iPhone Calculator App မှာ Backspace Feature လေးဖွက်ထားတာကို သင်သိပါသလား?

date_range 06 May 2017

iPhone Calculator App မှာ Backspace Feature လေးဖွက်ထားတာကို သင်သိပါသလား?

visibility 1950 Views

                Android Calculator App မှာဆိုရင် ကိုယ်ကဂဏန်းတစ်လုံး ရိုက်တာမှားသွားရင် ဖျက်လို့ရတဲ့ Backspace Button လေး သက်သက်ပါပြီးသားပါ။ iPhone Calculator App မှာတော့ မပါပါဘူး။ မပါဘူးဆိုတာ Backspace Button သက်သက်မပါတာကို ပြောတာပါ။ 

                မိမိက iPhone Calculator App ကို အသုံးပြုပြီး ပေါင်း၊ နှုတ်၊ မြှောက်၊ စား လုပ်တော့မယ်ဆိုပြီး ဂဏန်းတွေတော့ ရိုက်လိုက်ပါပြီတဲ့၊ ရိုက်တဲ့ဂဏန်းတွေထဲမှာ တစ်လုံးလောက်အမှားပါသွားရင် တိုင်ပါတ်ပါပြီ။ အဲ့ကျရင်တော့ “C” ဆိုတဲ့ Button လေးနှိပ်ပြီး ရိုက်ထည့်ထားတဲ့ ဂဏန်းအကုန်လုံးကို ပြန်ဖျက်ပြီး အစကနေ ဂဏန်းတွေပြန်ရိုက် ရပါပြီ။

                iPhone Calculator App မှာ Backspace Button လေးတော့ သီးသန့်မပါပေမယ့် မိမိဂဏန်းရိုက်ထည့်တာမှားသွားပြီဆိုရင် ဂဏန်းတစ်လုံးချင်းစီကို ဖျက်လို့ရတဲ့ Backspace Feature လေးတော့ ပါပါတယ်။

                ဥပမာဗျာ၊ မိမိ ရိုက်ချင်တဲ့ ဂဏန်းက ၁၂၃၄ ပေါ့။ ဒါပေမယ့် ၁၂၄၃ ဆိုပြီး ရိုက်မိတယ်ပေါ့။ အဲ့ကျရင် App ထဲမှာ ဂဏန်းတွေရှိနေရာကို ဘယ်ဘက်ပဲဖြစ်ဖြစ်၊ ညာဘက်ပဲဖြစ်ဖြစ် Swipe လုပ်ပေးလိုက်ပါ။ အခုက ၁၂၄၃ ဖြစ်နေတာဆိုတော့ နှစ်ခါ Swipe လုပ်လိုက်ပေါ့။ အဲ့ကျရင် နောက်ဆုံးဂဏန်းကနေစပြီးတော့ ဖျက်ပေးသွားပါလိမ့်မယ်။ 

                ဒီလိုဆိုရင် App ထဲမှာ ၁၂ ဆိုတဲ့ ဂဏန်းနှစ်လုံးပဲ ကျန်မယ်ပေါ့။ ဒါဆိုရင်တော့ မိမိလိုချင်တဲ့ ၁၂၃၄ ဆိုတဲ့ ဂဏန်းကို ရရှိဖို့အတွက် ၃၄ ဂဏန်းတွေကို ပြန်ရိုက်ထည့်ပေးလိုက်ရင် အဆင်ပြေသွားပြီပေါ့။

                ကျနော်ကိုယ်တိုင်လည်း Calculator App မှာ ဒီ Feature လေးပါမှန်း မသိပါဘူး။ Calculator App ကို သိပ်ပြီးမကလိ ဖြစ်တာလည်းပါပါတယ်။ ဒီနေ့ USA Today က တက်လာတဲ့ သတင်းတစ်ပုဒ်ကို ဖတ်ပြီးမှ ဒီလိုလုပ်လို့ရမှန်း သိတာပါ။

                Google မှာ ရှာကြည့်တော့လည်း ဒီ Feature လေး အကြောင်းရေးသားထားတာတွေ အများကြီးတက်လာတာကို တွေ့ခဲ့ရပါတယ်။ ဒီ Feature လေးကို iOS Version ဘယ်လောက်ထဲက ထည့်ပေးထားတာလည်းတော့ အတိအကျ မသိရပါဘူး။ 

                USA Today က ရေးသားထားပုံအရ Apple အနေနဲ့ ဒီ Feature လေးကို ထည့်ပေးခဲ့တာ iOS 4 ထဲကလို့ ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၀ ခုနှစ်တုန်းက Apple ရဲ့ Support Community Page မှာ မသိသေးတဲ့ User တစ်ယောက်ကို သိတဲ့ User တစ်ယောက်က ဖြေထားတဲ့ အဖြေကို တွေ့ရှိခဲ့လို့ပါ။

                ကဲ​၊ ဒီ Feature လေး အကြောင်းသိပြီးပြီဆိုရင်တော့ နောက်တစ်ခါ Calculator App ကို သုံးပြီး တွက်တာ၊ ချက်တာတွေ လုပ်တော့မယ်ဆိုရင် ဂဏန်းမှားရိုက်ထည့်မိတာလောက်နဲ့ တိုင်မပါတ်တော့ဘူးပေါ့နော်။

References
USA Today
About Author
Assinged Tags
Applications iPhone iOS iPad Calculator App
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed