို Messenger Kids ကို Facebook က မိတ်ဆက်ခဲ့တာဟာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အမေရိကန်မှာ ပြဌာန်းထားတဲ့ ဖက်ဒရယ်ဥပဒေတစ်ခုဖြစ်တဲ့ Children’s Online Privacy and Protection Act (COPPA) ကို ကျော်လွှားသွားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီဥပဒေဟာ အသက် ၁၃ နှစ်အောက် ကလေးတွေကို အွန်လိုင်းပေါ်မှာ သားကောင်အနေနဲ့ အသုံးချမခံရစေဖို့ ပြဌာန်းထားတဲ့ ဥပဒေတစ်ခု ဖြစ်ပါတယ်။ ဒီဥပဒေအရ အသက် ၁၃ နှစ်အောက်ကလေးတွေဟာ Facebook အပါအဝင် Online ဝန်ဆောင်မှုတော်တော်များကို အသုံးပြုခွင့် မရပါဘူး။ အခုအခါမှာတော့ Facebook ဟာ ဒီဥပဒေကို ကျော်လွှားပြီး အသက် ၁၃ နှစ်အောက် ကလေးတွေအနေနဲ့ သူ့ရဲ့ ထုတ်ကုန်တွေကို အသုံးပြုခွင့်ရစေဖို့ စတင်ကြိုးပမ်းအားထုတ်လာပြီ ဖြစ်ပါတယ်။


                ဒီ App ကို ရေးစွဲခဲ့တဲ့ Facebook ကုမ္ပဏီနဲ့ ဝန်ထမ်းတွေအနေနဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ရေးစွဲခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ Facebook အနေနဲ့ ကလေးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဆောင်ရွက်နေတယ်ဆိုတာလည်း ငြင်းလို့မရပါဘူး။ သို့ပေမယ့် ထောက်ပြစရာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ Facebook ဟာ ၎င်းရဲ့ ထုတ်ကုန်တွေကို သုံးစွဲသူအဖြစ် လူကြီးတွေကိုသာ ပစ်မှတ်ထားတာ မဟုတ်တော့ဘဲ ကလေးတွေကိုပါ ပစ်မှတ်ထားလာပြီ ဆိုတာပါပဲ။ ကလေးတွေအနေနဲ့ ဒီ App ကို သုံးပြီးရင် ကိုယ်ပိုင် Facebook Account တစ်ခု လိုချင်လာမယ်၊ အဲ့ဒီအခါမှာ Facebook က အခု Messenger Kids Account ကို Main App ထဲကို ပြောင်းရွှေ့ဖို့ လွယ်ကူအောင် လုပ်ပေးလာနိုင်ပါတယ်။

                ဘယ်လိုပဲ အကောင်းအဆိုး ဒွန်တွဲနေနေ Facebook ဟာ အခုအခါမှာ တစ်ခြား ဘယ် Social Network မှာမှ မရှိသေးတဲ့ Messenger Kids App ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။


This Article is Contributed by IT Man
References
The Verge Facebook Newsroom
About Author
Assinged Tags
Facebook Messenger Messaging App Social Media Messenger Kids COPPA
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed