Mario Kart Tour မိုဘိုင်းဂိမ်းကို Super Mario Run မှာလို အစပိုင်း Level တွေကို အခမဲ့ ဆော့ကစားခွင့် ပေးသွားမည်

date_range 09 February 2018

Mario Kart Tour မိုဘိုင်းဂိမ်းကို Super Mario Run မှာလို အစပိုင်း Level တွေကို အခမဲ့ ဆော့ကစားခွင့် ပေးသွားမည်

visibility 240 Views

                ဖေဖော်ဝါရီလ အစပိုင်းတုန်းက Mario Animation ဇာတ်ကားကို စတင် ပြုလုပ်နေပြီး Mario Kart မိုဘိုင်းဂိမ်းကိုလည်း မကြာမီ အချိန်အတွင်း မိတ်ဆက်သွားမယ်လို့ Nintendo အနေနဲ့ အတည်ပြုပေးခဲ့ပြီး နောက်မှာတော့ Mario Kart Tour မိုဘိုင်းဂိမ်းကို Super Mario Run လို အစပိုင်း Level တွေကို အခမဲ့ ဆော့ကစားခွင့် ပေးသွားမှာ ဖြစ်တယ်လို့ Nintendo အတွက် Mario Kart Tour မိုဘိုင်းဂိမ်းကို ထုတ်လုပ်ပေးနေတဲ့ DeNA ကုမ္ပဏီရဲ့ CEO က အတည်ပြုပေးခဲ့ပါတယ်။

                The Wall Street ဂျာနယ်ရဲ့ နည်းပညာ သတင်းထောက်တစ်ဦး ဖြစ်တဲ့ Takashi Mochizuki က သူ့ရဲ့ Twitter စာမျက်နှာမှာ

                “DeNA CEO ပြောကြားချက်များအရ Nintendo နဲ့ DeNA ပူးပေါင်းထုတ်လုပ်မယ့် ‘Mario Kart Tour’ မိုဘိုင်းဂိမ်းကို ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး Free To Start ဂိမ်းတစ်ခု အဖြစ် ထုတ်လုပ်သွားမှာ ဖြစ်တယ်”

ဆိုတဲ့ အကြောင်းကို Tweet လုပ်သွားခဲ့ပါတယ်။

                Free To Start ဆိုတဲ့ သဘောတရားကတော့ Mario Kart Tour မိုဘိုင်းဂိမ်း စတင် ထွက်ရှိလာတဲ့ အခါမှာ အစပိုင်း Level အနည်းငယ်ကို အခမဲ့ ဆော့ကစားခွင့်ရမှာ ဖြစ်ပြီး ဂိမ်းတစ်ခုလုံးကို အပြည့်အဝ ကစားချင်တယ် ဆိုရင်တော့ ပိုက်ဆံပေး ဝယ်ရမှာ ဖြစ်ပါတယ်။ Super Mario Run တုန်းကလည်း Free To Start မိုဘိုင်းဂိမ်းအဖြစ် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဂိမ်းတစ်ခုလုံးကို ကစားချင်တယ် ဆိုရင်တော့ ကန်ဒေါ်လာ ၁၀ ပေးချေရတယ်လို့ သိရပါတယ်။

                Super Mario Run ကို Free To Start ဂိမ်းအဖြစ် မိတ်ဆက်ပေးရတဲ့အပြင် Full Game Purchase အတွက် ၁၀ ဒေါ်လာပဲ ရရှိတာကြောင့် Nintendo အနေနဲ့ ထင်သလောက် အမြတ်အစွန်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် Super Mario Run မိုဘိုင်းဂိမ်းကို ကစားဖို့အတွက် Internet Connection လိုအပ်တာကြောင့် အခု အသစ်ထွက်ရှိလာမယ့် Mario Kart Tour မိုဘိုင်းဂိမ်းကို ကစားဖို့အတွက် Internet လိုအပ်မယ် ဆိုရင် အင်တာနက်လိုင်း မကောင်းတဲ့ နေရာတွေမှာ ကစားဖို့အတွက် အခက်အခဲတွေ ရှိလာနိုင်တဲ့အတွက် စျေးကွက်ထဲမှာ ထင်သလောက် မရောင်းရနိုင်ဘူးလို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

                ဒါပေမယ့် ဘာပဲပြောပြောပါ။ Mario ပရိတ်သတ်တွေ အတွက်ကတော့ ၁၀ ဒေါ်လာ ပေးဝယ်ဖို့ အဆင့်သင့်ပါပဲ။ ရှင်းရှင်းပြောရရင် Mario Kart Tour မိုဘိုင်းဂိမ်းကို ထုတ်လုပ်ပေးရတဲ့ အကြောင်းအရင်းကလည်း ပရိတ်သတ်တွေ မျှော်လင့်တောင့်တလွန်း အားကြီးလို့ပါ။ ဆိုတော့ Nintendo အနေနဲ့ Mario Kart Tour မိုဘိုင်းဂိမ်းကို Free To Start ဂိမ်းအဖြစ် ဘယ်လို မိတ်ဆက်လာမလဲ ဆိုတာကို Mario ပရိတ်သတ်တွေ ရင်ခုန်စွာ မျှော်လင့်စောင့်စား ကြရဦးမှာပါ။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
Nintendo Super Mario Run Mobile Game Mario Mario Kart Mario Kart Mobile
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed