Xbox One, PS4 အပြင် Steam ကနေတစ်ဆင့် PC မှာဆော့ကစားနိုင်တော့မယ့် Ace Combat 7 : Skies Unknown

date_range 13 June 2017

Xbox One, PS4 အပြင် Steam ကနေတစ်ဆင့် PC မှာဆော့ကစားနိုင်တော့မယ့် Ace Combat 7 : Skies Unknown

visibility 160 Views

                Bandai Namco Studios ကနေ Ace Combat 7 : Skies Unknown ဂိမ်းသစ်ရဲ့ Trailer ကို E3 2017 မှာ ပြသသွားခဲ့ပြီး Xbox, PlayStation အပြင် Steam ကနေ PC မှာပါ ဆော့ကစားနိုင်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။

                Ace Combat Series ဂိမ်းတွေဟာ Hybrid flight simulation action ဂိမ်းအမျိုးအစားတွေဖြစ်ပြီး၊ နောက်ဆုံးပေါ် Fighter Jets လေယာဉ်တွေနဲ့ Graphic ပိုင်းအသေးစိတ်ကျတဲ့အတွက် ဆော့ကစားသူများပြားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

                ယခင်က PlayStation, Xbox နဲ့ Mobile Platform တွေအတွက်ပဲအဓိကထုတ်ခဲ့တဲ့ Game တစ်ခုဖြစ်ပြီး 2013 ခုနှစ်မှာ Ace Combat : Assault Horizon Game ကို Xbox 360, PS4 တို့အပြင် Windows အတွက်ပါထုတ်ပေးခဲ့တဲ့အတွက် အခု Ace Combat 7 : Skies Unknown Game က PC, Xbox One, PS4 အကုန်လုံးမှာဆော့ကစားနိုင်တဲ့ ဒုတိယမြောက် Multi Platform Game ဖြစ်လာမှာပါ။ 


                အခုထွက်ရှိလာမယ့် Ace Combat 7 : Skies Unknown မှာ Game Engine ကို Unreal Engine 4 ကို အသုံးပြုထားလာမယ်ဆိုတော့ ရုပ်ထွက်ပိုင်းကတော့ အကောင်းဆုံးဖြစ်လာဦးမယ်လို့ခန့်မှန်းရပါတယ်။ Single Player Story Mode အပြင် Multi Player ကိုပါဆော့ကစားနိုင်မယ်လို့ ပြောကြားထားပါတယ်။ တစ်ခုထူးခြားချက်အနေနဲ့ PlayStation VR ကိုပါ Support ပြုလုပ်မယ်လို့သိရပါတယ်။ Storyline အနေနဲ့ကတော့ 2007 ခုနှစ်က Xbox 360 အတွက် ထွက်ရှိခဲ့တဲ့ Ace Combat 6: Fires of Liberation ရဲ့ Sequel ဖြစ်လာမယ်လို့ ပြောသွားပါတယ်။ 

                Trailer အရတော့ Ace Combat 7 : Skies Unknown မှာ လက်ရှိ US F-22 Raptor လို Fighter Jet တွေအပြင် အခြား Stealth Fighter Jets တွေလည်းပါဝင်လာပြီး ယခုခေတ်ထက် အနာဂတ်ကိုဇတ်အိမ်တည်ထားတယ်လို့ ခန့်မှန်းရပါတယ်။ Enemy Boss Bomber Plane တစ်ခုကိုပါ ဖော်ပြသွားပြီး ယခင် Ace Combat Series တွေကလိုပဲ တိုက်လေယာဉ်တွေမောင်းနှင်ပြီး ပစ်ခတ်ရတာ၊ Fighter Jets အချင်းချင်း Dog Fight ချရတာတွေ၊ Aerial to Ground Missions တွေပါ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

                Ace Combat 7 : Skies Unknown ကို နောက်နှစ် ၂၀၁၈ ထဲမှ စတင်ရောင်းချသွားမယ်လို့ပြောသွားပြီး PC Gamer တွေအနေနဲ့ အနည်းငယ်ထပ်ပြီး စောင့်ရဦးမှာဖြစ်ပါတယ်။

References
YouTube
About Author
Assinged Tags
Gaming News PS4 PC Games PC Steam Xbox One Flight Simulation Game
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed