Speed Runner တွေယှဉ်ပြိုင်ကစားရတဲ့ NES Big 20 Race

date_range 07 March 2017

Speed Runner တွေယှဉ်ပြိုင်ကစားရတဲ့ NES Big 20 Race

visibility Views

            Coolkid လို့ခေါ်တဲ့ Speedrunner တစ်ယောက်ဟာ ဒီပတ်မှာကျင်းပခဲ့တဲ့ ၆ ကြိမ်မြောက် NES Big 20 Race မှာ ပထမဆုရှိခဲ့ပါတယ်။

            အခုတလော Youtube တွေ Social Media တွေမှာ Speed running လုပ်တာတွေခေတ်စားနေပါတယ်။ Speed Running ဆိုတာက Game တစ်ခုကို 100% Completion မဟုတ်ရင် Campaign Mode ကိုဖြစ်ဖြစ်အဆုံးထိကို အမြန်ဆုံးဘယ်လောက်အချိန်အတွင်းမှာပြီးဆုံးအောင်ဆော့နိုင်လဲဆိုတာကို တိုင်းတာဆော့ကစားရတာမျိုးပါ။


            NES Game တွေကတော့ Family Game တွေဖြစ်တာကြောင့် ခင်ဗျားတို့သိတဲ့အတိုင်းပဲ သေသွားရင် Level တစ်ခု ဒါမှမဟုတ် Game တစ်ခုရဲ့အစက ပြန်ဆော့ရမို့ အစအဆုံးပြီးအောင်ဆော့နိုင်တဲ့သူ ခပ်ရှားရှားပါ။ ဒီမှာတော့ Mario အပါအဝင် King Kong 2 တို့နဲ့ Sentai Jetman စတဲ့ Game သုံးခုအပြင် နောက်ထပ် Game ပေါင်း ၁၇ ခုနဲ့အားလုံးပေါင်းa NES ဂိမ်း အခု ၂၀ ကို ကစားခဲ့ပါတယ်။ ပထမရသွားတဲ့ Coolkid ရဲ့ ကစားချိန်ကတော့ ၂ နာရီနဲ့ ၄၄ မိနစ်ပါတယ်။

            Coolkid ရဲ့ ကစားချိန်ဟာ ဒုတိယ ရရှိသွားတဲ့ Jaguar King နဲ့ ၁၀ မိနစ် ပဲကွာတာပါ။ ဒီ ကွားခြားခဲ့တဲ့ သူ့ရဲ့ ဦးဆောင်မှုကို  Mario Game ရဲ့ နောက်ဆုံးအခန်းဖြစ်တဲ့ Boswer ရဲ့ ရဲတိုက်ထဲမှာဆော့ရတဲ့အခန်းမှာ ချော်ရည်တွေကို ခုံကျော်ရတဲ့ အချိန်မှာ Coolkid ဟာ နှစ်ကြိမ်တိုင်တိုင် ချော်ရည်ထဲပြုတ်ကျပြီး World 8 တစ်ခုလုံးကို အစကနေပြန်ဆော့ရမလိုဖြစ်ခဲ့ပါတယ်။

References
Kotaku
About Author
Assinged Tags
Gaming News Nintendo
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed