iPhone X မှာပဲ Default ပါဝင်လာမယ့် “Reflection” ဆိုတဲ့ iPhone Ringtone အသစ်

date_range 02 November 2017

iPhone X မှာပဲ Default ပါဝင်လာမယ့် “Reflection” ဆိုတဲ့ iPhone Ringtone အသစ်

visibility 17300 Views

                iOS 7 ကတည်းက အခု iOS 11 အထိ iPhone တိုင်းမှာ Default ပါဝင်လာတဲ့ Ringtone က “Opening” ပါ။ ဒါပေမယ့်လည်း Apple အနေနဲ့ iPhone X အတွက် သီးသန့် Ringtone အသစ်ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

                Ringtone နာမည်က “Reflection” ပါတဲ့။ ဘာကို အလင်းပြန်မလဲတော့ မသိပါဘူး (ဟီးဟီး)။ ဒါပေမယ့် ဒီ Ringtone က iPhone X မှာ Default အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ အခု Ringtone အသစ်ကို မကြိုက်ဘူး၊ အရင် “Opening” ကိုပဲ သုံးချင်တယ် ဆိုရင်လည်း Settings -> Sounds -> Ringtone မှာ သွားပြောင်းလို့ ရမှာပါ။

                ပထမဆုံး iPhone အတွက် Default Ringtone လေး “Marimba” ကိုလည်း ထည့်သွင်းထားပေးဦးမှာပါ။ ဒါပေမယ့် အခုလိုမျိုး iPhone Model သစ်အတွက် သီးသန့် Ringtone လုပ်ပေးတာကတော့ ဒီတစ်ခေါက်က ပထမဆုံးအကြိမ်လို့ ဆိုလို့ရမှာပါ။

                iCloud ကနေ Backup ပြန်လုပ်မယ်ဆိုရင်တော့ မိမိထားခဲ့တဲ့ Ringtone ကိုပဲ သုံးပေးမှာပါ။ ထွက်ရှိလာတဲ့ Ringtone အသစ်ကိုလည်း နိုင်ငံခြားက နည်းပညာမီဒီယာတွေက Firmware ထဲကနေ Sound File ကို ထုတ်ယူပြီး iPhone X မထွက်လာခင် နားထောင်လို့ရအောင် တင်ထားကြပါတယ်။

                အပြောင်းအလဲ အကြီးစားတော့ မဟုတ်ပေမယ့် iPhone X ထွက်လာတဲ့ နေ့ကစပြီး iPhone X ကိုင်ထားမှန်း သိသာအောင် ဒီ Ringtone သံကိုပဲ Default ထားထားကြမယ်လို့ မြင်ယောင်ပါသေးတယ် (ဟီးဟီး)။ နားထောင်ကြည့်ချင်တယ် ဆိုရင်တော့ SoundCloud မှာ သွားနားထောင်ကြည့်လို့ ရပါတယ်။

References
9to5Mac
About Author
Assinged Tags
iPhone Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed