ဘော်ဒါတွေကို Steam Wallet လှမ်းဖြည့်ပေးနိုင်တဲ့ Digital Gift Cards တွေကို Steam စတင်မိတ်ဆက်

date_range 27 October 2017

ဘော်ဒါတွေကို Steam Wallet လှမ်းဖြည့်ပေးနိုင်တဲ့ Digital Gift Cards တွေကို Steam စတင်မိတ်ဆက်

visibility 280 Views

                Steam အသုံးပြုသူတွေ တောင်းဆိုနေတဲ့ Digital Gift Cards တွေကို 2017 Halloween Sales မတိုင်မီ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

                အရင်တုန်းက ကိုယ့် Friend တယောက်ယောက်ကို Game တစ်ခုဝယ်ပေးချင်ရင် (ဒါမှမဟုတ်) Steam Wallet ပေးချင်ရင် တကယ့် Physical Gift Card ကို Code လှမ်းပို့ပေးတာဖြစ်ဖြစ်၊ Game တစ်ခုလုံး ဝယ်ပေးတာဖြစ်ဖြစ် လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အခု Digital Gift Cards နဲ့ဆိုရင်တော့ သူ့ Steam Wallet ထဲကို ကိုယ်ကြိုက်တဲ့ Gift Card Amount ကို တိုက်ရိုက်လှမ်းဖြည့်ပေးနိုင်ပါပြီ။ Halloween Sales မစခင်လေး အချိန်ကိုက်လုပ်ပေးလိုက်တာဆိုတော့ Physical Gift Cards တွေထက်စာရင် ပိုအသုံးတည့်မယ့် Feature တစ်ခုပါ။

                Steam ရဲ့ အခု Digital Gift Cards ဖြည့်ပေးလို့ရတဲ့ Feature သဘောတရားက ပြောရရင် လက်ရှိ ကျနော်တို့ Mobile Banking တစ်ခုခုကနေ ဘော်ဒါတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို ငွေလှမ်းဖြည့်ပေးသလိုမျိုးပါပဲ။ Mobile Banking ကနေ ဖုန်းဘေလ်ထည့်ပေးရင် ကျနော်တို့ ဖုန်းကတ်ထဲမှာ ရှိပြီးသားဖုန်းဘေလ်နဲ့ လှမ်းဖြည့်ပေးလို့မရဘဲ၊ ကိုယ့် Mobile Banking Account ထဲက သွင်းထားတဲ့ပိုက်ဆံနဲ့ ဝယ်ပြီးဖြည့်ပေးရသလိုမျိုးပါပဲ။ Steam Digital Gift Cards မှာလည်း ကိုယ်ဖြည့်ပေးချင်တဲ့ Digital Gift Cards ကို ကိုယ့် MasterCard (or) Visa Card ထဲက ပိုက်ဆံနဲ့ ဝယ်ဖြည့်ပေးရမှာပါ။ ကိုယ့်မှာ ရှိပြီးသား Steam Wallet ထဲက ပိုက်ဆံနဲ့ လွှဲပေးလို့မရပါဘူး။

                Steam Digital Gift Cards ကို စမိတ်ဆက်တုန်းက Steam Website ကနေပဲ သွားလုပ်လို့ရပေမယ့်၊ နာရီပိုင်းတောင် မကြာခင်မှာပဲ Steam Desktop App ထဲကနေလည်း လုပ်လို့ရလာတာ တွေ့ရပါတယ်။ ဒီတော့ Digital Gift Cards Page ကို Browser ကနေ သွားရင်သွား၊ ဒါမှမဟုတ် Steam Client ထဲက Store အပေါ်ဆုံးမှာ Gift Cards ဆိုတဲ့ နေရာကနေ သွားလုပ်လို့ရပါတယ်။ Steam Client ကလုပ်ရင်လည်း သူ့ Browser ကနေပဲ ခုန Page ကို ခေါ်ပြီး လုပ်တာဆိုတော့ လုပ်နည်းကတော့ အတူတူပါပဲ။

တစ်ခု သတိပြုရမှာက ကိုယ် Digital Gift Cards ဝယ်ပေးချင်တဲ့ Friend က ကိုယ့် Friend List ထဲမှာ အနည်းဆုံး (၃) ရက် ရှိပြီးသား ဖြစ်ရပါမယ်။
  • Digital Gift Cards Page ထဲ ရောက်သွားပြီဆိုရင် ပထမဆုံး ကိုယ်ဝယ်ပေးချင်တဲ့ Gift Cards အမျိုးအစား ( ၅ ဒေါ်လာတန်၊ ၁၀ ဒေါ်လာတန် စသဖြင့်) ကို ရွေးလိုက်ပါ။


  • ပြီးရင် ကိုယ့် Friends List ထဲက ဘယ်သူ့ကို ဖြည့်ပေးချင်တာလဲ ဆိုတာ ရွေးပါ။ Continue နှိပ်ပါ။ အထက်မှာပြောခဲ့သလိုပဲ ကိုယ့် Friends List ထဲမှာ အနည်းဆုံး (၃) ရက်ရှိပြီးသား ဘော်ဒါပဲ ရပါမယ်။


  • ဒီအခါ လက်ခံရရှိမယ့်လူရဲ့ နာမည်နဲ့ ကိုယ်ပြောချင်တဲ့စကားတစ်ခုခုကို Message Box မှာ ရိုက်ဖြည့်ပေးလိုက်ပါ။
    Signature တွေဘာတွေ ဖြည့်ပြီးပြီဆိုရင် Continue နှိပ်လိုက်ပါ။


  • ဒီအဆင့်မှာ ကိုယ့် Steam Account က Payment ဖြည့်ပြီးသားဆိုရင် 'Accept' လုပ်ပြီး၊ တန်း Purchase လုပ်လို့ရပါမယ်။ မဖြည့်ရသေးဘူးဆိုရင်တော့ ဖြည့်ပြီး Continue လုပ်လိုက်ပါ။


  • Purchase လုပ်လိုက်တာနဲ့ Steam Digital Gift Cards လွှဲပေးတာ ပြီးပါပြီ။


  • တဖက်က လက်ခံရရှိမယ့်လူအနေနဲ့ ကိုယ့် Steam account နဲ့ ချိတ်ထားတဲ့ Email ကို ဝင်ပြီး လက်ခံနိုင်သလို၊ Steam website ကနေလည်း ကိုယ့် Steam Account ဝင်ပြီး လက်ခံနိုင်ပါတယ်။


  • Steam မှာ အကောင့်ဝင်လိုက်ပြီဆိုရင် Pending Gifts ထဲမှာ ခုန Digital Gift Cards ကို Accept လုပ်ပြီး လက်ခံနိုင်ပါတယ်။


  • ဒါဆိုရင် ခဏလောက်ကြာတာနဲ့ ကိုယ့် Steam Wallet ထဲမှာ ခုနလှမ်းဖြည့်ပေးလိုက်တဲ့ ငွေပမာဏဝင်နေတာကို တွေ့ရမှာပါ။
  • ဒီ Steam Wallet ထဲက ငွေပမာဏကို Steam ရဲ့ ကြိုက်တဲ့နေရာမှာ ဝယ်ယူအသုံးပြုနိုင်ပါတယ်။

                2017 Halloween Sales မှာ တန်တဲ့ဂိမ်းတွေရှိရင်လည်း လက်တို့ပါဦး။

References
Steam
About Author
Assinged Tags
Steam Steam Wallet Gift Cards Steam Digital Gift Cards Digital Gift Cards Steam Sales
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed