First Person Mode နဲ့ ကစားလို့ရမယ့် Final Fantasy XV Royal Edition ကို Square Enix ကြေငြာ

date_range 17 January 2018

First Person Mode နဲ့ ကစားလို့ရမယ့် Final Fantasy XV Royal Edition ကို Square Enix ကြေငြာ

visibility 200 Views

                အသစ်ထွက်လာမယ့် Final Fantasy XV Royal Edition ဟာ Platform မှာ ဆော့လို့ရမှာဖြစ်ပြီး မူရင်းဂိမ်းဇာတ်လမ်းအပါအဝင် အသစ်ထပ်ထွက်ထားတဲ့ Downloadable Content တွေနဲ့အတူ Cosmetic Items တွေလည်း ပါဝင်ဦးမယ်လို့ Final Fantasy ဂိမ်းတွေကို ထုတ်လုပ်သူ Square Enix က ဆိုထားပါတယ်။


                Final Fantasy XV Royal Edition ဟာ ဒီနှစ် မတ်လ ၆ ရက်နေ့မှာ Platform အားလုံးအတွက် ထွက်ရှိလာမှာဖြစ်ပြီး ကန်ဒေါ်လာ ၅၀ ခန့် ကျသင့်မယ်လို့ ကြေငြာထားပါတယ်။ Square Enix ဟာ Final Fantasy XV Standard Edition ကို PS4 နဲ့ Xbox One တို့အတွက် ၂၀၁၆ ခုနှစ်ကတည်းက ထုတ်လုပ်ပေးခဲ့တာ ဖြစ်တဲ့အတွက် ဒီ Royal Edition မှာပါဝင်မယ့် Content အသစ်တွေအားလုံးကို အသုံးပြုနိုင်ဖို့အတွက် ကန်ဒေါ်လာ ၂၀ ခန့် ထပ်မံကျသင့်မှာဖြစ်တဲ့ အကြောင်း ပြောကြားသွားခဲ့ပါတယ်။


                Windows Version အတွက်ကိုတော့ Square Enix က အခုမှ ကြေငြာလိုက်တာဖြစ်ပြီး Royal Edition Content တွေပါဝင်ပြီးသား Final Fantasy XV ကို ကန်ဒေါ်လာ ၅၀ ခန့်နဲ့ Steam မှာ ဝယ်ယူ ကစားနိုင်မှာ ဖြစ်ပါတယ်။


                Final Fantasy XV Royal Edition မှာ အသစ်ပါဝင်လာတာတွေကတော့

An All-new Dungeon:    

                Isomnia City Ruins မှာ မြေပုံအသစ်တွေ ပါဝင်လာမှာဖြစ်ပြီး Gear အသစ်တွေနဲ့ Boss အသစ်တွေလည်း ထပ်မံပါဝင်လာမှာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် ဂိမ်းကို First Person Mode နဲ့ ကစားနိုင်မယ့် Features အသစ်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

Armiger Unleashed

                ဒီ Final Fantasy XV Royal Edition မှာ Royal Arms ၁၃ ခု စုဆောင်းပြီးတာနဲ့ Action-Oriented Mode Armiger ကို Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။

Royal Vessel

                အရင် Final Fantasy XV မှာတုန်းက ပါဝင်ခဲ့တဲ့ Cape Came ကနေ Altissia Capital City ကိုသွားဖို့အတွက် အသုံးပြုလို့ရတဲ့ Royal Vessel ဟာ ဒီ Royal Editon မှာ Controllable Vehicle အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

All Season Pass Content: 

                အရင်က ထွက်ရှိပြီးသား Season Pass Content တွေဖြစ်တဲ့ Episode Gladiolus နဲ့ Episode Prompto တို့ ပါဝင်မှာဖြစ်ပြီး Multiplayer Expansion  အနေနဲ့ Comrades and Episode Ignis တို့ ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒါအပြင် Weapons တွေ Regalia Car Skins တွေနဲ့ Item Sets တွေပါဝင်တဲ့ DLC ပေါင်းများစွာကို ဒီ Final Fantasy XV Royal Edition မှာ ထည့်သွင်းပေးထားပါသေးတယ်။

                နောက် Square Enix က PC Windows တွေအတွက် လိုအပ်တဲ့ System Requirement ကိုပါ တစ်ခါတည်း ကြေငြာလိုက်ပါတယ်။ Final Fantasy XV Royal Edition ဂိမ်း ကို ကစားနိုင်ဖို့အတွက် အနိမ့်ဆုံး Hardware လိုအပ်ချက်တွေကတော့

  • OS : Windows 7 SP1/Windows 8.1/Windows 10 64-bit
  • Processor : Intel Core i5-2500 or AMD FX-6100 (3.3GHz or higher)
  • Video card : Nvidia GeForce GTX 760, 1050, or AMD Radeon R9 280
  • RAM : 8GB
  • Hard drive space : 100GB or higher
  • DirectX : DirectX 11 

တို့ လိုအပ်မှာဖြစ်ပါတယ်။

                Final Fantasy XV Royal Edition ဂိမ်းကို 1080p Resolution မှာကစားနိုင်ဖို့ Recommend လုပ်ထားတဲ့ Hardware တွေက

  • OS : Windows 7 SP1/Windows 8.1/Windows 10 64-bit
  • Processor : Intel Core i7-3770 or AMD FX-8350
  • Video card : Nvidia GeForce GTX 1060 6GB or AMD Radeon RX480
  • RAM : 16GB
  • Hard drive space : 100GB or higher
  • DirectX : DirectX 11 

တို့ လိုအပ်မှာဖြစ်ပါတယ်။

                Final Fantasy XV Royal Edition ကို 4K HDR နဲ့ ကစားချင်တယ်ဆိုရင်တော့ ဒီ Hardware တွေရှိဖို့ လိုပါလိမ့်မယ်။

  • OS : Windows 10 64-bit with Fall Creators update
  • Processor : Intel Core i7-7700 or AMD Ryzen 1600X
  • Video card : Nvidia GeForce 1080Ti
  • RAM : 16GB
  • Hard drive space : 155GB or higher
  • DirectX : DirectX 11
This Article is contributed by 2puu.
References
Gadgets NDTV
About Author
Assinged Tags
PC Games Consoles Final Fantasy Final Fantasy XV Final Fantasy XV Royal Edition
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed