နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် PS4, Xbox One, Switch နဲ့ PC တို့မှာ ၂၀၁၈ ခုနှစ်အတွင်း အသစ်ထွက်ရှိလာမဲ့ Mega Man ဂိမ်းသစ်များ

date_range 06 December 2017

နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် PS4, Xbox One, Switch နဲ့ PC တို့မှာ ၂၀၁၈ ခုနှစ်အတွင်း အသစ်ထွက်ရှိလာမဲ့ Mega Man ဂိမ်းသစ်များ

visibility 300 Views

                Capcom ကနေ Mega Man ဂိမ်းတွေကို ထုတ်လုပ်ခဲ့တာ အခုဆိုရင် နှစ် ၃၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အရင်တစ်ချိန်တုန်းက ကျွန်တော်တို့တွေဟာ Mega Man ဂိမ်းတွေကို Nintendo ဂိမ်းစက်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် ကစားခဲ့ကြပြီး၊ အဲ့ဒီတုန်းက Mega Man ကို မရူးဖူးတဲ့ ကလေးဆိုတာ မရှိသလောက်ပါပဲ။


                အဆိုပါ Mega Man ဂိမ်းတော်တော်များများကို Nintendo Entertainment System တွေအတွက် ထုတ်ပေးခဲ့တာဖြစ်ပြီး ယခုအခါ Mega Man နှစ် ၃၀ ပြည့် အထိမ်းမှတ်အနေနဲ့ ထင်ရှားကျော်ကြားတဲ့ Mega Man X Series ဂိမ်းရှစ်ခုလုံးကို  PS4, Xbox One, Nintendo Switch နဲ့အတူ PC (Steam) အစရှိတဲ့ Platform အကုန်လုံးမှာ လာမယ့် ၂၀၁၈ ခုနှစ် အတွင်း ထုတ်လုပ်ပေးသွားမယ်လို့ Capcom က ကြေညာခဲ့ပါတယ်။


                ထပ်မံ၍ Capcom မှ Mega Man X Series ဂိမ်းသစ်နဲ့အတူ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ မြင်တွေ့နိုင်ဖွယ်ရှိတဲ့ Mega Man ဂိမ်းသစ်ကိုပါ Trailer အနေနဲ့ ပြသသွားခဲ့ပါတယ်။



                Mega Man 11 မှာတော့ 2.5D နှင့်အတူ လှပတဲ့ Graphic Presentation ကိုမြင်တွေ့နိုင်ပါတယ်။ Mega Man ဂိမ်းတွေဟာ Super Mario ဂိမ်းတွေလို ဘေးတိုက် ရွေ့လျား ကစားရတာဖြစ်တဲ့ အတွက် Console နဲ့ PC ဂိမ်မာ အများစုတွက် သိပ်မရင်းနှီးသလို ဖြစ်နိုင်ပြီး၊ အခု ခေတ်ပေါ် Action ဂိမ်းတွေနဲ့ ကစားပုံနဲ့တော့ အနည်းငယ် ကွဲပြားနိုင်ပါတယ်။


                နောက်ထပ် Mega Man Fans တွေတွက်တော့ ၀မ်းသာစရာ သတင်းကောင်းတခုက Nintendo Switch ဂိမ်မာတွေအတွက် ထပ်မံ၍ Mega Man Legacy Collection နဲ့ Collect 2 တို့ပါထွက်ရှိဦးမယ်လို့ သိရပါတယ်။

This Article is Contributed by 2ppu
References
IGN
About Author
Assinged Tags
Nintendo Switch PS4 Nintendo PC Steam Xbox One Capcom Mega Man X Mega Man X Series Mega Man
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed