Game Boy ဂိမ်းတွေကို Apple Watch မှာ ဆော့လို့ရနိုင်ပြီ

date_range 21 March 2017

Game Boy ဂိမ်းတွေကို Apple Watch မှာ ဆော့လို့ရနိုင်ပြီ

visibility 50 Views

                အခုနောက်ပိုင်းမှာ ခင်ဗျားတို့ရဲ့ Apple Watch ကနေတစ်ဆင့် App Store ကိုဝင်ကြည့်ဖြစ်မယ်ဆိုရင် Gaming ပိုင်းမှာ watchOS ကဘယ်လောက်အကန့်အသတ်များပြီး ရွေးခြွယ်ခွင့်နည်းတယ်ဆိုတာကို ခင်ဗျားတို့ကိုယ်တိုင်တွေ့ရမှာပါ။ အခုဆိုရင်တော့ Developer တစ်ယောက်ဖြစ်တဲ့ Gabriel O’Flahertty-Chan က Game Boy Game တွေကို ဆော့ကစားနိုင်ပြီး၊ Apple Watch ရဲ့ Gaming Library ထဲမှာ ဒီ Nintendo ရဲ့ Classic Game တွေကိုထည့်သွင်းပေးသွားဖို့ ရှေ့ပြေးပုံစံ Emulator တစ်ခုထွက်ရှိလာပါပြီ။

              ဒီ Emulator ကိုတော့ Pokemon ထဲက Villian တစ်ယောက်ရဲ့ နာမည်ကိုယူပြီးတော့ Giovanni ဆိုပြီးနာမည်ပေးထားပါတယ်။ ဒီ Emulator ကတော့ Open Source ဖြစ်တာကြောင့် Developer တွေအနေနဲ့ လေ့လာချင်တယ်ဆိုရင်တော့ GitHub မှာ Download ဆွဲနိုင်မှာပါ။ ရှေ့ပြေးပုံစံသာဖြစ်လို့ အနည်းငယ်နှေးတာတွေ Error တွေရှိနေပေမယ့် Apple Watch ရဲ့ Hardware ပိုင်း Software ပိုင်းကန့်သန့်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့ ဒီ Emulator ကတော့ တော်တော်မိုက်ပြီးအထင်ကြီးစရာကောင်းပါတယ်။


               Giovanni ကိုပြုလုပ်တဲ့အချိန်မှာ ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ ကန့်သတ်ထားတဲ့ Apple Watch ရဲ့  Screen သေးသေးလေးနဲ့ Interface သေးသေးလေးထဲမှာ Game ရဲ့ Control ပိုင်းတွေ၊ ဘာတွေကအစ Smooth ဖြစ်အောင်လုပ်နိုင်ဖို့ပါ။ Game မှာတော့ အပေါ်နဲ့အောက်လှုပ်ရှားမှုကို Digital Crown နဲ့ထိန်းချုပ်နိုင်ပြီး ဘယ်နဲ့ညာကတော့ Screen ကို Swipe လုပ်ပြီးထိန်းချုပ်နိုင်မှာပါ။ A နဲ့ B ခလုတ်ကိုတော့ Screen ကို Tap လုပ်ပြီး ထိန်းချုပ်ရမှာဖြစ်ပြီး၊ ပိုပြီးနေရာလွတ်မှာတော့ Start နဲ့ Select ခလုတ်တွေကို သေးသေးလေးထည့်ထားပါတယ်။ ဒီ Control Mapping က သိပ်ပြီးတော့ Perfect မဖြစ်၊ အဆင်မပြေဘူးဆိုပေမယ့် Apple Watch မှာပါတဲ့ ခလုတ်တွေအရဆိုရင်တော့ ဒီလောက်အဆင်ပြေတာကပဲတော်တော်ကိုကောင်းတယ်ပြောရမှာပါ။

                Giovanni ဟာဆိုရင် Apple Watch မှာ Emulate လုပ်နိုင်တယ်ဆိုတဲ့ အဓိကသက်သေတစ်ခုပါပဲ။ ဒီ Emulator ရဲ့ Developer ဖြစ်တဲ့ O’Flaherty-Chan ကတော့ သူ့ရဲ့ Emulator ကို နောက်ထပ် Apple Watch ရဲ့ OS ဖြစ်တဲ့ watchOS 4 မှာ ပြန်လည်ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။ သူ့အနေနဲ့ Framerate တွေ Gameplay တွေပိုမိုကောင်းမွန်လာဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ ဒီ Emulator နဲ့ပတ်သက်တဲ့ သတင်းတွေကိုအစုံအလင်ဖတ်ရှုဖို့ဆိုရင် သူ့ရဲ့ Twitter Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

References
9to5Mac
About Author
Assinged Tags
Gaming News Apple Watch Emulator
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed