“စွမ်းဆောင်ရည်အမြင့်ဆုံး Detachable PC” လို့ ကြွေးကြော်ထားတဲ့ HP ZBook X2 ကို မိတ်ဆက်

date_range 20 October 2017

“စွမ်းဆောင်ရည်အမြင့်ဆုံး Detachable PC” လို့ ကြွေးကြော်ထားတဲ့ HP ZBook X2 ကို မိတ်ဆက်

visibility 880 Views

                HP ဟာ “စွမ်းဆောင်ရည်အမြင့်ဆုံး Detachable PC” လို့ ကြော်ငြာထားတဲ့ ZBook x2 Laplet (Laptop+Tablet) ကို မနေ့က (အောက်တိုဘာ ၁၉ ရက်နေ့က) မိတ်ဆက်သွားခဲ့ပါတယ်။

                ZBook x2 မှာ Digital Pen အသုံးပြုနိုင်တဲ့ 4K Display ပါဝင်ပြီး၊ အနိမ့်ဆုံးမော်ဒယ်ကို ၁၇၄၉ ဒေါ်လာစျေးနဲ့ ဒီဇင်ဘာလမှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                HP ရဲ့ ZBook x2 ဟာ မကြာမီက မိတ်ဆက်သွားခဲ့တဲ့ Microsoft Surface Book 2 ကို တိုက်ရိုက်ယှဥ်ပြိုင်မယ့် စွမ်းဆောင်ရည်မြင့် 2-in-1 Laptop တစ်လုံးဖြစ်ပြီး၊ အသုံးပြုထားတဲ့ Hardwares တွေကလည်း Detachable Laptop တစ်လုံးအနေနဲ့ တော်တော်လေးမြင့်တယ်ပြောရမှာပါ။


                HP ZBook x2 ကို Processors တွေအနေနဲ့ 7th Generation Intel Corre i7 Processor (i7-7500U, i7-7600U) ကနေ နောက်ဆုံး 8th Generation Intel Core i5 နဲ့ 8th Generation Core i7 (i7-8650U, i7-8550) အထိ စိတ်ကြိုက် မော်ဒယ်ရွေးချယ်နိုင်ပါတယ်။ Memory အနေနဲ့ အမြင့်ဆုံး 32 GB DDR4-2133 SDRAM အထိ ရွေးချယ်နိုင်ပြီး၊ Internal Storage အနေနဲ့ကတော့ 128 GB M.2 SATA SSD ကနေ 512 GB M.2 SATA SSD၊ 256 GB PCIe NVMe M.2 SSD ကနေ 2 TB အထိ ရွေးချယ်နိုင်ပါသေးတယ်။

                Digital Artist တွေ၊ Photographer တွေအတွက် အထူးထုတ်လုပ်ထားတဲ့အတွက် ယခု ZBook x2 မှာ  GPU အနေနဲ့လည်း Nvidia ရဲ့ Workstation-grade GPU တစ်မျိုးဖြစ်တဲ့ Quadro M620 ( 2GB GDDR5 ) အထိ အမြင့်ဆုံး Configure လုပ်နိုင်မှာပါ။

                Display အနေနဲ့ကတော့ ရွေးချယ်စရာနှစ်မျိုးရှိပြီး၊ ၁၄ လက်မ 3840x2160 pixels UHD IPS Display ကနေ Adobe RGB Color Space အပြည့်အဝဖော်ပြနိုင်တဲ့  UHD HP DreamColor Display ဆိုပြီး စိတ်ကြိုက် ထပ်ရွေးနိုင်ပါသေးတယ်။ Display မှာ HP ရဲ့ Wacom EMR Pen ကို အသုံးပြုနိုင်မှာဖြစ်ပြီး၊ လုံးဝ Lateny ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ Pressure Sensitivity အနေနဲ့ကတော့ 4,096 Levels အထိ ရှိပါတယ်။ Pen ရဲ့ အားသာချက်တစ်ခုကတော့ အားသွင်းဖို့ လုံးဝမလိုတာဖြစ်ပါတယ်။


                Dual-Fan Active Cooling System ကို အသုံးပြုထားတဲ့ ZBook x2 ကို Adobe Programs တွေအတွက် Virtual Shortcuts တွေပါဝင်တဲ့ Tablet Mode ၊ Keyboard ချိတ်ဆက်အသုံးပြုနိုင်တဲ့ Laptop Mode တို့ အပြင် ZBook Dock နဲ့ တခြား External 4K Display နှစ်ခုကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ Docked Mode ဆိုပြီး ပုံစံသုံးမျိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


                Connectivity ပိုင်းအနေနဲ့ကတော့ USB Type-C Thunderbolt 3 Ports နှစ်ခု၊ USB 3.1 Type-A Port တစ်ခု၊ HMDI 1.4, SD Card Slot နဲ့ 3.5mm Headphone Jack တို့ ပါဝင်ပါတယ်။

                HP ရဲ့ အဆိုအရတော့ ZBook x2 ဟာ ဘက်ထရီ ၁၀ နာရီအထိ အသုံးခံပြီး၊ Fast Charging နည်းပညာလည်း ပါဝင်တာကြောင့် မိနစ် ၃၀ အတွင်းမှာ ဘက်ထရီအားတစ်ဝက်လောက် သွင်းနိုင်တယ်လို့ သိရပါတယ်။ ZBook x2  မော်ဒယ်အားလုံးအတွက် Adobe Creative Cloud ကို ၁ နှစ် အခမဲ့အသုံးပြုခွင့် ရရှိဦးမှာလည်း ဖြစ်ပါတယ်။

                HP ZBook x2 ရဲ့ Specifications အပြည့်အစုံကို ဒီမှာ သွားရောက်လေ့လာနိုင်ပါတယ်။

References
Ars Technica HP
About Author
Assinged Tags
HP Tablet HP ZBook x2 Detachable Laptop Nvidia Quadro
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed