Mobile App မှာ News Feed နဲ့ Icon ပုံစံအနည်းငယ်ပြောင်းလဲလိုက်တဲ့ Facebook

date_range 16 August 2017

Mobile App မှာ News Feed နဲ့ Icon ပုံစံအနည်းငယ်ပြောင်းလဲလိုက်တဲ့ Facebook

visibility 1500 Views

                Facebook ဟာ Mobile App ပေါ်မှာ News Feed နဲ့ Icon တွေကို သိသာထင်ရှားအောင်နဲ့ ရှင်းလင်းနေအောင် ပုံစံအနည်းငယ် စတင်ပြောင်းလဲလိုက်ပါတယ်။ 

                News Feed, Friends, Notifications, Like, Comment, Share စတဲ့ Icon ပုံစံတွေကို Flat Design အနေနဲ့ ပြောင်းလဲလိုက်ပြီး နှိပ်ရလွယ်ကူအောင် အနည်းငယ်ကြီးပေးထားတယ်လို့သိရှိရပါတယ်။


                News Feed ပေါ်မှာလည်း Color Contrast ကိုအနည်းငယ်တိုးမြှင့်ပေးထားတာကြောင့် စာဖတ်ရပိုမိုလွယ်ကူလာသလို၊ Link Preview တွေကိုလည်း အနည်းငယ် အကျဲချဲ့ပေးထားပြီး ဒီ Link ကို၀င်ရင် ဘယ် Website ကိုရောက်သွားမယ်ဆိုတာကိုပါ သေချာမြင်ရအောင် ပြုပြင်ပေးထားပါတယ်။ 


                Comment တွေကို၀င်ကြည့်တဲ့အခါမှာလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် Bubble ပုံစံနဲ့ ပြုလုပ်ပေးထားသလို အရင်တုန်းကလိုမျိုး အပေါ်ဘက်မှာ အပြာရောင်နောက်ခံအစား အဖြူရောင်နောက်ခံနဲ့ Back ခလုပ်ပုံစံအသစ်ကိုပါ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Profile Picture တွေအနေနဲ့လည်း လေးထောင့်ပုံစံအစား စက်၀ိုင်းပုံစံနဲ့ တွေ့မြင်လာရတော့မှာဖြစ်ပါတယ်။

                လက်ရှိအနေနဲ့ကတော့ Comment ပုံစံသစ်နဲ့ စက်၀ိုင်းပုံ Profile Picture တွေကို စာရေးသူတောင်မမြင်တွေ့ရသေးပါဘူး။ ဒါပေမဲ့ Icon ပုံစံတွေ ပြောင်းလဲသွားတာကိုတော့ သတိထားမိပါတယ်။ ဘယ်အချိန် Facebook Account တွေအားလုံးအတွက် ပြောင်းလဲသွားမယ်ဆိုတာကိုလည်း Facebook News Room မှာ ဖော်ပြထားတာမျိုးလည်း မရှိပါဘူး။

References
The Verge Facebook News Room
About Author
Assinged Tags
Facebook News Feed Mobile App Design Icon Flat Design
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed