ရေစိုခံလာပြီဖြစ်တဲ့ Kindle Oasis Second Generation

date_range 12 October 2017

ရေစိုခံလာပြီဖြစ်တဲ့ Kindle Oasis Second Generation

visibility 740 Views

                Amazon ကနေ သူရဲ့ Kindle Ebook Reader တွေကို ထုတ်လုပ်လာတာ အခုဆိုရင် ၁၀ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ အခုအချိန်မှာ Tablet တွေနဲ့ Screen ကြီးမားတဲ့ဖုန်းတွေ အများအပြားရှိနေပေမယ့်လည်း Amazon က သူရဲ့ Premium Oasis Ebook Reader Second Generation ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ Amazon Oasis Ebook Reader မှာ ထူးခြားချက်တစ်ခုပါဝင်ပါတယ်။ အဲ့ဒါကတော့ ယခင်က ဘယ် Kindle Ebook Reader မှာမှ မပါဝင်ခဲ့တဲ့ Waterproof Feature ပါဝင်လာတာပဲ ဖြစ်ပါတယ်။


                Kindle Oasis Model အသစ်မှာဆိုရင် ယခင်ထက်ပိုပြီးကြီးမားတဲ့ 7" Screen ပါဝင်လာပြီး ဒါက ယခင် Oasis Model ရဲ့ 6" Display နဲ့ယှဉ်ရင် ၁ လက်မခန့် ပိုပြီး ကြီးမားလာတာဖြစ်ပါတယ်။ ယခင် Oasis Model လိုပဲ 300ppi Pixel Density ကို ထိန်းထားတဲ့အတွက် စာဖတ်ချင်တဲ့သူတွေအတွက် အဆင်ပြေမှာဖြစ်ပါတယ်။ ယခု Oasis Model အသစ်မှာဆိုရင် ယခင်ထက် LED ၂ ခုပိုမိုပါဝင်လာပြီး၊ LED စုစုပေါင်း ၁၂ ခုပါဝင်လာတဲ့အတွက် အမှောင်ထဲမှာလည်း ကောင်းကောင်းဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ 

                Amazon Oasis Ebook Reader ရဲ့ Features အသစ်ကတော့ IPX8 ပါဝင်တဲ့အတွက် ရေအနက် ၂ မီတာမှာ ၁ နာရီအထိ ရေစိမ်ခံနိုင်တာပဲဖြစ်ပါတယ်။ Amazon ကတော့ သာမန်ရေထဲမှာတင်မဟုတ်ပဲ Hot Tubs နဲ့ ဆပ်ပြာရည်ရောထားတဲ့ ရေချိုးကန်တွေထဲမှာပါ စမ်းသပ်ပြခဲ့တာ တွေ့ရပါတယ်။

                Amazon Oasis Model အသစ်မှာ ပြီးခဲ့တဲ့ Model လိုမျိုး Battery Pack Cover မပါဝင်တော့ပေမယ့် Battery Capacity ကို တိုးမြှင့်ထားတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း Screen ကို ကာကွယ်ဖို့နဲ့ Kickstand အနေနဲ့ အသုံးပြုဖို့ သာမန် Kickstand ကို ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။ 

                သတင်းကောင်းတစ်ခုကတော့ Amazon Audio Book Application ဖြစ်တဲ့ Audible ပါဝင်လာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Oasis Ebook Reader မှာ 3.5mm Audio Jack ဒါမှမဟုတ် Speaker မပါဝင်တဲ့အတွက်ကြောင့် Bluetooth Headphone ဒါမှမဟုတ် Speaker တွေနဲ့ပဲ ချိတ်ဆက်နားထောင်ရမှာဖြစ်ပါတယ်။ 


                Kindle Oasis Model အသစ်ကို 8GB Storage Version နဲ့ 32GB Storage Version ဆိုပြီး ၂ မျိုး ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ 8GB Version ကို $250 နဲ့ 32GB Version ကို $300 နဲ့ လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့မှာ US မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Tablet Amazon Waterproof Kindle Kindle Oasis ebook_reader
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed