Built-In Screen-Sharing Feature ပါဝင်လာတဲ့ Facebook Live

date_range 18 October 2017

Built-In Screen-Sharing Feature ပါဝင်လာတဲ့ Facebook Live

visibility 320 Views

                Facebook မှာ Live Video လွှင့်တဲ့အခါ မိမိကွန်ပျုတာ/စမတ်ဖုန်းရဲ့ Screen ကို တိုက်ရိုက် Live လွှင့်ချင်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ Third-Party Software အချို့ကို အသုံးပြုပြီးလွှင့်ရပါတယ်။ လက်ရှိအချိန်မှာတော့ Facebook အနေနဲ့ Third-Party Software တွေအသုံးပြုစရာမလိုတဲ့ Built-In Screen Sharing Feature  စတင်ထည့်သွင်းပေးနေပြီဆိုတဲ့အကြောင်းကို The Next Web ကနေ တစ်ဆင့် သိရှိခဲ့ရပါတယ်။

                အပေါ်မှာပြထားတဲ့ Tweet မှာဆိုရင်တော့ Live Video လွှင့်နေတဲ့အခါ FaceTime Camera ရဲ့အောက်မှာ Share Screen ဆိုတဲ့ Button အသစ်တစ်ခု ပါဝင်လာတာကို တွေ့မြင်ရပါတယ်။ “Share Screen” Button ကို နှိပ်လိုက်တဲ့အခါ Facebook Screen Sharing Extension တစ်ခုကို မိမိအသုံးပြုနေတဲ့ Web Browser မှာ Install လုပ်ပြီး၊ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

                The Next Web ရဲ့ ပြောကြားချက်အရ လက်ရှိအချိန်မှာတော့ ဒီ Feature ကို Google Chrome တစ်ခုမှာပဲ အသုံးပြုလို့ရသေးတယ်လို့ သိရှိရပါတယ်။ Share Screen ပြုလုပ်တဲ့အခါမှာ Application တစ်ခုကိုလား၊ Browser ထဲက Tab တစ်ခုကိုလား၊ ဒါမှမဟုတ် Screen တစ်ခုလုံးကိုလား စသဖြင့် ရွေးချယ်ပြီး မိမိ Screen ကို Live လွှင့်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ Screen-Sharing Feature ကို စမတ်ဖုန်းတွေနဲ့ Tablet မှာတော့ မြင်တွေ့ရခြင်းမရှိသေးပါဘူး။

                အရင်တုန်းကတော့ ဒီလိုမျိုး Live Video မှာ Screen Sharing တွေပြုလုပ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ Stream URL ကိုအသုံးပြုပြီး၊ Third-Party Software တွေဖြစ်တဲ့ Open Broadcaster Software (OBS) နဲ့ လွှင့်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ Facebook မှာ Screen Sharing အတွက် ဒီလို Third-Party Software တွေမလိုတော့တာကြောင့် အတော်လေးကိုကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ခုလို့ဆိုရမှာပါ။

                လက်ရှိအချိန်မှာတော့ ဒီ Feature ကို Facebook အကောင့်တိုင်းအတွက် အသုံးပြုလို့မရသေးပေမယ့်၊ သိပ်မကြာခင်အချိန်မှာတော့ အားလုံးတန်းတူ အသုံးပြုလို့ရလာမယ်လို့ မျှော်လင့်ရပါတယ်။


References
The Verge
About Author
Assinged Tags
Facebook Windows PC macOS Facebook Live Laptop Screen Sharing Facebook Live Video
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed