Gamer တွေစိတ်တိုင်းမကျတဲ့ Nintendo Switch ရဲ့ Feature တစ်ခု

date_range 03 March 2017

Gamer တွေစိတ်တိုင်းမကျတဲ့ Nintendo Switch ရဲ့ Feature တစ်ခု

visibility Views

                Nintendo ရဲ့ Hybrid Console တစ်ခုဖြစ်တဲ့ Switch ဟာထွက်ရှိလာပြီဖြစ်ပါတယ်။ Gamer တွေအကုန်လုံးလဲ အဆင်မပြေလောက်ဘူးလို့ထင်ထားတဲ့အရာဟာ Control ပိုင်းဖြစ်မယ်လို့ခန့်မှန်းခဲ့ပါတယ်။ အခုထွက်ရှိလာတဲ့ အခါမှာတော့ Gaming Website တွေ Review ရေးတဲ့ Gamer တွေလုံးက Joy Con ရဲ့ Controller ကအဆင်မပြေဘူးလို့ပြောနေကျပါတယ်။

                Switch ကိုတော့ထွက်ရှိလာတဲ့အခါမှာ Joy-Con Controller ၁ စုံ ( ၂ ခု ) Dork နဲ့  Joy-Con တပ်လို့ရမယ့် Screen ပါတဲ့ Portable Console တစ်ခုနဲ့ Joy-Con တပ်ပြီး Playstation Controller တို့လို့ လက်ကိုင်နဲ့ဆော့လို့ရမယ့် Grip တစ်ခု အပြင် Dork လုပ်ပြီး TV နဲ့ချိတ်ဆော့လို့ရမယ့် သာမာန် Controller ဖြစ်တဲ့ Switch Pro Controller ပါပါတယ်။ 


                Switch Pro Controller မှာတော့ သာမာန် Controller တွေလို တစ်ဖက်မှာ ခလုတ်လေးခုပါမယ် D-pad ( မြှားခလုတ်လေးခု) နဲ့ဆို ၈ခု Joystcik  ၂ခုနဲ့ Shoulder Buttom နှစ်ခုပါဝင်ပါတယ်။ Joy Con ကတော့ Portable ဆော့ရင် Switch ရဲ့  ၂ လက်မ Screen ဘေးမှာတပ်ပြီးဆော့ရမှာပါ။ Console နဲ့ Joy Con ကိုတပ်ပြီးဆော့ရင်တော့အရမ်းကြီး Smooth မဖြစ်ပေမယ့် PSP , PS Vita တို့လောက်တော့ဆော့လို့အဆင်ပြေပါတယ်။ ဒါပေမယ့် Joy Con Controller က Switch ရဲ့သေးငယ်တဲ့ Screen နဲ့ကိုက်ညီအောင်လုပ်ထားတဲ့အတွက် 1 – 2 Switch တို့လို Multiplayer ဆော့မယ်ဆိုရင် Controller တစ်ဖက်ဆီဖြုတ်ပြီး Analog တစ်ခုဆီပါဝင်တဲ့ Mini Controller အနေနဲ့ဆော့ကစားသွားရမှာပါ။


                Joy Con Mini Controller မှာ Analog တစ်ခုဆီသာပါဝင်ပြီး Controller တစ်ခုလုံးရဲ့အရှည်က လက်ညိုးတစ်ချောင်းလောက်ပဲရှည်တာမို့ ခလုတ်တွေအကုန်လုံးကလဲသေးသေးလေးတွေဖြစ်နေပြီး Analog ဆိုရင် အရမ်းသေးတာကြောင့်ချော်ချော်ထွက်နေမှာပါ။ Joy Con ကို Grip မှာတပ်ဆော့ရင်လဲ Fit မဖြစ်တာကြောင့် Controlling ပိုင်းအဆင်မပြေဖြစ်တာကတော့ Switch ရဲ့အားနည်းချက်တွေပါ။ တစ်ခြား Nintendo Switch အကြောင်းတွေကိုထပ်မံကြည့်ရှူချင်တယ်ဆိုရင် ဒီ Feature အောက်က Tag တွေမှာ Nintendo ဆိုတဲ့ Tag ကို Click လုပ်ပြီး ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

References
Kotaku
About Author
Assinged Tags
Gaming News Nintendo Switch Nintendo Consoles
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed