Facebook Messenger မှာ 4K Resolution ရှိတဲ့ပုံတွေကို အလွယ်တကူပို့နိုင်လာတော့မည်

date_range 23 November 2017

Facebook Messenger မှာ 4K Resolution ရှိတဲ့ပုံတွေကို အလွယ်တကူပို့နိုင်လာတော့မည်

visibility 840 Views

                Facebook ရဲ့ Instant Messaging Platform တစ်ခုဖြစ်တဲ့ Messenger ဟာ မလိုအပ်တဲ့ Feature ပေါင်းများစွာနဲ့ Bloated ဖြစ်နေပေမယ့် လူအတော်များများအသုံးပြုတဲ့ Instant Messaging App တစ်ခုဆိုရင်တော့ မှားမယ်မထင်ပါဘူး။ လက်ရှိအချိန်မှာ လူသုံးအများဆုံးလို့လည်း ပြောလို့ရပြီး၊ တကယ်လို့ လူသုံးအများဆုံးမဟုတ်ဘူးဆိုရင်တောင်မှပဲ နေ့စဉ်အသုံးပြုသူပေါင်း ၂ ဘီလီယံကျော်ရှိတဲ့ Instant Messaging Platform တစ်ခုလည်းဖြစ်ပါတယ်။

                အရင်တုန်းကတော့ Facebook Messenger မှာ ဓာတ်ပုံတွေပို့တဲ့အခါ ပုံတွေရဲ့ Size ကို အလိုအလျောက်ချုံ့ပစ်လိုက်တာကြောင့် ပုံတွေဟာ Resolution မပြည့်တော့ဘဲ ပုံထဲမှာရှိတဲ့ Detail တွေဟာလည်း အသေအချာမပေါ်လွင်တော့ပါဘူး။ လက်ရှိအချိန်မှာတော့ Facebook ဟာ ဓာတ်ပုံတွေပို့တဲ့အခါမှာ အခုလို ချုံပစ်လိုက်တာကို အတတ်နိုင်ဆုံးလျှော့ချပေးပြီး၊ Resolution အပြည့်နဲ့ပုံတွေကို Messenger အသုံးပြုပြီးပို့နိုင်အောင် ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်။


                Facebook Messenger မှာ ဓာတ်ပုံတွေကို Maximum Resolution အနေနဲ့ 4096 x 4096 အထိ ပို့နိုင်/လက်ခံနိုင်တော့မှာဖြစ်ပါတယ်။ အရင်တုန်းကတော့ Facebook Messenger မှာ Max Resolution ကို 2K အထိပဲ ပို့နိုင်/လက်ခံနိုင်ခဲ့ပေမယ့် အခုလိုမျိုး 4K ထိသတ်မှတ်လိုက်တာအတွက်လည်း နှေးကွေးသွားမှာမျိုးမရှိဘဲ အရင်ကအတိုင်း ပုံတွေကိုမြန်မြန်ဆန်ဆန် ပို့/လက်ခံ လို့ရမှာဖြစ်ပါတယ်။

                အခုလိုမျိုး 4K Resolution ပုံတွေကိုပို့ချင်တယ်ဆိုရင်လည်း Messenger App ကို နောက်ဆုံး Version အထိ Update ပြုလုပ်ပြီး၊ မိမိမှာရှိတဲ့ဓာတ်ပုံတွေကို အလွယ်တကူပို့နိုင်တယ်လို့သိရှိရပါတယ်။ လက်ခံတဲ့သူဟာလည်း Messenger App ကို နောက်ဆုံး Version ထိ Update ပြုလုပ်ထားမယ်ဆိုရင် 4K Resolution ဓာတ်ပုံတွေကို အလွယ်တကူပဲလက်ခံရယူနိုင်မှာဖြစ်ပါတယ်။

                လက်ရှိအချိန်မှာတော့ ဒီလိုမျိုး 4K Resolution ပုံတွေကိုပို့နိုင်တဲ့ Feature ကိုအသုံးပြုသူတွေအားလုံးရရှိဦးမှာမဟုတ်သေးပါဘူး။ ဒီ Feature ကို US, Canada, France, Australia, UK, Singapore, Hong Kong, Japan နဲ့ South Korea စတဲ့ နိုင်ငံတွေမှာပဲ စတင်ရရှိဦးမှာဖြစ်ပြီး၊ အခြားနိုင်ငံတွေအတွက်ကတော့ လာမယ့် ရက်သတ္တပတ်အတွင်းမှာ တဖြည်းဖြည်းချင်းစီ ရရှိလာမယ်လို့ သိရှိထားရပါတယ်။

References
XDA Developers
About Author
Assinged Tags
Facebook Messenger Facebook Messenger Social Media 4K Resolution Instant Messaging
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed