iPhone X မထွက်ခင် Hands-On Video ရိုက်ကူးပြီး YouTube မှာတင်ခဲ့တဲ့ သမီးကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ iPhone X Engineer

date_range 30 October 2017

iPhone X မထွက်ခင် Hands-On Video ရိုက်ကူးပြီး YouTube မှာတင်ခဲ့တဲ့ သမီးကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ iPhone X Engineer

visibility 4500 Views

                Brooke Amelia Peterson ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အပျော်တမ်း YouTuber တစ်ယောက်ဖြစ်ပြီး iPhone X Engineer တစ်ယောက်ရဲ့ သမီးလည်း ဖြစ်ပါတယ်။ ဖခင်ကိုယ်တိုင်က iPhone X Engineer တစ်ယောက်ဖြစ်တဲ့အတွက် iPhone X ကို သူများထက်အရင် အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။

                YouTuber တွေ ထုံးစံအတိုင်း View ကတော့ သူများထက် လိုချင်ကြတာပဲပေါ့။ iPhone X ကလည်း တရားဝင် Pre-Order လက်မခံသေးတဲ့အချိန်၊ ဖခင်ဆီမှာလည်း iPhone X ရှိတယ်ဆိုတော့ Brooke ဟာ သူ့အဖေဆီက iPhone X ကို တောင်း၊ Hands-On Video လေးတစ်ခု ရိုက်ကူးပြီး YouTube မှာ တင်ထားခဲ့ပါတယ်။


                နည်းပညာကုမ္ပဏီကြီးတွေ အကုန်လုံး အလုပ်ခွင်မှာ စည်းကမ်းအရမ်းတင်းကျပ် ကြပါတယ်။ Apple အနေနဲ့ Apple Park ထဲမှာ ဗီဒီယိုရိုက်ခွင့် လုံးဝ ပိတ်ပင်ထားပါတယ်။ ဖြစ်ချင်တော့ Brooke က သူ့အဖေနဲ့အတူ Apple Park ထဲကို အလည်သွားရင်းနဲ့ Apple Park ထဲမှာရှိတဲ့ “Cafe Macs” ဆိုတဲ့ ကော်ဖီဆိုင်ထဲမှာ iPhone X Hands-On ဗီဒီယိုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

                အဲ့မှာတင် Apple က ဝန်ထမ်းတွေ၊ လည်ပါတ်သူတွေအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုကို ပထမအကြိမ် ချိုးဖောက်လိုက်ပြီ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မိမိဖခင်က iPhone X Engineer တစ်ယောက်ဖြစ်တာကြောင့် ဖုန်းထဲမှာ အရေးကြီးအချက်အလက်တွေ ပါတယ်ဆိုတာကိုလည်း အလေးမထားပဲ Notes App ကို ဖွင့်ပြခဲ့ပါတယ်။

                ခက်တာက Notes App ထဲမှာ နောက်ထက်ထွက်ရှိလာမယ့် Apple Product သစ်တွေရဲ့ Code Name တွေ ပါနေတာပဲ ဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေ ထုံးစံအတိုင်း Product အသစ်မထွက်ခင်မှာ အပြင်ကို သတင်းအပေါက်ကြား မခံပါဘူး။ ဒီတော့ ဒုတိယအကြိမ် Apple က ချမှတ်ထားတဲ့ စည်းမျဉ်းကို ချိုးဖောက်ပြန်ပါတယ်။

                Brooke က နာမည်ကြီး YouTuber တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် နည်းပညာမီဒီယာတွေ အပါအဝင်၊  Apple ပရိတ်သတ်တွေကလည်း iPhone X ကြောင့် Hype ဖြစ်နေကြတဲ့ အချိန်ဆိုတော့ Brooke ရဲ့ iPhone X Hands-On Video လေးက တော်တော်လေး လူကြည့်များသွားပါတယ်။

                တစ်ဖက်မှာလည်း သူ့ရဲ့ဗီဒီယိုကို 9to5Mac က တွေ့ရှိသွားပြီး သတင်းရေးလိုက်တယ်ဆိုတော့ ဗီဒီယိုက ကြည့်ရှုမှုအကြိမ်အရေအတွက် ၄ သိန်း ကျော်သွားခဲ့ပါတယ်။ ပိုဆိုးသွားတာက ဒီဗီဒီယိုလေးဟာ YouTube မှာ Trending ဖြစ်နေတဲ့ ဗီဒီယိုတွေထဲမှာ ပါသွားတာပါပဲ။ Apple ကတော့ ဗီဒီယိုကို ဖျက်ပေးဖို့ Brooke ကို ပြောခဲ့ပေမယ့်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။

                နောက်ဆုံးမှာတော့ iPhone X ကို Apple Park ထဲမှာ ဗီဒီယိုရိုက်ကူးခွင့် ပေးခဲ့တဲ့ဖခင်ကို Apple က တရားဝင် အလုပ်ထုတ်လိုက်ပြီလို့ သိရပါတယ်။ Brooke ရဲ့ ဖခင်ဟာ Apple မှာ ၄ နှစ်နီးပါး အလုပ်လုပ်ခဲ့သူဖြစ်ပြီး iPhone တွေအတွက် Wireless Circuit Design တွေ ရေးဆွဲပေးခဲ့သူလည်း ဖြစ်ပါတယ်။

                The Verge အနေနဲ့ အခုဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပက်သက်ပြီး Apple က တာဝန်ရှိသူတွေကို မေးမြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Apple ဘက်က ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ သိရပါတယ်။

References
The Verge
About Author
Assinged Tags
iPhone Apple Park Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed