Facebook Workplace Chat ကို Windows နဲ့ Mac အတွက် Application ထုတ်ပေး

date_range 07 October 2017

Facebook Workplace Chat ကို Windows နဲ့ Mac အတွက် Application ထုတ်ပေး

visibility 440 Views

                Facebook ကနေ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း ဆက်သွယ်နိုင်ဖို့ Workplace ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ စတင်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အသုံးပြုသူတွေ အများအပြားရှိနေပြီဖြစ်ပြီး၊ ပုံမှန်အနေနဲ့ Website မှာပဲ အသုံးပြုနိုင်တဲ့ Work Chat ကို အခုအချိန်မှာ Desktop Application အနေနဲ့ ကွန်ပျူတာမှာ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ 


                အဆိုပါ Workplace Chat Application ကို Windows 7 နဲ့ အထက်အသုံးပြုတွေနဲ့ MacOS 10.9 (Mavericks) နဲ့ အထက် အသုံးပြုတွေအကုန်လုံး ယခု Link မှာ Download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ 

                တစ်ခုရှိတာကတော့ အခုထွက်ရှိလာတဲ့ Workplace Chat Application ဟာ Beta Version ပဲရှိသေးတာဖြစ်ပြီး၊ Workplace တစ်ခုလုံးကို Application အနေနဲ့ အသုံးပြုနိုင်တာမျိုးတော့မဟုတ်ဘဲ Messenger ပုံစံမျိုး Chat Messaging အတွက်ပဲ Workplace Chat ကို အသုံးပြုနိုင်တာဖြစ်ပါတယ်။ 

                Interface အနေနဲ့တော့ Browser မှာအသုံးပြုသလိုပဲ Features တူညီပြီးတော့ Workplace Chat မဟုတ်ဘဲ၊ Workplace Home Page လိုမျိုးကို နှိပ်လိုက်ရင် Web Browser မှာပဲ သွားရောက်အသုံးပြုဖို့ Windows တစ်ခုပွင့်လာမှာဖြစ်ပါတယ်။ 

                တစ်ခုရှိတာကတော့ အဆိုပါ Workplace Chat Application ဟာ မြန်မာစာစနစ်ကို Unicode ပဲထောက်ပံ့ပေးထားပြီးတော့ Zawgyi font ကိုတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် ဒီ Application ဟာ Workplace ကို မြန်မာလိုပဲ အသုံးများတဲ့သူတွေအတွက် အဆင်မပြေသေးပဲ Browser မှာပဲ အသုံးပြုနေရဦးမှာဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Facebook Applications Windows Software Desktop Mac Workplace
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed