ရွေးချယ်ထားတဲ့နိုင်ငံ သုံးနိုင်ငံမှာ iPhone X သီးသန့် Reserve & Pickup System ကို နိုဝင်ဘာ ၄ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမယ့် Apple

date_range 01 November 2017

ရွေးချယ်ထားတဲ့နိုင်ငံ သုံးနိုင်ငံမှာ iPhone X သီးသန့် Reserve & Pickup System ကို နိုဝင်ဘာ ၄ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမယ့် Apple

visibility 920 Views

                ဒီလ သုံးရက်နေ့က စပြီးတော့ iPhone X ကို Apple ပရိတ်သတ်တွေ လက်ထဲမှာ စတင်မြင်ရတော့မှာ ဖြစ်ပါတယ်။ Apple ကတော့ Walk-In Customer တွေလည်း ဒီလ သုံးရက်နေ့ကစပြီး iPhone X ကို Apple Retail Store တွေမှာ ဝယ်ယူရရှိနိုင်မယ်လို့ ဆိုပါတယ်။

                ဒါပေမယ့် နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ Australia, Belgium, UK စတဲ့ နိုင်ငံ သုံးနိုင်ငံမှာ Reserve & Pickup System ကို မနက် ၆ နာရီ တိတိမှာ ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။ Reserve & Pickup System ဆိုတာကတော့ Apple ပရိတ်သတ်တွေ အနေနဲ့ Apple Retail Store မှာ iPhone X ကို သွားရောက် မထုတ်ယူမီ မိနစ်သုံးဆယ်အလိုလောက်ကျရင် Apple Website မှာ iPhone X ကို Order မှာ ယူထားနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

                Pickup လုပ်မယ်ဆိုရင်လည်း အချိန်အကန့်အသတ် ရှိတာမို့လို့ Apple Retail Store ကိုတော့ မြန်မြန်သွားမှ ရပါလိမ့်မယ့်။ အချိန်လွန်သွားပြီဆိုရင်တော့ Order ကို ပါယ်ဖျက်လိုက်မှာ ဖြစ်ပါတယ်။ MacRumors ကို Apple က ပြောပုံအရတော့ အခုစနစ်သစ်ကို US မှာ လုပ်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။

                iPhone 7 တုန်းကတော့ ဖုန်းထွက်ပြီး နောက်တစ်ရက်ဆိုတာနဲ့ Reserve & Pickup System ကို ချက်ခြင်းဆိုသလို မိတ်ဆက်ပေးခဲ့ပေမယ့် ဒီနှစ်ကတော့ အနည်းငယ် နောက်ကျမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။ Apple ကတော့ Reserve & Pickup System ရရှိမယ့် နိုင်ငံသုံးနိုင်ငံက Apple ပရိတ်သတ်တွေကို Order ကို စောစောလုပ်ထားကြဖို့နဲ့ Order လုပ်ပြီးရင်လည်း စောစောလာယူကြဖို့ Warning ပေးခဲ့တယ်လို့ သိရပါတယ်။

References
9to5Mac
About Author
Assinged Tags
iPhone Apple iPhone X Pre-Order
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed