“Social Media တွေကြောင့် လူအချင်းချင်း သွေးကွဲကြတာ” လို့ ပြောကြားခဲ့တဲ့ Apple CEO Tim Cook

date_range 02 November 2017

“Social Media တွေကြောင့် လူအချင်းချင်း သွေးကွဲကြတာ” လို့ ပြောကြားခဲ့တဲ့ Apple CEO Tim Cook

visibility 800 Views

                အခုရက်ပိုင်းအတွင်းမှာ Twitter, Facebook နဲ့ Google တို့လို ကမ္ဘာ့နေရာ အနှံ့အပြားမှာ Online Advertising Platform ရှိတဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ ၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတစ်ချို့နဲ့ ပက်သက်ပြီး Captial Hill ရုံးတော်မှာ သက်သေထွက်ဆိုနေ ကြရပါတယ်။

                ၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ Facebook, Twitter နဲ့ Google တို့ရဲ့ Online Advertising Platform နဲ့ Social Media Platform တို့ကို အမေရိကန်နိုင်ငံသားတွေကို သွေးခွဲဖို့အတွက် ရုရှားနိုင်ငံက အသုံးချခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ 

                ဒီလိုမျိုး ဝါဒဖြန့်ချီရေး ကြော်ငြာတွေနဲ့ သတင်းအချက်တွေကို ရုရှားဘက်က Social Media တွေပေါ်က Online Advertising Platform တွေကို အသုံးချပြီး ဖြန့်ဝေနေခဲ့တယ်ဆိုတာကို Facebook, Twitter, Google တို့ဘက်က အဲ့ဒီ့အချိန်တုန်းက ဘယ်လိုမျိုး တာဝန်ယူစောင့်ကြည့်ခဲ့လည်း ဆိုတာကို သက်သေထွက်ဆိုကြရမှာ ဖြစ်ပါတယ်။

                ဆိုတော့ NBC ညပိုင်းသတင်း အစီအစဉ်မှာ Apple CEO Tim Cook ကို အခုဖြစ်နေတဲ့ ကိစ္စတွေကို အဓိကထားပြီး Lester Holt က Interview လုပ်ခဲ့ပါတယ်။ iPhone X ထွက်ရှိလာဖို့ ရက်ပိုင်းပဲ လိုတော့တယ် ဆိုပေမယ့် Social Media နဲ့ Online Advertising Platform တို့ရဲ့ အကြောင်းကိုပဲ အဓိကထားပြီး Interview ထဲမှာ ဆွေးနွေးသွားကြပါတယ်။ Interveiw ထဲမှာတော့ Tim Cook က

                “အခုဖြစ်နေတဲ့ ကိစ္စမှာ အဓိက ပြဿနာက Online မှာ ဝါဒဖြန့်ချီချင်တဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ ဝါဒဖြန့်ချီရေးသမားတွေကြောင့် လို့တော့ ကျနော်မထင်ဘူးဗျ။ အဲ့လိုအဖွဲ့အစည်းတွေ၊ လူတွေက အခုဖြစ်နေတဲ့ ကိစ္စမှာ ၀.၁% လောက်ပဲ အရေးပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

                သူ့တို့ ဝါဒဖြန့်ချင်တဲ့ ကြော်ငြာတွေ၊ သတင်းတွေ၊ ဆောင်းပါးတွေကို ဖြန့်ချီလို့ရနိုင်တဲ့ Social Media တွေ၊ Online Advertising Platform တွေကသာ အခုဖြစ်နေတဲ့ ကိစ္စမှာ အရေးပါ၊ ပါတယ်။”

လို့ ပြောကြားခဲ့ပါတယ်။

                ဆက်လက်ပြီး

                “Social Media တွေ Online Advertising Agency တွေအနေနဲ့ အခုလိုဖြစ်လာတဲ့ ကိစ္စမျိုးကနေ တော်တော်လေး ပညာရသွားကြမယ်လို့ ကျနော် ထင်ပါတယ်။ တစ်ဘက်မှာလည်း Media ကုမ္ပဏီတိုင်း၊ နည်းပညာကုမ္ပဏီတိုင်း၊ Online Advertising Agency တွေတိုင်းမှာ မတူညီတဲ့ တန်ဖိုး၊ မတူညီတဲ့ စည်းကမ်း၊ မတူညီတဲ့ Business Model တွေ ကိုယ်စီ၊ ကိုယ်ငှ ရှိကြပါတယ်။”

လို့ ပြောကြားခဲ့ပါသေးတယ်။

                iPhone X မှာ ပါဝင်လာတဲ့ Face ID ရဲ့ Privacy ချိုးဖောက်မှု မရှိဘူး ဆိုတာကိုလည်း

                “ကျနော်တို့က အသုံးပြုသူတွေရဲ့ Privacy ကို အလေးထားပါတယ်။ Apple Product အသုံးပြုသူတွေ iMessage ထဲမှာ ဘာတွေပြောထားလည်း ကျနော်တို့ မသိပါဘူး။ FaceTime အတွက် Data တွေကို end-to-end Encrypt လုပ်ထားပါတယ်။ Face ID လည်း ထိုနည်းတူပါပဲ။ အသုံးပြုသူမျက်နှာနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း iPhone X ထဲမှာပဲ သိုလှောင်ထားမှာပါ”

လို့ ဖြေကြားခဲ့ပါတယ်။

                Tim Cook အနေနဲ့ ဝါဒဖြန့်ချီရေး သတင်းတွေနဲ့ ပက်သက်ပြီး ထုတ်ဖော်ပြောကြားတာဟာ ဒီတစ်ခေါက်ပါ ထည့်တွက်မယ်ဆိုရင် နှစ်ကြိမ်တိတိရှိပြီ ဖြစ်ပါတယ်။ ဒီတစ်ခေါက် Tim Cook ပြောတာကိုတော့ လက်ခံလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ ဝါဒဖြန့်ချီရေးသမားတွေဆိုတာ နိုင်ငံတိုင်းမှာ ရှိသလို၊ ဒီလိုလူမျိုးတွေ ဝါဒဖြန့်ဖို့ သုံးနေကြတာကလည်း Social Media တွေနဲ့ Online Advertising Platform တွေ ဖြစ်နေလို့ပါပဲ။

                လူတိုင်းဖုန်းကိုင်နိုင်၊ လူတိုင်းမှာ Facebook Account အနည်းဆုံး တစ်ကောင့်လောက်တော့ ရှိနေတဲ့ ခေတ်ကြီးထဲမှာ Tim Cook ပြောသလို “Social Media တွေကြောင့် လူအချင်းချင်း သွေးကွဲကြတာ” ဆိုတဲ့ အချက်က အမှန်ပဲလို့ ဆိုနိုင်ပါတယ်။

References
The Verge 9to5Mac
About Author
Assinged Tags
Google Facebook Tim Cook Twiitter Social Media Advertisement Google Plus Social Media App Advertising Online Advertising
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed