ကန်ဒေါ်လာ ၅,၀၀၀ တန်ဖိုးရှိ 4K Projector Series တွေကို ရောင်းချသွားမယ့် Sony

date_range 08 September 2017

ကန်ဒေါ်လာ ၅,၀၀၀ တန်ဖိုးရှိ 4K Projector Series တွေကို ရောင်းချသွားမယ့် Sony

visibility 180 Views

                နည်းပညာဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ တစ်နေ့တစ်ခြား ဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ Electronic ပစ္စည်းတွေဟာလည်း တစ်နေ့တစ်ခြား ဈေးနှုန်းတွေလျော့ကျလာပါတယ်။ Projector ဈေးကွက်ထဲမှာဆိုရင် အခုလက်ရှိအချိန်ထိအောင် 4K Projector တွေဟာ 4K TV တွေထက်တောင် ဈေးကြီးနေသေးတယ်ဆိုပေမယ့် ဈေးနှုန်းကတော့ ကျဆင်းလာတယ်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။

                ဘာဖြစ်လို့လဲဆိုတော့ အခု Sony က ရောင်းချသွားမယ့် 4K Projector Series တွေဟာဆိုရင် လက်ရှိ 4K Projector ဈေးကွက်မှာ ဈေးအနည်းဆုံး 4K Projectors တွေဖြစ်လို့ပါပဲ။ ဈေးကွက်ထဲမှာတော့ ဈေးအနည်းဆုံးပေါ့။ ဒါပေမယ့် ကန်ဒေါ်လာ ၅,၀၀၀ ဆိုတော့လည်း ဈေးကတော်တော်လေး ကြီးနေပါသေးတယ်။

                အခု 4K Projectors တွေဟာ Brightness အနေနဲ့ 1,500 lumens ပဲ ထုတ်ပေးနိုင်တယ်ဆိုပေမယ့် လက်မ ၂၀၀ ပတ်လည် ပုံရိပ်တွေကို ပြသနိုင်မှာဖြစ်ပြီး Resolution အနေနဲ့ကတော့ 4096x2160 အထိ ထုတ်ပေးနိုင်မှာပါ။ HDR အတွက်ဆိုရင်တော့ Popular အဖြစ်ဆုံး HDR10 Standard နဲ့ HLG (Hybrid Log-Gamma) တို့ကို Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

                အလင်းအား နည်းတယ်ဆိုပေမယ့်လည်း Projector Reviews ဆိုတဲ့ Website က ပြောထားပုံအရကတော့ အရောင်တွေ စုံစုံလင်လင် ထုတ်ပေးနိုင်လောက်အောင် လုံလောက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် HDR ပုံရိပ်တွေကတော့ အလင်းအား နည်းတာဖြစ်တဲ့အတွက် အနည်းငယ်မှောင်နေတယ်လို့လည်း ပြောထားပါသေးတယ်။ 

                Dell အနေနဲ့ ကန်ဒေါ်လာ ၆,၀၀၀ တန်ဖိုးရှိပြီး HDR Support ပါဝင်တဲ့ Ultra HD Projector ကို မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တယ်ဆိုတော့ Projector ဈေးကွက်ထဲမှာ Sony ကပဲ ဈေးတွေချနေတာ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း အခုလောလောဆယ် Sony က မိတ်ဆက်လိုက်တဲ့ 4K Projector Series တွေကတော့ 4K Projector ဝယ်ယူအသုံးပြုချင်တဲ့သူတွေအတွက် ဈေးနှုန်းနည်းနည်းနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

References
The Verge Projector Reviews Sony
About Author
Assinged Tags
Sony Laser Projector Projector 4K Projector
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed