ကမ္ဘာ့တန်ဖိုးအရှိဆုံး Brand အဖြစ် ယခုနှစ်အပါအဝင်၊ ၅ နှစ်ဆက်တိုက် သတ်မှတ်ခြင်းခံရတဲ့ Apple

date_range 28 September 2017

ကမ္ဘာ့တန်ဖိုးအရှိဆုံး Brand အဖြစ် ယခုနှစ်အပါအဝင်၊ ၅ နှစ်ဆက်တိုက် သတ်မှတ်ခြင်းခံရတဲ့ Apple

visibility 1700 Views

                Brand Consultancy ကုမ္ပဏီတစ်ခုဖြစ်တဲ့ Interbrand အနေနဲ့ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာရှိသမျှ ကုမ္ပဏီကြီးတွေကို အဆင့်တွေ သတ်မှတ်ပေးပါတယ်။ Interbrand အနေနဲ့ ဒီနှစ်အတွက် ကမ္ဘာ့တန်ဖိုးအရှိဆုံး Brand အဖြစ် Apple ကို သတ်မှတ်ခဲ့ပါတယ်။ 

                Apple အနေနဲ့ ဒီနှစ်ပါထည့်တွက်မယ်ဆိုရင် ၅ နှစ်ဆက်တိုက် ကမ္ဘာ့တန်ဖိုးအရှိဆုံး Brand အဖြစ် သတ်မှတ်ခြင်း ခံရတာပဲ ဖြစ်ပါတယ်။ Apple ရဲ့နောက်မှာတော့ Google ကနေရာယူထားပါတယ်။ နံပါတ် ၃ နေရာမှာ Microsoft ၊ ၆ နေရာမှာ Samsung ၊ ၈ နေရာမှာ Facebook ၊ ၁၀ နေရာမှာ IBM စသည်ဖြင့် နည်းပညာကုမ္ပဏီကြီးတွေ အသီးသီး နေရာယူထားကြပါတယ်။ List အပြည့်အစုံကိုတော့ Interbrand Website မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

                ဒီနှစ်မှာလည်း Apple က ကမ္ဘာ့တန်ဖိုးအရှိဆုံး Brand အဖြစ် နေရာယူထားပေမယ့် Brand တန်ဖိုးကတော့ ထူးထူးဆန်းဆန်း မနှစ်ကထက် ၃% လောက်ပဲ တိုးလာပါတယ်။ Brand တန်ဖိုး အတိုးလာဆုံးကတော့ Facebook ပဲဖြစ်ပြီး မနှစ်ကထက် ၄၈% တောင် တိုးလာပါတယ်။

                Interbrand အနေနဲ့ အခုလိုမျိုး Brand တန်ဖိုးတွေကို သတ်မှတ်တယ်ဆိုတာ ခန့်မှန်းခြေပဲ ဖြစ်ပါတယ်။ တကယ့် Data အမှန်ကတော့ ကုမ္ပဏီတွေက တာဝန်ရှိသူတွေကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

References
Cult of Mac Interbrand
About Author
Assinged Tags
Samsung Google Facebook IBM Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed