ပြီးဆုံးသွားခဲ့တဲ့ GDC Event ရဲ့  အကြောင်းအစုံ

date_range 08 March 2017

ပြီးဆုံးသွားခဲ့တဲ့ GDC Event ရဲ့ အကြောင်းအစုံ

visibility Views

                ၂၀၁၇ ခုနှစ်ရဲ့ GDC Event ဟာအခုဆိုရင်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ Gaming လောကရဲ့ နောက်ဆုံးထွက်သတင်းတွေကိုရရှိခဲ့ပါတယ်။ ဒီသတင်းတွေမှာဆိုရင် Oculus Rift ရဲ့ Oculus Touch နဲ့ တွဲဝယ်ရင် ဒေါ်လာ ၂၀၀ ကျော်သက်သာစေနိုင်မယ့် Bundle အစီအစဥ် အပြင် Microsoft ရဲ့ Xbox အတွက် VR Device တစ်ခုထွက်ရှိလာမယ့်သတင်း စတာတွေကိုကြေငြာခဲ့ပါတယ်။

                ဒါတင်မကပဲ  GDC Event ရဲ့ အဓိကကျတဲ့အပိုင်းတွေဖြစ်တဲ့ Indie Game တွေကလဲဒီတစ်နှစ်မှာ အရေးကြီးတဲ့ နေရာကပါဝင်ခဲ့ပါတယ်။ Indie Game Developer တစ်ခုဖြစ်တဲ့ Indie Megabooth ဟာ Indie Game ပေါင်း တစ် ဒါဇင်ကျော်ချပြခဲ့ပါတယ်။ 

                ချပြခဲ့တဲ့ Game တွေအထဲမှာဆိုရင် Super Slime Arena လို့ခေါ်တဲ့ တစ်ချက်ထိမိရင် KO ဖြစ်သွားမယ့် Multiplayer Fighting Game တစ်ခုရယ် Space-Puzzle Game တစ်ခုဖြစ်တဲ့ Cosmic Express နဲ့ Racing Game တစ်ခုဖြစ်တဲ့ F-Zero နဲ့ စာဖတ်ပြီးဆော့ကစားရတဲ့ Transfer စတဲ့ Game တွေကလူကြိုက်များခဲ့ပါတယ်။

References
Engadget
About Author
Assinged Tags
Gaming News
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed