Facebook က အသုံးပြုသူတွေရဲ့ ကိုယ်လုံးတီးပုံတွေတောင်းခံပြီး Porn တွေ Social Media Platform ပေါ်မှာ Sharing ပြုလုပ်ခြင်းကို တားမြစ်သွားမည်ဟုဆို

date_range 12 November 2017

Facebook က အသုံးပြုသူတွေရဲ့ ကိုယ်လုံးတီးပုံတွေတောင်းခံပြီး Porn တွေ Social Media Platform ပေါ်မှာ Sharing ပြုလုပ်ခြင်းကို တားမြစ်သွားမည်ဟုဆို

visibility 640 Views

                Facebook အနေနဲ့ သိပ်မကြာခင်မှာ သူတို့ရဲ့ Social Media Platform ပေါ်မှာ ကိုယ်လုံးတီးပုံတွေ၊ Porn တွေကို Sharing ပြုလုပ်တာအပေါ် အရေးယူဖို့အတွက် ပြင်ဆင်နေပါတယ်။ ဒီလိုပြင်ဆင်မှုအတွက် Facebook ဟာ သေချာလေ့ကျင့်ထားတဲ့ Community Operations Team တစ်ခုဟာ User တွေကနေ ပေးပို့လာတဲ့ ကိုယ်လုံးတီးပုံတွေကို Hash ပြုလုပ်ပြီး Social Media Platform ပေါ်မှာ Sharing လုံး၀ပြုလုပ်လို့မရအောင် တားဆီးဖို့ကြိုးစားတော့မှာဖြစ်ပါတယ်။

                Facebook ရဲ့ ကမ္ဘာတစ်၀န်းလုံခြုံမှုအတွက် ဦးစီးမှုးတစ်ယောက်ဖြစ်တဲ့ Antigone Davis အနေနဲ့လည်း

အရှင်းဆုံးပြောရမယ်ဆိုရင်တော့ အသုံးပြုသူတွေဟာ ကိုယ့်ရဲ့မိမွေးတိုင်းဖမွေးတိုင်းပုံတွေ (Nude တွေ)ကို မိမိသဘောတူညီချက်မရဘဲ Facebook ပေါ်မှာ Share ခံထားရတယ်ဆိုရင် Report ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ချက်ချင်းဖျက်ပစ်မှာဖြစ်ပြီး၊ Share ခံထားရတဲ့ ပုံကိုလည်း နောင်ဒါမျိုးလုပ်လို့မရအောင် Hash တစ်ခါတည်းပြုလုပ်သွားမှာဖြစ်ပါတယ်။

                လို့ဆိုပါတယ်။

                ဆက်လက်ပြီးတော့လည်း Davis ဟာ

အခု ကျွန်တော်တို့နည်းစနစ်အသစ်အတွက် အရေးပေါ်ပြင်ဆင်မှုတွေပြုလုပ်လိုတာကြောင့် အသုံးပြုသူတွေအနေနဲ့ Facebook ကို မိမိ Nude ပုံတွေ ပို့ပေးပြီး ကာကွယ်မှုတွေ ပူးပေါင်းပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်။ ဒီလိုဆို အစောကတည်းက Share ခံရတာမျိုးတွေမဖြစ်တော့ဘူးပေါ့။

                လို့ ပြောကြားထားခဲ့ပါတယ်။

                Davis အနေနဲ့လည်း ဒီ Programme အတွက် အသုံးပြုသူတွေဆီကနေ အတင်းအကျပ် Nude ပုံတွေတောင်းခံတာမျိုးမဟုတ်ဘဲ၊ အသုံးပြုသူဆန္ဒအလျောက်သာဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။

                Facebook အနေနဲ့ Australia နိုင်ငံမှာ အခု Programme ကို စတင်စမ်းသပ် အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ Facebook ဟာ အခုအစီအစဥ်အတွက် Australian eSafety Commissioner ရုံးချုပ်နဲ့အတူ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ Working Group တစ်ခုနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

                ဒီအစီအစဥ်ကြောင့် မိမိ Nude ပုံတွေကို Facebook, Messenger နဲ့ Instagram တွေမှာ Share ပြုလုပ်ခံရမှာ ကြောက်တဲ့ Australians သားတွေအနေနဲ့ eSafety Commisioner ကနေတစ်ဆင့် မိမိ Nude ပုံတွေကို Facebook ဆီပို့ပေးပြီး ကာကွယ်နိုင်မှာဖြစ်ပါတယ်။

                Australians တွေအနေနဲ့ ဒီအစီအစဥ်မှာပါဝင်လိုတယ်ဆိုရင် Online Form တစ်ခုဖြည့်သွင်းပေးပြီး eSafety Commisioner Website ဆီပို့ပေးရမှာဖြစ်ပါတယ်။ ပို့ပေးပြီးတာနဲ့ ပါဝင်လိုတဲ့သူဆီကနေ ပုံတွေကို Messenger ကနေ တောင်းခံသွားမှာပါ။

                Australian eSafety Commissioner Office ကနေ Facebook ထံသို့ Online Form တစ်ခုနဲ့အတူ ရရှိထားတဲ့ပုံတွေကို ဆက်လက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း eSafety Commissioner Office ဟာ ပုံတွေကို ကြည့်ရှုခွင့်တော့ ရမှာမဟုတ်ဘူးလို့ဆိုပါတယ်။

                Facebook အနေနဲ့ အကြောင်းကြားစာရရှိလာပြီဆိုရင် သေသေချာချာလေ့ကျင့်ထားတဲ့ Community Operations ကိုယ်စားလှယ် Team တစ်ခုကနေပြီးတော့ ပုံတွေကို Review လုပ်မှာဖြစ်ပြီး၊ လူတွေမဖတ်နိုင်တဲ့ Numerical Fingerprint တွေအဖြစ် ဖန်တီးပြီး Hash ပြုလုပ်သွားမှာဖြစ်ပါတယ်။  ပြီးတာနဲ့ Facebook ဟာ Photo Hash ကိုပဲသိမ်းထားမှာဖြစ်ပြီး၊ တကယ့် Nude ပုံကိုတော့ သိမ်းထားမှာမဟုတ်ပါဘူး။

တကယ်လို့သာ တစ်ယောက်ယောက်ကနေ သင့်ရဲ့ပုံကို ကျွန်တော်တို့ Social Media Platform ပေါ်မှာ Share ဖို့ကြိုးစားတာနဲ့ Facebook ရဲ့ Hash Database နဲ့တိုက်စစ်ပြီး တွေ့တယ်ဆိုရင် ဒီပုံကို ကျွန်တော်တို့ Social Media Platform ပေါ်မှာ Share ခွင့်လုံးဝပေးမှာမဟုတ်ပါဘူး။

                လို့ Davis က ပြောကြားထားပါတယ်။

                ဒါ့အပြင်

ကျွန်တော်တို့ ဒီပုံတွေကို Hash ပြုလုပ်ပြီးတာနဲ့ eSafety Commissioner Office ကို လုံခြုံစိတ်ချရတဲ့ E-mail ကနေတစ်ဆင့် အကြောင်းကြားသွားမှာဖြစ်ပြီး၊ ပုံပို့ပေးထားတဲ့ Messenger Thread ကို ဖျက်ပစ်ဖို့ကိုလည်း အကြောင်းပေးသွားမှာဖြစ်ပါတယ်။ ဒီ Messenger Thread ကိုဖျက်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့ Server မှာပါ ဒီပုံကိုဖျက်ပြီးသားဖြစ်သွားမှာပါ။

                လို့ Davis ကနေ မှတ်ချက်ပေးခဲ့ပါတယ်။

                ဘယ်လိုပဲဖြစ်ဖြစ် ဒီလို Porn တွေ၊ Nude တွေကို Social Media ပေါ်ကိုမရောက်ဖို့ အခုလိုကြိုတင်ပြင်ဆင်တာ ကောင်းတဲ့အပြုအမူဖြစ်ပေမယ့်လည်း၊ ကိုယ့်ရဲ့ Nude ပုံတွေကိုတော့ အရင်ဆုံး Facebook ကိုပို့ပေးရမယ်ဆိုတာကြီးကတော့ ကသိကအောက်နိုင်ပါတယ်။ တကယ်လို့သာ မိမိက Facebook ကိုယုံကြည်တယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့်၊ ကိုယ့်ရဲ့ Personal Nude ကိုအရင်ဆုံးပို့ပေးမှသာ သူတို့ကနေ တားဆီးပေးဖို့အခွင့်အလမ်းပိုများတယ်ဆိုတာကတော့ စာရေးသူအမြင်မှာ ဂွကျလွန်းလှပါတယ်။

References
Gadgets 360
About Author
Assinged Tags
Facebook Social Media Porn Nude Intimate Photos
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed