Gmail မှာ မတော်တဆ မှားပို့မိသွားတဲ့ Mail တွေကို အချိန်မီပြန်ဖျက်ကြမယ်

date_range 08 June 2017

Gmail မှာ မတော်တဆ မှားပို့မိသွားတဲ့ Mail တွေကို အချိန်မီပြန်ဖျက်ကြမယ်

visibility 5430 Views

                ကျွန်တော်တို့ နေ့စဉ်အလုပ်ထဲမှာ Mail ပေါင်းမြောက်များစွာပို့နေကြရပါတယ်။ အချို့သော အချိန်တွေမှာ စာလုံးပေါင်းမှားတာကို သတိမထားမိပဲ ပို့မိတာ၊ ဒါမှမဟုတ် Enter ကို လက်က မှားပြီး နှိပ်လိုက်မိလို့ စာရေးတာ မပြီးသေးပဲနဲ့ Mail ပို့မိသွားတာတွေကို ကြုံဖူးကြမှာပါ။

                အဲ့လိုမျိုး အဆင်မပြေမှုတွေကို Gmail မှာ နဂိုကတည်းက ပါဝင်တဲ့ အလွန်လွယ်ကူတဲ့နည်းလေးတစ်ခုနဲ့ အချိန်မီရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

  • အရင်ဆုံး ကွန်ပျူတာရဲ့ Browser မှာ ကိုယ့်ရဲ့ Gmail ကို Sign In ဝင်လိုက်ပါ။
  • ပြီးရင် Gmail ရဲ့ ညာဘက်ထောင့်က ခွေးသွားစိတ်ပုံကို နှိပ်ပြီး Setting ထဲသို့သွားပါ။
  • Setting ထဲမှာ အလယ်နားလောက်မှာ "Enable Undo Send" ဆိုတာကို On လိုက်ပြီး၊ ၅၊ ၁၀၊ ၂၀၊ ၃၀ စက္ကန့်ရှိတဲ့ထဲကမှ ဘယ်နှစက္ကန့်အတွင်း Undo ပြန်လုပ်ချင်လဲဆိုတာကို ရွေးလိုက်ပါ။


  • ပြီးရင် အောက်ဆုံးထိရောက်အောင် ဆင်းပြီး Save Changes ကို နှိပ်လိုက်ပါ။
  • အခုကစပြီး Mail တွေ ပို့မယ်ဆိုရင်၊ ကိုယ်က Send နှိပ်လိုက်ပြီးတာနဲ့ Gmail အပေါ်ဘက်မှာ Undo ခလုတ်လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ခုခုမှားသွားလို့ မပို့ချင်တော့ဘူးဆိုရင် Undo နှိပ်လိုက်တာနဲ့ Mail ထွက်သွားမှာ မဟုတ်ပါဘူး။


                တစ်ခုသတိပြုရမှာက Undo ပြုလုပ်နိုင်မယ့်အချိန်ကို စက္ကန့် ၃၀ အထိပဲ အများဆုံး သတ်မှတ်ထားလို့ ရတာဖြစ်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့စက္ကန့် ( ဥပမာ- စက္ကန့် ၂၀ ) ကျော်သွားတာနဲ့၊ Mail က Sent ဖြစ်သွားမှာ ဖြစ်တာကြောင့်၊ ဒီအချိန်တိုအတွင်းမှာ ကိုယ့် Mail ကို အမြန်ပြန်စစ်ကြည့်ဖို့တော့ လိုမှာပါ။

                အခု Features က Gmail ရဲ့ Desktop Version မှာပဲရရှိတဲ့အတွက် ကွန်ပျူတာနဲ့ပဲ ပြင်ဆင်လို့ရတာဖြစ်ပြီး၊ Mobile Version မှာတော့ Undo လုပ်လို့ရမှာမဟုတ်ပါဘူး။ 

This Article is Contributed by Zawyè
References
TechX Myanmar
About Author
Assinged Tags
Computer Gmail Desktop App How To Tips and Tricks Email Undo Undo Send
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed