Features အမိုက်စားတွေနဲ့ မိတ်ဆက်လိုက်တဲ့ Sony ရဲ့ RX0 Action Camera

date_range 02 September 2017

Features အမိုက်စားတွေနဲ့ မိတ်ဆက်လိုက်တဲ့ Sony ရဲ့ RX0 Action Camera

visibility 660 Views

                Action Camera လို့ပြောလိုက်ရင် တော်တော်များများ GoPro ကိုပဲ မြင်မိကြမှာပါ။ အခုအချိန်မှာတော့ အရည်အသွေးအမြင့်ဆုံးနဲ့ ရိုက်ကူးနိုင်မယ့် RX0 Action Camera အသစ်ကို Sony ကနေ IFA 2017 ပွဲမှာ စတင်မိတ်ဆက်ပြသခဲ့ပါတယ်။ 

                RX0 ဆိုတာဘာလဲဆိုရင် GoPro Hero 5 Action Camera လောက်ပဲ အရွယ်အစားရှိတဲ့ Action Camera တစ်ခုဖြစ်ပြီးတော့ လက်ရှိ Sony ရဲ့ RX100 V ကင်မရာမှာ အသုံးပြုနေတဲ့ 1" Sensor ကိုထည့်သွင်းပေးထားတဲ့ Action Camera ဆိုလည်းမမှားပါဘူး။ Sony RX0 မှာ 15.3MP Exmor RS Sensor (1" Stacked) ပါဝင်သလို Sony ရဲ့ Image Processing ပိုင်းမှာ နာမည်ကြီး BIONZ X Processor ပါဝင်တယ်။ Lens ကလည်း 24mm f/4 Wide Angle Zeiss Tessar T* Lens ကို သုံးပေးထားတယ်။ ဒီလိုအကောင်းစား Hardware နဲ့ Software တွေပေါင်းစပ်ထားတဲ့အတွက် RAW ဒါမှမဟုတ် JPEG နဲ့ နှစ်သက်သလို ဓါတ်ပုံရိုက်နိုင်သလို Burst Mode နဲ့လည်း 16fps အထိ ရိုက်ကူးလို့ရဦးမယ်။ 


                ဒါပေမယ့် Action Camera တွေဟာ ဓါတ်ပုံထက် Video ရိုက်ကူးဖို့ကို အဓိကထားတာဖြစ်ပြီး Sony RX0 ဟာ Video မှာလည်း လုံးဝမညံ့ပါဘူး။ Slow-Motion Video တွေကို 960 fps အထိရိုက်ကူးနိုင်သလို Full HD နဲ့ ရိုက်ရင်တောင် 240fps နဲ့ ရိုက်ကူးနိုင်ဦးမှာဖြစ်ပါတယ်။ Sony Mirrorless Camera တွေနဲ့ ရိုက်ကူးသလိုမျိုးပဲ 4K ကို အလွယ်တကူရိုက်ကူးနိုင်မှာဖြစ်ပြီး S-Log2 Recording ကိုလည်း Support ပြုလုပ်မှာပါ။ External Recorder တပ်ဆင်မယ်ဆိုရင်လည်း အဆင်ပြေအောင် microHDMI Port ပါဝင်မှာဖြစ်ပါတယ်။ 

                ပိုပြီးကောင်းတဲ့အချက်က Sony ဟာ RX0 တွေကို အများအပြားတပ်ဆင်ရိုက်ကူးတဲ့ Multi-Camera Setup ပြုလုပ်ဖို့လည်း ပိုပြီးလွယ်ကူပြီး သီးခြားရောင်းမယ့် FA-WRC1M Wireless Commander နဲ့ RX0 ၁၅ လုံးအထိ ချိတ်ဆက်နိုင်သလို ဒီအတိုင်း Wifi ကတစ်ဆင့်လည်း ၅ လုံးအထိ ချိတ်ဆက်ရိုက်ကူးနိုင်မှာပါ။


                Action Camera တစ်ခုမှာမဖြစ်မနေ ပါဝင်သင့်တဲ့ Water, Dusk and Shockproof လည်းပါဝင်ပြီးတော့ တကယ်လို့ ရေအောက်မှာရိုက်ကူးမယ်ဆိုရင်လည်း RX0 ကို ရေအနက် ၁၀ မီတာအထိ Housing သီးသန့်တပ်ဆင်စရာမလိုပဲ ရိုက်ကူးနိုင်မှာပါ။ Housing တပ်မယ်ဆိုရင်တော့ ရေအနက် မီတာ ၁၀၀ အထိ ဆင်းရိုက်နိုင်မှာဖြစ်ပါတယ်။ 

                Sony RX0 မှာ 1.5" Display တစ်ခုပါဝင်ပြီး ကင်မရာကနေ ဒါမှမဟုတ် Smartphone App ဒါမှမဟုတ် ကွန်ပျူတာမှာ USB ကနေတစ်ဆင့် နှစ်သက်သလို ထိန်းချူပ်လို့ရမှာပါ။ Sony RX0 ဟာ Action Camera တစ်ခုထက်တောင်ပိုတယ်လို့ ပြောလို့ရပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၇၀၀ ဝန်းကျင်နဲ့ အောက်တိုဘာလမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Sony Sony RXO
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed