New Zealand နိုင်ငံအခြေစိုက် Wireless Charging Company တစ်ခုကို ဝယ်ယူလိုက်တဲ့ Apple

date_range 25 October 2017

New Zealand နိုင်ငံအခြေစိုက် Wireless Charging Company တစ်ခုကို ဝယ်ယူလိုက်တဲ့ Apple

visibility 260 Views

                ပထမဆုံးအကြိမ်အဖြစ် Wireless Charging နည်းပညာကို iPhone တွေမှာ ထည့်သွင်းခဲ့ပြီးနောက်မှာတော့ အနာဂါတ်မှာ Wireless Charging နည်းပညာကို သူများနဲ့မတူအောင် ဆန်းသစ်တီထွင်နိုင်ဖို့အတွက် Apple အနေနဲ့ New Zealand နိုင်ငံအခြေစိုက် Wireless Charging Company တစ်ခုကို တရားဝင် ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။

                ကုမ္ပဏီရဲ့ နာမည်ကတော့ PowerbyProxi ဖြစ်ပြီး New Zealand နိုင်ငံ တောင်ဘက်ကျွန်းဆွယ်ရဲ့ အဓိက မြို့ကြီးတစ်မြို့ဖြစ်တဲ့ Auckland မြို့မှာ တည်ရှိပါတယ်။ PowerbyProxi ကို၂၀၀၇ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး စက်ရုပ်တွေ၊ Drone တွေ၊ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတွေ၊ စတဲ့ စက်ပစ္စည်းအကြီးစားတွေအတွက် Qi Standard-Complaint Modules တွေကို တီထွင်ပေးနေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

                Apple ရဲ့ Hardware Engineering အရာရှိချုပ် Dan Riccio ကတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး

                “PowerbyProxi ရဲ့ Team ဟာ Apple ဘက်က Wireless Charging ပိုင်းကို အဓိကထား လုပ်ဆောင်နေကြတဲ့ Team အတွက်တော့ အကောင်းဆုံး ပူးပေါင်းမှုပဲ ဖြစ်ပါတယ်။ Team နှစ်ခု ပူးပေါင်းပြီး ကြိုးမဲ့အနာဂါတ်ကို အတူတူ ပုံသွင်းသွားကြမှာပါ”

လို့ ပြောကြားခဲ့ပါတယ်။

                သူကပဲ ဆက်လက်ပြီး

                “Apple အနေနဲ့ ရှုပ်ထွေးမှုမရှိ၊ အသုံးပြုရလည်း ပိုမိုလွယ်ကူမှုရှိမယ့် Wireless Charging နည်းပညာသစ်တစ်ခုကို ကမ္ဘာ့အနှံ့အပြားက Customer တွေကို ပေးနိုင်ဖို့အတွက် ကြိုးစားသွားမှာပါ”

လို့လည်း ပြောကြားခဲ့ပါသေးတယ်။

                PowerbyProxi ကို တည်ထောင်သူ Fady Mishriki ကလည်း

                “ကျနော်တို့ Team အနေနဲ့ Apple နဲ့အတူပူးပေါင်းပြီး အလုပ်လုပ်ဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။ ကျနော်တို့ Team နဲ့ Apple ဘက်က Team နဲ့ ကြားထဲမှာ အမှတ်မထင်ထားတဲ့ တူညီမှုတွေလည်း ရှိနေပါတယ်။ ကျနော်တို့တွေ ပူးပေါင်းသွားပြီး အနာဂါတ်မှာ Wireless Charging နည်းပညာကို အခုထက်ပိုမို တိုးတက်လာအောင် ကြိုးစားသွားကြမှာပါ”

လို့ ပြောကြားခဲ့ပါတယ်။

                Apple အနေနဲ့ PowerbyProxi ကို ဘယ်လောက်ပေးပြီး ဝယ်ခဲ့ရတယ်ဆိုတာကို အတိအကျ မသိရပါဘူး။ Fady Mishriki ပြောသလိုမျိုး PowerbyProxi က Team နဲ့ Apple က Team နဲ့ အတူတူ လက်တွဲလုပ်နိုင်မလား ဆိုတာကလည်း မသေချာပါဘူး။

                Apple အနေနဲ့ iPhone တွေမှာ Wireless Charging နည်းပညာကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းပေးခဲ့တယ် ဆိုပေမယ့်လည်း Phone Accessory ထုတ်လုပ်သူအချို့နဲ့ ပူးပေါင်းခဲ့ရတာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး Wireless Charging ကိုပဲ ဦးစားပေး လုပ်ဆောင်နေတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်ပြီ ဆိုတော့လည်း နောက်ထွက်လာမယ့် မျိုးဆက်သစ် iPhone တွေမှာ အခုထက်ပိုကောင်းလာမယ့် Wireless Charging နည်းပညာကို မြင်တွေ့ရနိုင်ချေ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

References
9to5Mac Stuff.co
About Author
Assinged Tags
iPhone Wireless Charging Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed