Third-Party App Developer တွေကို iPhone X က Face Mapping Data တွေ အသုံးပြုခွင့် ပေးသွားမည်

date_range 03 November 2017

Third-Party App Developer တွေကို iPhone X က Face Mapping Data တွေ အသုံးပြုခွင့် ပေးသွားမည်

visibility 3140 Views

                iPhone X မှာ ပါဝင်လာတဲ့ Face ID ကနေ ထုတ်ပေးနိုင်တဲ့ Data အမျိုးအစား နှစ်မျိုးရှိတယ်လို့ သိရပါတယ်။ Face ID ကနေ Visual Facial Mapping Data နဲ့ Mathematical Representation Data ဆိုပြီး နှစ်မျိုးနှစ်စား ထုတ်ပေးမှာပါ။

                ဒီ Data အမျိုးအစား နှစ်မျိုးထဲကမှ Mathematical Representation Data အမျိုးအစားကိုပဲ Face ID ကို အသုံးချပြီး iPhone X ကို Lock ဖြည်နိုင်ဖို့အတွက် အသုံးချတာလို့ Apple က ဆိုပါတယ်။ ဒီလိုမျိုး အရေးကြီးတဲ့ Mathematical Representation Data တွေကိုတော့ Encrypt လုပ်ပြီး ဖုန်းထဲမှာပဲ သိမ်းထားမှာလို့ သိရပါတယ်။

                ဖုန်းထဲမှာပဲ Encrypt လုပ်ပြီး သိမ်းထားမှာ ဖြစ်တာကြောင့် Apple က ဝန်ထမ်းတွေတောင် ဒီ Data ကို ယူလို့မရဘူးလို့လည်း Apple က ဆိုထားပါသေးတယ်။ နောက်ပြီး Third-Party App Developer တွေကို ထုတ်ပေးမယ့် Data အမျိုးအစားကလည်း Visual Facial Mapping Data တွေ ဖြစ်တယ်လို့ သိရပါတယ်။

                ဒါ့ကြောင့် "Developer တွေ အနေနဲ့ iPhone X အသုံးပြုသူတစ်ယောက်ရဲ့ မျက်နှာအမူအယာ အမျိုးအစားပေါင်း ၅၀ ထက်မနည်းတဲ့ Data တွေအပြင်၊ TrueDepth Camera က Data တွေကိုလည်း ရရှိဦးမယ်" လို့ Reuters က Report တစ်ခုမှာ ရေးသားထားပါတယ်။

                ဒါပေမယ့် ဒီလိုအရေးကြီး Data တွေကို မိမိ App ထဲမှာ ထည့်သွင်းသုံးစွဲချင်တဲ့ Developer တွေ အနေနဲ့ Apple က ချမှတ်ထားတဲ့ Developer Agreement ကိုတော့ တသွေမတိမ်း လိုက်နာရမှာ ဖြစ်ပါတယ်။ Developer Agreement ထဲမှာ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေထဲမှာတော့ “ရရှိလာတဲ့ Data တွေကို Advertising နဲ့ Marketing က လွဲပြီး Analytics Company တွေနဲ့ Data Broker တွေဆီကို ရောင်းချခွင့်မရှိ” လို့ ရေးသားထားပါတယ်။

                Visual Facial Mapping Data တွေကို အလွဲသုံးစား လုပ်ခဲ့မယ် ဆိုရင်တော့ App Store ကနေ Ban ခံရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Apple ဘက်က အခုလိုမျိုး Developer တွေကို Face ID Data တွေ အသုံးချခွင့် ပေးလိုက်တာက Third-Party App Developer တွေ အတွက်ကတော့ တော်တော်ကြီး ကောင်းသွားပါတယ်။ 

                ဟုတ်ပါပြီ။ iPhone X ကိုင်ဆောင်သူတွေ အတွက်ရော ကောင်းလာမှာလား? ဒီအချက်က စဉ်းစားစရာပါ။ အသုံးပြုသူတွေ အတွက် အနည်းဆုံးတော့ Location Servies တွေကို ပိတ်ထားလို့ ရနိုင်မယ့် Permission လိုပုံစံမျိုးလေး တစ်ခုကတော့ ထားပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ကိုယ်ကြိုက်သလို Permission ပေးနိုင်မှလည်း အသုံးပြုတွေအတွက် အဆင်ပြေမှာပါ။ ဒါပေမယ့် Apple ဘက်ကတော့ Permission ပိုင်းနဲ့ ပက်သက်ပြီး ဘာမှတိတိကျကျ မပြောထားသေးပါဘူး။

                ACLU (American Civil Liberties Union) အဖွဲ့အစည်းက Senior Policy Analyst တစ်ယောက်ဖြစ်တဲ့ Jay Stanley ကတော့

                “အခုလို လုပ်လိုက်ခြင်းအားဖြင့် မမျှော်လင့်ထားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ကျနော်ထင်တယ်ဗျ။ စည်းကမ်းချိုးဖောက်တဲ့ Developer တွေနဲ့ ပက်သက်ပြီး Apple ဘက်ကလည်း သမိုင်းကြောင်းတော့ သိပ်မရှင်းဘူးဗျ။ ကျနော်တို့ အနေနဲ့ အဲ့ဒီလို Developer တွေကို ဖမ်းဆီးနိုင်ဖို့ကလည်း လက်ဦးမှု ရယူနိုင်မှ ဖြစ်မှာပါ။ ကျနော်ကတော့ ကောင်းလာဖို့ ဆိုတာထက် ဆိုးတာတွေကိုပဲ ကြိုမြင်မိတယ်”

လို့ Reuters ကို ပြောကြားခဲ့ပါတယ်။

References
The Verge Reuters
About Author
Assinged Tags
iPhone Facial Recognition Technology Security Mobile Security iOS Developer App Developers Apple iPhone X FaceID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed