Xbox One  အတွက် Pre-Oder ပြုလုပ်နိုင်ပြီဖြစ်တဲ့ Tekken-7

date_range 21 February 2017

Xbox One  အတွက် Pre-Oder ပြုလုပ်နိုင်ပြီဖြစ်တဲ့ Tekken-7

visibility Views

                ဇွန်လ ၆ ရက်နေ့မှာထွက်ရှိလာမယ့် Tekken 7 Microsoft Online Store ကနေ Pre-oder ပြုလုပ်နိုင်တဲ့အပြင် Xbox Live ကနေလဲ Predownload ပြုလုပ်နိုင်မှာပါ။ Pre-download လုပ်ပြီးပေမယ့်လဲ Game ရဲ့ ဖြန့်ချိမယ့်နေ့ Release Date မရောက်သေခင်အထိတော့ဆော့လို့ရမှာမဟုတ်ဘူးဆိုတာလဲသိရပါတယ်။

                Tekken  Series ဟာဆိုရင် 1 vs 1 fighting game တစ်ခုဖြစ်ပြီးအခုထွက်လာမယ့် Tekken 7 ကိုတော့ Unreal Engine 4 နဲ့ပြုလုပ်ထားတာမို့လို့ Graphic ပိုင်းမှာတော့အထူးကောင်းမွန်မှာပါ။ Rage Art,Rage Drive နဲ့ Power Crush စတဲ့ Battle Mechanics အသစ်တွေပါဝင်လာမယ့်အပြင် Tekken Series လို နာမည်ကြီး Series တစ်ခုဖြစ်တဲ့ Street Fighter Series ရဲ့ villain တစ်ယောက်ဖြစ်တဲ့ Akuma လဲ Tekken 7 မှာပါလာမှာပါ။

                Tekken 7 ကိုတော့ $ 59.99 နဲ့မှာယူနိုင်မှာဖြစ်ပြီး Xbox 360 ၊ Backward Compatibility နဲ့ Xbox One မှာဆော့ကစားနိုင်မယ့် Tekken 6 ကိုလဲရယူနိုင်မှာပါ။ 

                Season Pass ၊ Tekken 7 နဲ့ Tekken 6 တို့ပါဝင်မယ့် Tekken 7 : Deluxe Edition ကိုတော့ 84.99 $ နဲ့မှာယူနိုင်မှာဖြစ်ပါတယ်။

References
Gamespot
About Author
Assinged Tags
Gaming News
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed