စမတ်ဖုန်း၊ PC တွေနဲ့ တွဲသုံးစရာမလိုတဲ့ ၁၉၉ ဒေါ်လာတန် “Oculus Go” Standalone VR Headset ကို Facebook မိတ်ဆက်

date_range 12 October 2017

စမတ်ဖုန်း၊ PC တွေနဲ့ တွဲသုံးစရာမလိုတဲ့ ၁၉၉ ဒေါ်လာတန် “Oculus Go” Standalone VR Headset ကို Facebook မိတ်ဆက်

visibility 940 Views

                Facebook ဟာ ဒီနေ့ကျင်းပပြုလုပ်ခဲ့တဲ့ Oculus Connect 4 ပွဲမှာ Oculus Go ဆိုတဲ့ VR Headset အသစ်နဲ့ Project Santa Cruz အဖြစ် လူသိများတဲ့ Wireless Oculus VR Headset Update ဗားရှင်းတို့ကို ထုတ်ဖော်မိတ်ဆက်သွားခဲ့ပါတယ်။

                ဒီ VR Headsets အသစ်နှစ်ခုထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ၁၉၉ ဒေါ်လာသာ ကျသင့်မယ့် “Oculus Go” Standalone VR Headset ပါ။ ကျနော်တို့ မြင်တွေ့နေကြ VR Headset တွေမှာ စမတ်ဖုန်းထည့်သုံးရတဲ့ VR Headset တွေရယ်၊ PC နဲ့ ကြိုးတပ်၊ ဒါမှမဟုတ် ကြိုးမဲ့ချိတ်ဆက်ပြီး အသုံးပြုရတဲ့ VR Headsets တွေရယ်ဆိုပြီး အဓိကနှစ်မျိုးရှိပေမယ့်၊ အခု Oculus Go ကတော့ VR အတွက် လိုအပ်တဲ့ Hardwares တွေကို Headset ထဲမှာတင် တခါတည်းထည့်ထားတာကြောင့်၊ ဘာနဲ့မှ တွဲသုံးစရာမလိုဘဲ သူ့ချည်းသက်သက် အသုံးပြုနိုင်မယ့် Standalone VR Headset တစ်ခု ဖြစ်ပါတယ်။ Development Kits တွေကို နိုဝင်ဘာလထဲမှာ စတင် ပေးပို့သွားဖို့ရှိပြီး၊ ၂၀၁၈ ခုနှစ် အစောပိုင်းလောက်မှ စတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။


                Oculus Go ဟာ စမတ်ဖုန်းထည့်သုံးရတဲ့ Samsung Gear VR နဲ့ Controller ကော၊ လုပ်ဆောင်ချက်တွေပါ တော်တော်များများ တူညီပါတယ်။ Samsung Gear VR ကလည်း Oculus ကပဲ တာဝန်ယူထုတ်ပေးခဲ့တာဖြစ်တာကြောင့်၊ Gear VR Apps တွေကိုလည်း Oculus Go မှာ အသုံးပြုနိုင်မှာပါ။


                Oculus Go ရဲ့ Hardware Specs အသေးစိတ်ကိုတော့ တိတိကျကျမသိရသေးဘဲ၊ အလင်းပြန်တာနည်းတဲ့ WQHD fast-switch Displays တွေကို အသုံးပြုထားကာ၊ မြင်ကွင်းအကျယ် Field of View ကတော့ Oculus Rift အတိုင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။ 3D အသံစနစ်ကို ပေးစွမ်းမယ့် Spatial Audio စနစ်ပါဝင်တာကြောင့်၊ နားကြပ်သက်သက်တပ်စရာမလိုဘဲ အသုံးပြုနိုင်မှာပါ။



                Oculus ကုမ္ပဏီကို ဝယ်ယူထားတဲ့ Facebook ရဲ့ CEO ဖြစ်သူ Mark Zuckerberg က စျေးသက်သာတဲ့ အခု Oculus Go ဟာ VR နည်းပညာကို လူသား တစ်ဘီလီယံဆီ ယူဆောင်ပေးမယ့် သူ့ရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးမယ့်အရာတစ်ခု ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

                ဒီပွဲမှာ နောက်ထပ်ပြသသွားတဲ့ VR Headset တစ်ခုကတော့ လောလောဆည် Prototype အဆင့်ပဲ ရှိသေးတဲ့ Project Santa Cruz VR Headset ရဲ့ Update မော်ဒယ်ဖြစ်ပါတယ်။ Wireless အသုံးပြုနိုင်မယ့် Project Santa Cruz မှာ တည်နေရာအနေအထား Tracking လုပ်မယ့် Cameras တွေ တပါတည်းပါဝင်မှာ ဖြစ်ပါတယ်။ ဒီ VR Headset အတွက် Controller အသစ်ကလည်း Oculus Touch က Controllers တွေနဲ့ တော်တော်ဆင်တူပါတယ်။ Development Kits တွေကိုတော့ တစ်နှစ်အတွင်း ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။



                ဒီပွဲမှာ နောက်ဆုံးသတင်းကောင်းတစ်ခုကတော့ လက်ရှိ ၄၉၉ ဒေါ်လာနဲ့ ရောင်းချနေတဲ့ Oculus Rift Headset တွေကို ဒေါ်လာ ၄၀၀ စျေး လျော့ချပေးလိုက်တာဖြစ်ပါတယ်။

References
Game Spot The Verge Facebook Newsroom
About Author
Assinged Tags
Facebook Virtual Reality Oculus Rift Oculus VR Headsets Oculus Connect 4 Oculus Go Project Santa Cruz Standalone VR Headset
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed