Mario Animation ဇာတ်ကားကို စတင်ပြုလုပ်နေပြီး Mario Kart မိုဘိုင်းဂိမ်းကိုလည်း မကြာခင် မိတ်ဆက်သွားမယ်လို့ Nintendo အတည်ပြု

date_range 01 February 2018

Mario Animation ဇာတ်ကားကို စတင်ပြုလုပ်နေပြီး Mario Kart မိုဘိုင်းဂိမ်းကိုလည်း မကြာခင် မိတ်ဆက်သွားမယ်လို့ Nintendo အတည်ပြု

visibility 260 Views

                Nintendo အနေနဲ့ ချစ်စရာကောင်းတဲ့ Minions လေးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ "Despicable ME" Animation ဇာတ်ကားကို ထုတ်လုပ်ခဲ့တဲ့ Illumination Animation Studio နဲ့ ပူးပေါင်းပြီး Mario ဇာတ်ကားကို ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲက Mario Movie နဲ့ ပတ်သတ်ပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပေမယ့် အခုမှသာ Nintendo က တရားဝင် အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။ 

                သေချာတာတစ်ခုကတော့ အသစ်ထွက်ရှိလာမယ့် Mario Animation Movie ကို Mario နဲ့ အခြား Nintendo ရဲ့ နာမည်ကြီး ဇာတ်ကောင်တွေကို ဖန်တီးပေးခဲ့တဲ့ Shigeru Miyamoto နဲ့အတူ Despicable Me Franchise ကို ဖန်တီးခဲ့တဲ့ Chris Meledandri တို့က ပူးတွဲဖန်တီးသွားမှာ ဖြစ်ပါတယ်။ Mario ဇာတ်ကားနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေနဲ့ ရုံတင်မယ့်ရက်ကိုတော့ Nintendo အနေနဲ့ တရားဝင် ဖေါ်ပြခြင်းတော့ မရှိသေးပါဘူး။

                ဒါ့အပြင် Nintendo အနေနဲ့ Mario ပရိသတ်တွေ နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့တဲ့ Mario Kart မိုဘိုင်းဂိမ်းကိုလည်း စတင် ဖန်တီးနေပြီဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။ တရားဝင် မိတ်ဆက်ပေးမယ့်ရက်ကို ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေမယ့် Nintendo ရဲ့ အဆိုအရ Mario Kart Tour လို့ အမည်ရတဲ့ Mario Kart မိုဘိုင်းဂိမ်းကို ဧပြီလ ၂၀၁၈ နဲ့ မတ်လ ၂၀၁၉ ကြားထဲမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

                Mario Kart မိုဘိုင်းဂိမ်းနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်များကို Nintendo ဘက်က ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေမယ့် Mario Kart ဂိမ်းဟာ Nintendo ရဲ့ Franchise အကြီးမားဆုံး ဂိမ်းတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တာကြောင့် Nintendo အနေနဲ့ Mario Kart မိုဘိုင်းဂိမ်းကို အသေအချာ ပြင်ဆင်ပြီးမှ မိတ်ဆက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။


                Nintendo အနေနဲ့ အခုအချိန်မှာ မိုဘိုင်းဂိမ်း Development ပိုင်းကို ပိုမို အားစိုက်လာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကုမ္ပဏီအနေနဲ့ မိုဘိုင်းဂိမ်း ၅ မျိုး ထုတ်လုပ်သွားနိုင်ဖို့ စီစဥ်ထားခဲ့ပေမယ့် Super Mario Run, Fire Emblem Heroes, Animal Crossing: Pocket Camp စတဲ့ မိုဘိုင်းဂိမ်း သုံးမျိုးကိုသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း Social Media Platform ပိုင်းကို ချဲ့ထွင်တဲ့အနေနဲ့ Miitomo လို့ အမည်ရတဲ့ Social Media App တစ်ခုကို ထုတ်လုပ်ခဲ့ပေမယ့် လူကြိုက်နည်းခဲ့တာကြောင့် ရပ်ဆိုင်းပစ်တော့မယ်လို့ သိရပါတယ်။

                ဒါ့အပြင် Wall Street Journal ရဲ့ ဖေါ်ပြချက်အရ Nintendo အနေနဲ့ Nintendo Switch ရဲ့ နာမည်ကြီး ဂိမ်းတစ်ခု ဖြစ်တဲ့ Legend Of Zelda ကိုလည်း မိုဘိုင်းဂိမ်းအဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge 9to5Mac
About Author
Assinged Tags
Nintendo Switch Nintendo Super Mario Run Mobile Game Legend of Zelda Related Mario Mario Kart Mario Kart Mobile Mario Animated Movie
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed