Mobile, PC မရွေး ကစားနိုင်မယ့် MMORPG ဂိမ်း “Adventure Quest 3D”

date_range 04 July 2017

Mobile, PC မရွေး ကစားနိုင်မယ့် MMORPG ဂိမ်း “Adventure Quest 3D”

visibility 1100 Views

                ဒီနေ့ စိတ်ဝင်စားဖို့ကောင်းတဲ့ MMORPG ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

                ဂိမ်းနာမည်ကတော့ Adventure Quest 3D ပါ။ Player တွေအခေါ်အရဆိုရင် AQ3D ပေါ့။  World of Warcraft လိုမျိုး MMORPG( Massively Multiplayer Online Role Playing Game ) အမျိုးအစားဖြစ်ပြီး၊ Cross-Platform ကစားနိုင်မယ့် Free-to-Play ဂိမ်းတစ်ခုဖြစ်ပါတယ်။ Artix Entertainment ကပဲ ထုတ်လုပ်မှုအပိုင်းရော ဖြန့်ချိမှုပါ ပြုလုပ်နေတာပါ။ 


Game Development

                Artix Entertainment က Indie Game Developer ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ Browser-Based Game တွေ အများကြီး ပြုလုပ်ခဲ့တဲ့ Company တစ်ခုပါ။ Browser Game တွေ ပြုလုပ်ရာမှာ Adobe Flash ကိုအသုံးပြုပြီး AdventureQuest, DragonFable, MechQuest, and AdventureQuest Worlds စတဲ့ Game တွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ Game တွေထဲကမှ Player တွေရဲ့ အားပေးမှုများစွာရထားပြီး၊ လူကြိုက်များတဲ့ Browser-Based MMORPG ဂိမ်းတစ်ခုဖြစ်တဲ့ AdventureQuest Worlds ကို ယခုအခါမှာ 3D Game World အနေနဲ့ ပြန်ပြီးဖန်တီးထားတာဖြစ်ပါတယ်။

                Kickstarter မှာ စတင်မိတ်ဆက်ခဲ့ထဲက လက်ရှိ Browser Game ကို ဆော့ကစားနေတဲ့ Player များသာမက Player အသစ်များရဲ့ Attention ကိုပါ ဆွဲယူနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Unity Game Engine ကို အသုံးပြုပြီးရေးဆွဲနေတဲ့ AQ3D ဟာ PC, Android, iOS အားလုံးမှာ ကစားနိုင်မယ့်အချက်ကြောင့်ပဲဖြစ်ပါတယ်။


                ဒီနေရာမှာလဲ Platform တစ်ခုချင်းစီအတွက် Server ခွဲထားမှာမဟုတ်ပဲ ဘယ် Device ကပဲဆော့ကစားသည်ဖြစ်စေ Server တစ်ခုထဲမှာကစားနိုင်မယ့် Cross Platform အစစ်အမှန်ဂိမ်းတစ်ခုပါ။ ယခုအချိန်မှာ Open Beta အနေနဲ့ PC အတွက် Steam၊ Android အတွက် PlayStore၊ iOS အတွက် AppStore တို့မှာ Free-to-Play အနေနဲ့ Download ရယူပြီး ဆော့ကစားနိုင်နေပါပြီ။ Download Link ကိုတော့ AQ3D.com မှာ သွားရောက်ရယူနိုင်ပါတယ်။

Gameplay and Game Features


                AQ3D မှာဆိုရင် Class အနေနဲ့ Warrior, Mage, Rouge, Guardian ဆိုပြီး လက်ရှိမှာ ၄မျိုး ပါဝင်ပါတယ်။ ဒါပေမယ့် Character စတင်ဖန်တီးချိန်မှာ Class တစ်ခုကို ရွေးလိုက်လို့ အဲ့ Class တစ်ခုထဲကို Game တစ်ခုလုံး ပုံသေကိုင်သွားရမှာမဟုတ်ပါဘူး။ ကစားနေရင်းပြောင်းလဲလိုတဲ့ Class ကိုစိတ်ကြိုက်ချက်ချင်းပြောင်းလဲပြီး ကိုယ်အားသန်ရာ Class ကို Level တင်သွားရမှာပါ။ Normal Player တစ်ယောက်အနေနဲ့ဆိုရင် Guardian Class ကိုအသုံးပြုခွင့်မရပါဘူး။ အသုံးပြုချင်တယ်ဆိုရင် အခကြေးငွေပေးပြီး Account ကို Upgrade လုပ်လိုက်ရင် Guardian Class သာမကပဲ Guardian တွေပဲ ဝင်နိုင်ထွက်နိုင်တဲ့ မြို့ထဲကနေရာများကို ဖွင့်ပေးခြင်း နဲ့ အခြားအကျိုးခံစားခွင့်တွေပါရမှာဖြစ်ပါတယ်။

                ဒီ Game ကို Player တွေ စိတ်ဝင်စားမှုကောင်းခဲ့တာက Developer တွေဟာ အမြဲလိုလို Player များထံ နားစွင့်နေတာကြောင့်ဆိုလဲ မမှားပါဘူး။ ကစားနေရင်း Error ဒါမှမဟုတ် Bug တစ်ခုတွေ့ခဲ့လို့ Developer ကို အသိပေးမယ်ဆိုရင် အချိန်ခဏလေးအတွင်းမှာပဲ အသိပေးခံရတဲ့ Error ကို ပြင်ပေးပါတယ်။ ယခုလက်ရှိမြေပုံနဲ့တင် ပြီးသွားမှာ မဟုတ်ပဲ AQ3D ကမ္ဘာကြီးဟာ အမြဲတမ်းကျယ်ပြန့်လာမှာဖြစ်တယ် ၊ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်မှာဖြစ်တယ် လို့ပြောကြားခဲ့ပါတယ်။

                ဆော့ကစားနေရတဲ့ ဂိမ်းထဲကို ကိုယ်တိုင်ရောက်နေသလို ခံစားနိုင်ဖို့အတွက် Dungeon တွေ၊ Boss တွေကို တစ်နေရာထဲမှာ ပုံသေမထားပဲ Random ပေါ်လာအောင်ဖန်တီးထားတဲ့အပြင် ထူးခြားတဲ့ Event တွေ ဥပမာ - မြို့ထဲကို Monster ကြီးတစ်ကောင် ဝင်ရောက်တိုက်ခိုက်ခြင်း စတဲ့ Event တွေကအစ ဘယ်အချိန်ဖြစ်မယ်ကြိုမှန်းစလို့မရပဲ Random ပြုလုပ်ထားတာကြောင့် ရှားပါး Item တွေရှာချင်တဲ့ Player တွေဟာ စိတ်ဝင်စားတစားနဲ့ Game ထဲမှာ အမြဲစောင့်နေရတာဖြစ်ပါတယ်။


                Crafting System လည်း ပါဝင်တာကြောင့် ကိုယ်ပြုလုပ်ချင်တဲ့ Item အတွက်လိုအပ်တဲ့ ပစ္စည်းတွေ ကိုယ်တိုင်ရှာပြီး ပြုလုပ်နိုင်ပါတယ်။ Online Game ဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့ ဆော့ကစားရင်ပဲဖြစ်ဖြစ် Game ထဲမှာမိတ်ဖွဲ့ပြီးပဲဖြစ်ဖြစ် အတူတူကစားရင် Quest တွေ မြန်မြန်ပြီးမှာဖြစ်ပြီး ပျော်စရာလည်'ကောင်းမှာပါ။ Quest တွေလုပ်ပြီး တိုက်ခိုက်ရေးတွေ မလုပ်ချင်သေးတဲ့အခါမျိုးမှာဆိုရင်လဲ မြို့ထဲက တည်းခိုခန်း မှာ Player တွေစုပြီး မိတ်ဖွဲ့ကြ ၊ Item Trade ကျတာတွေ ရှိပါတယ်။ Chatting ပြုလုပ်ရတဲ့ အခါမှာ Emoji System လည်း ပါဝင်ပါတယ်။


                လက်ရှိအချိန်မှာ အသစ်၊အသစ်သော နေရာတွေ၊ Monster တွေ ၊ Quest တွေကိုပြုလုပ်နေသလိုပဲ နောက်လဲအမြဲတမ်း ပြုလုပ်နေမှာပါ။ Player အချင်းချင်းတိုက်ခိုက်နိုင်မယ့် Player vs Player(PVP) စနစ်၊ ကိုယ်နဲ့လိုက်ပြီးတိုက်ခိုက်ပေးမယ့် Pets စနစ်၊ Player တွေ ကိုယ်တိုင်စိတ်ကြိုက်တည်ဆောက်နိုင်မယ့် ကိုယ်ပိုင်အိမ် ( PlayerHousing ) စနစ်၊ Player တွေစုပြီး အသင်းအဖွဲ့ပြုလုပ်နိုင်မယ့် Guild စနစ်၊ လက်ရှိ Class များအပြင် နောက်ထပ် Class များ အစရှိသဖြင့် နောက်လာမယ့် Update တွေမှာ ထည့်သွားမယ့် Feature တွေကို ဖော်ပြပေးထားပါတယ်။

This Article is Contributed by SkyeJasper
References
AQ3D
About Author
Assinged Tags
MMORPG Gaming News Gaming Review PC Games Android Games iOS Games Gaming Related AdventureQuest 3D Browser Games AQ3D
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed