Injustice ရဲ့ နောက်ဆုံး Character အသစ်ဖြစ်တဲ့ Dr. Fate

date_range 04 March 2017

Injustice ရဲ့ နောက်ဆုံး Character အသစ်ဖြစ်တဲ့ Dr. Fate

visibility 100 Views

                အခုဆိုရင် Doctor Fate ဟာ Injustice 2 မှာ Batman ဘက်ကနေဝင်ရောက်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ Dr. Fate ရဲ့ မိတ်ဆက် Trailer မှာ Dr. Fate ဟာ Superman ကိုရင်ဆိုင်တိုက်ခိုက်နေတာကိုတွေ့ရမှာပါ။ Dr.Fate နဲ့ Superman ရဲ့ Interaction မှာပြောတဲ့စကားလုံးတွေကလဲအရမ်းမိုက်ပါတယ်။ Superman ဟာတစ်ချိန်ကလူတွေကိုမျှော်လင့်ချက်ပေးခဲ့တယ်လို့ Dr. Fate က ပြောတဲ့အခါမှာ Superman က အခုလူတွေကိုတရားမျှတမှူပဲပေးတော့မယ်လို့ပြန်ပြောခဲ့တယ်။ Dr. Fate က Superman မှတ်ယူနေတဲ့တရားမျှတမှုဟာမှားယွင်းနေကြောင်း တရားမျှတမှုဆိုတာ လူတိုင်းချွင်းချက်မရှိသက်ရောက်နိုင်တယ် ဆိုပေမယ့် ကြင်နာတရားဆိုတာတော့ရှိသေးတယ် လို့ပြောခဲ့တဲ့ Dialogue တွေကို Video အောက်မှာဖတ်ရှူနိုင်ပါတယ်။


Dr. Fate : You Once Brought Hope
Superman : Now I Bring Justice
Dr. Fate : Justice Is Blind , Not Heartless

                Dr. Fate ဟာ DC Comics Universe ထဲကို ၁၉၄၀ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး Justice League ထပ်ပိုစောတဲ့ Justice Society ထဲမှာပါဝင်ခဲ့ပြီး DC Comics ရဲ့ အအောင်မြင်ဆုံး ကာလဖြစ်တဲ့ Golden Age မှာ ထွက်ရှိလာတဲ့ Character တစ်ယောက်ဖြစ်ပြီး Marvel ရဲ့ Dr. Strange နဲ့ စွမ်းအင်ချင်းဆင်တူပြီး Strange ထပ် နှစ် ၂၀ ကျော်ခန့်စော်ပြီး DC Comics က ရေးဆွဲခဲ့တဲ့ Character တစ်ယောက်ပါ။

References
Siliconera
About Author
Assinged Tags
Gaming News Coming Soon Injustice
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed