ဆန်ဖရန်စစ်စကို Apple Store မှာ iPhone X အလုံးရေ ၃၁၃ လုံး အခိုးခံရမှု ဖြစ်ပွား

date_range 03 November 2017

ဆန်ဖရန်စစ်စကို Apple Store မှာ iPhone X အလုံးရေ ၃၁၃ လုံး အခိုးခံရမှု ဖြစ်ပွား

visibility 26760 Views

                ခေါင်းစွပ် စွပ်ထားတဲ့ မသမာသူ သုံးယောက်က ဆန်ဖရန်စစ်စကို Apple Store ရှေ့မှာတင် iPhone X အလုံးရေ ၃၁၃ လုံး ခိုးသွားကြတယ်လို့ CNET, 9to5Mac, CNBC စတဲ့ သတင်းဌာနတွေကနေ သတင်းရရှိထားပါတယ်။

                ဖြစ်ပုံကလည်း အဆန်းကြီးပါ။ Report တွေအရ ဆန်ဖရန်စစ်စကို Apple Store ရှေ့မှာ ခေါင်းစွပ် စွပ်ထားတဲ့ မသမာသူ သုံးယောက်က အဖြူရောင် Dodge Van ကားထဲကနေ စောင့်နေကြတယ်လို့ သိရပါတယ်။ သူတို့စောင့်နေတာကတော့ ဆန်ဖရန်စစ်စကို Apple Store အတွက် iPhone X အလုံး ၃၁၃ လုံး တင်ဆောင်လာတဲ့ UPS Truck ကားလေးကိုပါ။

                Truck ကားလေး ဆန်ဖရန်စစ်စကို Apple Store ရှေ့မှာ စက်ရပ်လိုက်ပြီ ဆိုရင်ပဲ အစောနက စောင့်နေတဲ့ လူသုံးယောက် ထွက်လာပြီး Truck ကားလိုက်ကြီး မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Truck ကား ဒရိုက်ဘာကတော့ ဖုန်းတွေထည့်ထားတဲ့ ကားနောက်ခန်းကို အသေအချာ သော့ခတ်ထားခဲ့တယ်လို့ သက်သေထွက်ဆို ထားပါတယ်။

                ဒါပေမယ့် အခုအဖြစ်အပျက် အကုန်လုံးကို မြင်လိုက်ရတာက Truck ကား ဒရိုက်ဘာတော့ မဟုတ်ပါဘူး။ ဆန်ဖရန်စစ်စကို Apple Store မှာ တာဝန်ထမ်းဆောင်နေတဲ့ သန့်ရှင်းရေး ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်ပြီး ခိုးတဲ့သူတွေကိုလည်း ဓာတ်ပုံရိုက်လိုက်နိုင်တယ်လို့ သိရပါတယ်။

                ဆန်ဖရန်စစ်စကို ရဲဌာနက တာဝန်ရှိသူတွေကတော့

                “iPhone X အလုံးရေ ၃၁၃ လုံး အခိုးခံလိုက်ရပါတယ်။ အခိုးခံလိုက်ရတဲ့ တန်ဖိုးစုစုပေါင်းကတော့ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၃၇၀,၀၀၀ ကျော်လောက် ရှိမှာပါ။ ပြစ်မှု ကျူးလွန်တဲ့သူတွေကိုတော့ မဖမ်းမိသေးပါဘူး။ ဒါပေမယ့် Truck ကားပေါ်မှာ တင်ဆောင်လာတဲ့ iPhone X အလုံးတိုင်းရဲ့ Catalogue နံပါတ်တွေ၊ Serial နံပါတ်တွေကို ဆန်ဖရန်စစ်စကို ရဲဌာနက တိတိကျကျ ရရှိထားပါပြီ။ ဒါ့ကြောင့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိဖို့ တော်တော်လေး လွယ်ကူမှာပါ”

လို့ ပြောကြားခဲ့ပါတယ်။

                ဆန်ဖရန်စစ်စကိုက Apple ပရိတ်သတ်တွေ အနေနဲ့ Pre-Order မှာ ထားတယ်ဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် Walk-In Customer တွေ အတွက်ကတော့ ရက်အနည်းငယ်လောက် စောင့်ဆိုင်းရဖွယ် ရှိတယ်လို့ သိရပါတယ်။

References
9to5Mac
About Author
Assinged Tags
iPhone Apple Store Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed