မိမိ Apple ID ကို Third-Party Email လိပ်စာကနေ @iCloud.com သို့ ပြောင်းလဲနိုင်ပြီ

date_range 01 November 2017

မိမိ Apple ID ကို Third-Party Email လိပ်စာကနေ @iCloud.com သို့ ပြောင်းလဲနိုင်ပြီ

visibility 1220 Views

                အရင်တုန်းကတော့ Apple ID ကို Third Party တွေဖြစ်တဲ့ Gmail နဲ့ဖြစ်ဖြစ်၊ Yahoo Mail နဲ့ဖြစ်ဖြစ် ဖွင့်ထားခဲ့တယ်ဆိုရင် Apple Domain ဖြစ်တဲ့ @iCloud.com ကို ပြောင်းလို့မရပါဘူး။ ဒီနေ့မှာတော့ Apple က Apple ID ကို Thrid-Party Email လိပ်စာကနေ Apple Domain သို့ ပြောင်းလဲနိုင်ပြီလို့ Update လုပ်ထားတဲ့ Apple Support Document ထဲမှာ ရေးသားထားပါတယ်။

                Apple Domain တွေဖြစ်တဲ့ @iCloud.com, @me.com, @mac.com စတာတွေကို စိတ်ကြိုက်ပြောင်းလဲလို့ ရမယ်လို့ သိရပါတယ်။ Support Document ထဲမှာတော့ ပြောင်းလဲချင်တယ်ဆိုရင် Apple ID အသုံးပြုတဲ့ Apple Device တွေ၊ Service တွေမှန်သမျှကနေ Apple ID ကို Sign-Out အရင်ဆုံး လုပ်ပေးရမှာပါလို့ ရေးထားပါတယ်။ Sign-Out လုပ်ပြီးပြီ ဆိုရင်တော့ 

iPhone, iPad and iPod Touch တွေမှာဆိုရင်

  1. Settings ထဲကိုသွားပါ
  2. ထိပ်ဆုံးမှာ မိမိဝင်ထားတဲ့ Apple ID ရှိပါတယ်။ အဲ့ဒါကို နှိပ်ပါ။
  3. ရောက်ပြီဆိုရင် အပေါ်ဆုံးမှာ “Name, Phone Numbers, Email” ဆိုတာ ရှိပါတယ်။ အဲ့ထဲကို ဝင်ပါ။
  4. မိမိနာမည်ရဲ့အောက် “RECHABLE AT” ဆိုတဲ့ ခေါင်းစဉ်ရဲ့ဘေးမှာ “Edit” ဆိုတာလေး ရှိပါတယ်။ နှိပ်ပါ။
  5. အဲ့ဒီ့မှာ မိမိ လက်ရှိ Sign-In ဝင်ထားတဲ့ Apple ID ကို “Minus” Sign လေးနဲ့ အနီရောင် ခလုတ်လေးကို နှိပ်ပြီး Delete လုပ်လိုက်ပါ။
  6. “Continue” ကို နှိပ်ပါ။ 
  7. နောက်ပြီး ကိုယ်သုံးချင်တဲ့ Domain နဲ့ Apple ID ကို ရိုက်ထည့်ပါ။
  8. “Next” ကို နှိပ်ပါ။

appleid.apple.com/ မှာဆိုရင်

  1. လက်ရှိ Apple ID ကို Sign-In အရင်ဝင်ပါ။
  2. “Account” Section မှာ “RECHABLE AT” ဆိုတဲ့ ခေါင်းစဉ်ရဲ့ဘေးမှာ “Edit” ဆိုတာလေး ရှိပါတယ်။ နှိပ်ပါ။
  3. မိမိ Apple ID ရဲ့အောက်မှာ “Change Apple ID…” ဆိုတာလေး ရှိပါတယ်။ နှိပ်လိုက်ပါ။
  4. တက်လာတဲ့ Box ထဲမှာ ကိုယ်ကြိုက်တဲ့ Domain နဲ့ Apple ID ကို ရိုက်ထည့်ပါ။
  5. “Continue” ကို နှိပ်ပါ။

                အထက်ပါအဆင့်တွေ လုပ်ပြီးပြီဆိုရင်တော့ Domain ပြောင်းထားတဲ့ Apple ID ကို ရရှိမှာပါ။ ဒါဆိုရင် Sign-Out လုပ်ထားတဲ့ Apple Device တွေ၊ Service တွေမှာ ပြောင်းထားတဲ့ Apple ID နဲ့ Sign-In ပြန်ဝင်နိုင်ပြီ ဖြစ်ပါတယ်။

References
9to5Mac
About Author
Assinged Tags
iOS macOS Apple ID Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed