Nintendo ရဲ့ Switch အပေါ်ကိုသုံးသပ်ပြီး Xbox အတွက် Portable Console ဘာလို့မထွက်လာသေးတာလဲဆိုတာရှင်းပြခဲ့တဲ့ Phil Spencer

date_range 04 March 2017

Nintendo ရဲ့ Switch အပေါ်ကိုသုံးသပ်ပြီး Xbox အတွက် Portable Console ဘာလို့မထွက်လာသေးတာလဲဆိုတာရှင်းပြခဲ့တဲ့ Phil Spencer

visibility Views

            Xbox ရဲ့  ခေါင်းဆောင်ဖြစ်တဲ့ Phil Spencer ကသိပ်မကြာသေးခင်ကပဲ Nintendo Switch အပေါ် သူ့ရဲ့အမြင်တွေနဲ့ Microsoft က Switch လို အလွယ်တကူ သယ်ယူသွားနိုင်ပြီး On-The-Go ကစားနိုင်မယ့် ဂိမ်းစက်မျိုးဘာလို့မထုတ်လုပ်သေးတာလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။

            Spencer ဟာ IGN ရဲ့ Unlocked ဆိုတဲ့ အစီအစဥ်မှာ “ Xbox နဲ့ Nintendo ရဲ့ဆက်ဆံရေးဟာကောင်းမွန်တဲ့အနေထားဘက် မှာရှိတယ် “ လို့ပြောကြားခဲ့ပြီး သူ့အနေနဲ့ Nintendo Switch ကို မဖြန့်ချိခင်အစမ်းကစားကြည့်ခွင့်ရရှိခဲ့ပြီး “ Nintendo Switch ဟာ ထူးခြားသစ်လွင်တဲ့ စက်ပစ္စည်းတစ်ခုဖြစ်ပါတယ်” လို့လဲမှတ်ချက်ပေးသားခဲ့ပြီး သူ့အနေနဲ့တော့ “ Hardware Design ကိုတော်တော်သဘောကျတယ်” လို့ပြောကြားခဲ့ပြီး “ Nintendo ဟာ သူ့ရဲ့ Products အသစ်တွေကိုစျေးကွက်ထဲ ချပြလိုက်တိုင်း သူတို့အတွက်လဲအကျိုးအမြတ်ရှိတယ် “ လို့ပြောကြားခဲ့ပါတယ်။

            Xbox ကဘာလို့ Portable ဂိမ်းစက်တွေကိုမထုတ်လုပ်သေးတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ “ သူ့အနေနဲ့ ဒီ Switch ထွက်လာရင်ဘာဖြစ်မလဲဆိုတာကိုအမြဲတမ်းစောင့်ကြည့်နေပေမယ့် Microsoft ကတော့ Mobile နဲ့ Phone Market တွေကိုသာအာရုံစိုက်နေတယ် “ လို့ပြောကြားခဲ့ပါတယ်။ နောက်ပြီးတော့ In-game Friend တွေနဲ့အဆက်အသွယ်လုပ်ပြီး ဂိမ်းတွေကိုဆော့ကစားဖို့ Xbox Live ကိုဝင်ရောက် သုံးဆွဲတဲ့သူပေါင်း အများကြီးရှိတယ်လို့ “ ပြောကြားခဲ့ပါတယ်။

References
IGN
About Author
Assinged Tags
Microsoft Gaming News Nintendo Switch Nintendo Xbox Live
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed