Microtransactions တွေကို Star Wars Battlefront II ထဲကနေ ခေတ္တဖယ်ရှားပစ်လိုက်တဲ့ EA

date_range 17 November 2017

Microtransactions တွေကို Star Wars Battlefront II ထဲကနေ ခေတ္တဖယ်ရှားပစ်လိုက်တဲ့ EA

visibility 140 Views

                Electronic Arts (EA) အနေနဲ့ Star Wars Battlefront II ဂိမ်းကို တရားဝင်မိတ်မဆက်ခင်မှာပဲ In-Game Purchases တွေကို ခေတ္တခဏ ဖယ်ရှားပစ်လိုက်ပြီလို့ ကြေညာချက်တစ်ခုထုတ်ပြန် ခဲ့ပါတယ်။ EA အနေနဲ့ ဒီဂိမ်းကို တရားဝင်မိတ်မဆက်ပေးခင်မှာပဲ Early Access ဆော့ခွင့်ရတဲ့ Players တွေကနေ Star Wars Battlefront II ဂိမ်းဟာ “Pay-To-Win” စနစ်ပုံစံမျိုး ကျင့်သုံးထားတယ်ဆိုတဲ့သတင်းတွေကြောင့် Gamers တွေရဲ့ မကျေနပ်သံတွေဟာ အင်တာနက်ပေါ်မှာ ပလူပျံနေခဲ့ပါတယ်။

                Early Access ဆော့ခွင့်ရရှိခဲ့တဲ့ Players တွေဟာ ဂိမ်းထဲက Heroes အချို့ဟာ နာရီပေါင်းများစွာဆော့မှသာ Unlock ပွင့်နိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုးမဆော့ချင်ဘူးဆိုရင်တော့ ပိုက်ဆံပေးပြီး Loot Crates တွေနဲ့ Extra Credits တွေကို ရယူနိုင်မယ်လို့ သိရှိခဲ့ရပါတယ်။ Free-To-Play ဂိမ်းတစ်ခုမဟုတ်ဘဲ USD $69.90 ပေးဝယ်ပြီးဆော့ရမယ့် Star Wars Battlefront II အနေနဲ့ In-Game Purchase တွေပါဝင်လာပြီး “Pay-To-Win” စနစ်ကျင့်သုံးလိုက်တာဟာ တကယ် Star Wars ဂိမ်းကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အရည်အချင်းအသားပေးပြီး ဆော့လိုတဲ့သူတွေအတွက် အတော်လေးကိုစိတ်ဆိုးစရာကောင်းသွားပါတယ်။

                ဒါ့အပြင် EA အနေနဲ့ Reddit မှာ Darth Vader ကိုဆော့ကစားလိုရင် USD $80 တောင်ပေးရမှာလားဆိုတဲ့ Thread အောက်က EA ရဲ့ပြန်လည်ဖြေကြားချက်ဟာ Reddit မှာ Downvote အများဆုံး (-676K Points) ရရှိထားတာကြောင့် အမုန်းတွေဟာအတော်လေးကိုကြီးထွားသွားတယ်လို့ဆိုရမှာပါ။

                အခုချိန်မှာတော့ Star Wars Battlefront II ရဲ့ ဂိမ်း Developer ဖြစ်ပြီး EA DICE အတွက် General Manager တစ်ယောက်လည်းဖြစ်တဲ့ Oskar Gabrielson ရဲ့ ကြေညာချက်အရ

"ကျွန်တော်တို့ ပရိသတ်တွေဆီက မကျေနပ်သံတွေကို သေသေချာချာကြားထားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ In-Game Purchases တွေကို ဂိမ်းထဲကနေ ဖယ်ရှားပစ်တော့မှာပါ"

                လို့ ရေးသားထားခဲ့ပါတယ်။

                ဆက်လက်ပြီးတော့လည်း

“ကျွန်တော်တို့ နောက်ပိုင်းတွေမှာလည်း ပရိသတ်တွေရဲ့အသံတွေ နားထောင်တာ၊ Gameplay ကို မျှမျှတတဖြစ်အောင် ညှိယူတာနဲ့  အခြားပိုမိုကောင်းမွန်အောင်ပြုလုပ်တာတွေကို အဓိကထားပြုလုပ်သွားမှာပါ။ ဒါကြောင့်မို့လို့ လက်ရှိအချိန်မှာတော့ Crystal ဝယ်ယူဖို့အတွက် Option ပါဝင်လာမှာမဟုတ်ဘဲ ဂိမ်းဆော့ရင်းနဲ့ပဲ Rewards တွေနဲ့ Progress တွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Crystals တွေကိုဝယ်ယူဖို့အတွက် Option ကိုတော့ ဂိမ်းကိုသေချာပြုပြင်ပြီးနောက်ပိုင်းမှာမှ ပြန်လည်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။”

                လို့ Oskar ရဲ့ကြေညာချက်အရ သိရှိထားရပါတယ်။

                ဒါကြောင့်မို့လို့ In-Game Purchases တွေကိုတော့ လုံးဝထုတ်ပယ်ပစ်ဖို့အစီအစဥ်မရှိလောက်သေးပါဘူး။ EA အနေနဲ့ Star Wars Battlefront II အတွက် Pre-Orders တွေကို Cancel လုပ်တဲ့သူတွေအတွက် ငွေပြန်မအမ်းပေးဘူးလို့လည်း အင်တာနက်ပေါ်မှာ သတင်းတွေပြန့်နှံ့နေခဲ့ပါတယ်။ တကယ်တမ်းကတော့ EA ရဲ့ Official Client “Origins” မှာ ဂိမ်းတွေကို Pre-Orders မှာတဲ့အခါ “Refund” Button ဟာ အစောကတည်းက မပါဝင် ခဲ့တာဖြစ်ပါတယ်။ ဂိမ်းကို တရားဝင်မိတ်ဆက်ပြီးတော့မှသာ မလိုချင်တော့ရင် Refund ပြန်လည်တောင်းခံနိုင်မှာဖြစ်တယ်လို့လည်း သိရှိထားပါတယ်။

                လက်ရှိအချိန်မှာတော့ ငွေပြန်လည်အမ်းတာကိုမစောင့်ဆိုင်းပဲ အမုန်းတွေကြောင့် Pre-Orders တွေကို Cancel လုပ်သွားတဲ့သူတွေလည်းရှိသလို၊ အင်တာနက်တွေပေါ်မှာလည်း EA ကိုလှောင်ပြောင်ထားတဲ့ပုံတွေလည်း ပွထလို့နေခဲ့ပါတယ်။ ပိုက်ဆံရဖို့အတွက်ပဲ ကြည့်ပြီး “Pay-To-Win” စနစ်ကို Paid ဂိမ်းမှာထည့်သွင်းခဲ့တာကြောင့်လည်း EA အနေနဲ့ အမုန်းတွေအတော်ကိုပွားခံနေရပါတယ်။

References
Kotaku Electronic Arts Screen Rant
About Author
Assinged Tags
Star Wars PC Games EA Electronic Arts Star Wars Battlefront II
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed