မကြာမှီထွက်ရှိလာမည့် Injustice 2

date_range 27 February 2017

မကြာမှီထွက်ရှိလာမည့် Injustice 2

visibility Views

            DC Comics ရဲ့ ရုပ်ပြကာတွန်းဇာတ်လမ်းတစ်ခုကို အခြေခံထားတဲ့ Injustice : Gods Among Us ဟာ Mortal Combat လိုမျိုး 1v1 Beat ‘em Up Fighting Game တစ်ခုဖြစ်ပြီး အခုဆိုရင် Injustice 2 ဆိုပြီး Sequel တစ်ခု ထပ်မံထွက်ရှိလာမှာဖြစ်ပါတယ်။
Injustice : Gods Among Us ဆိုတာ DC comics ရဲ့ နာမည်အကြီးဆုံးနဲ့အကောင်းဆုံး Comic Series တစ်ခုပါ။ Game ကတော့ အဲ့ Comic Series ရဲ့အနောက်ကဇာတ်လမ်းပေါ့ဗျာ။ Injustice 2 မှာကတော့ Injustice : Gods Among Us ထဲက Main Villain ကြီးကျရှုံးပြီးချိန် မှာ သူ့ကြောင့်ပျက်စီးသွားတဲ့ လူ့ပတ်ဝန်းကျင် ကြီးကိုပြန်ပြုနေရင်းကနေဖြစ်ပေါ်လာတဲ့ဇာတ်လမ်းစတာတွေကိုအခြေခံ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။
Injustice 2 ရဲ့ Game Play ကတော့ Injustice : Gods Among Us ရဲ့ Combat Mechanic တွေပေါ်မှာပဲအခြေခံထားတာပါ။ RPG Game တွေထဲမှာပါလေ့ရှိတဲ့ Gear System ဆိုပြီးပါလာပါတယ်။ Match တစ်ခုပြီးတိုင်း Loot ( Bonus Item ) တစ်ခုခုရရှိမှာဖြစ်ပါတယ်။ Game ကိုရေးဆွဲတဲ့ NetherRealm Studios ကတော့ ဒီ Gear System မှာ ကိုယ့် Hero ရဲ့ Armor Set တွေထဲက Item Piece တစ်ခုချင်းစီကို Loot အနေနဲ့  ရရှိပြီး Character ရဲ့ ကို Armor တွေဆင်ပြီးကိုယ်ကြိုက်သလို Customize လုပ်လို့ရမှာပါ။
Injustice 2 ထဲမှာတော့ Character 33 ယောက်ပါရှိလာမှာြဖစ်ပြီးဘယ်သူတွေပါလာမလဲဆိုတာအောက်ပါ List မှာကြည့်ရှူနိုင်မှာပါ။
Character List
Aquaman
Atrocitus
Bane
Batman
Black Canary
Blue Beetle

Brainiac
Catwoman
Cheetah
Cyborg
Darkseid
Deadshot

Flash
Gorilla Grodd
Green Lantern
Harley Quinn
Poison Ivy
Robin ( Robin က Injustice 2 မှာပါ၀င်ခဲ့ပေမယ့် ဒီ Game မှာတော့ Classic Robin Costume နဲ့မို့လို့ အသစ်လို့ပြောလို့ရပါတယ်။ )
Supergirl
Superman
Sub-Zero
Spawn

Wonder Woman
စတဲ့ Character တွေပါလာမှာပါ။ Injustice : Gods Among Us ထဲမှာမပါလဲပဲ အသစ်အနေနဲ့ပါဝင်တဲ့ Character ကိုတော့ စာလုံးအကြီးနဲ့ရေးပြထားပါတယ်။
ဒီ Game ကတော့ မေ လ ၁၆ ရက် နေ့  ၂၀၁၇ မှာထွက်လာမယ်လို့သိရပါတယ်။

References
Injustice 2 Wikia
About Author
Assinged Tags
Gaming News
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed