Mass Effect: Adromeda ရဲ့ Day One Update မှာ Animation Bug တွေကိုပြုပြင်ပေးမယ့် Patch ပါလာမှာမဟုတ်

date_range 20 March 2017

Mass Effect: Adromeda ရဲ့ Day One Update မှာ Animation Bug တွေကိုပြုပြင်ပေးမယ့် Patch ပါလာမှာမဟုတ်

visibility 50 Views

                    Mass Effect ရဲ့ Andromeda ကိုတော့မနက်ဖြန်မှာထွက်ရှိလာမှာပါ။

                    ဒီ Game ရဲ့ Beta Version ကို လေးရက်ကြာ အရင်ဆော့ကစားထားတဲ့ Fan တွေ က Game ရဲ့  Animation တွေကို မကောင်းဘူး။ ကြည့်လို့မလှဘူးဆိုပြီး အပြစ်တင်နေကြပါတယ်။

                    Bioware ကတော့ “ Game မှာ “ Facial Performance Bug “ တစ်ခု ပါသွားတာဖြစ်ပြီးတော့ ပြင်ဆင်ပေးဖို့ Patch တွေလဲထွက်ရှိလာမှာပါ “ဆိုပြီးပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ “ Patch ကတော့ မနက်ဖြန်မှာထွက်ရှိလာမယ့် Day One Update မှာပါလာဦးမှာ မဟုတ်ဘူး “ ဆိုပြီးတော့လဲ Bioware ရဲ့  Designing ပိုင်း တာဝန်ယူထားတဲ့ Ian Frazier ကပြောကြားခဲ့ပါတယ်။

                   Mass Effect Series ကတော့ Bioware ကနေထုတ်လုပ်ထားတာဖြစ်ပြီး မနက်ဖြန်မှာတော့ ဒီ Series ရဲ့နောက်ဆုံး Sequel ဖြစ်တဲ့ Andromeda ကတော့ မနက်ဖြန်မှာ PS4 , Xbox One နဲ့  PC တို့မှာထွက်ရှိလာမှာပါ။

                 ( မနက်ဖြန်ထွက်လာမယ့် Andromeda ကိုတော့ Pre-order မှာထားမိတဲ့ ခင်ဗျားတို့အနေနဲ့ ရယ်စရာကောင်းတဲ့ အသက်မပါတဲ့ Animation တွေနဲ့ဆော့ကစားရမှာပါ။ Bug နေတဲ့ ဒီ Animation တွေက သိပ်တော့မများတာမို့ ဆော့ကစားရတဲ့ Gaming Experience ကိုတော့ဘာမှာထိခိုက်သွားမှာတော့မဟုတ်ပါဘူး။ ဒီအောက်က Video မှာတော့ အတော်လေးကိုရီရတဲ့ Animation တွေကိုစုပြီးတင်ပြပေးထားပါတယ်။ )




References
PC Gamer
About Author
Assinged Tags
RPG PlayStation PC Games PC Coming Soon Playstation 4 Xbox One
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed