Consoles ထက်အရင် Steam မှာ နိုဝင်ဘာ ၁၄ ရက်နေ့ ထွက်ရှိတော့မယ့် Harvest Moon: Light of Hope

date_range 26 October 2017

Consoles ထက်အရင် Steam မှာ နိုဝင်ဘာ ၁၄ ရက်နေ့ ထွက်ရှိတော့မယ့် Harvest Moon: Light of Hope

visibility 220 Views

                Harvest Moon: Light of Hope ဂိမ်းရဲ့ Publisher ဖြစ်သူ Natsume က PC (Windows) အတွက် ပထမဆုံး Harvest Moon ဂိမ်းဖြစ်မယ့် ‘Harvest Moon: Light of Hope’ ကို နိုဝင်ဘာလ ၁၄ ရက်နေ့ကျရင် Steam မှာ အရင်ထုတ်ပေးသွားမှာဖြစ်ကြောင်း ယနေ့ပဲ တရားဝင်ကြေငြာလိုက်ပါတယ်။ စျေးနှုန်းကတော့ ၂၉.၉၉ ဒေါ်လာပါ။


                Light of Hope ကို ပထမက Nintendo Switch, PlayStation 4 နဲ့ Windows တို့မှာ လာမယ့် ၂၀၁၈ ခုနှစ်ကျမှ ထွက်မယ်လို့ သတ်မှတ်ထားပေမယ့်၊ Natsume ရဲ့ CEO ဖြစ်သူ Hiro Maekawa ဟာ “သူတို့အဖွဲ့ရဲ့ ကြိုးစားမှုကြောင့်” အခုလို PC မှာ စောစီးစွာ ထုတ်ပေးနိုင်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ တချို့ဂိမ်းတွေအနေနဲ့ ထွက်မယ်လို့ ကြိုပြောထားတဲ့အချိန်မှာ မထွက်နိုင်ဘဲ နှောင့်နှေးမှုတွေ ရှိနေတဲ့အချိန်မျိုးမှာ Harvest Moon ကတော့ ထင်ထားတာထက် စောပြီးတောင် ထွက်လာတာဖြစ်ပါတယ်။

                အခု Harvest Moon: Light of Hope ဂိမ်းရဲ့ Developer ကတော့ TABOT Inc. နဲ့ Natsume တို့ ဖြစ်ပြီး၊ Publisher ကတော့ Natsume ဖြစ်ပါတယ်။  အရင်က လူကြိုက်များခဲ့တဲ့ Harvest Moon: Back to Nature အပါအဝင် Harvest Moon Games တွေကို ရေးဆွဲခဲ့တဲ့ Victor Interactive Software ကုမ္ပဏီကတော့ ၂၀၁၃ လောက်ကတည်းက Natsume နဲ့ ခွာပြခဲ့ပြီးဖြစ်တာကြောင့် သူတို့ Development တွေကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။။ ဒီလိုလမ်းခွဲပြီးနောက်ပိုင်းမှာ  Natsume ရဲ့ Harvest Moon ဂိမ်းတွေက လူကြိုက်သိပ်မများခဲ့တာကြောင့် အခု Light of Hope မှာလည်း ဘယ်လိုအခြေအနေရှိမလဲ စောင့်ကြည့်ရမှာပါ။

                Original Development Team ဖြစ်တဲ့ Victor Interactive Software ကိုတော့ Marvelous Entertainment က ၂၀၁၃ မှာပဲ ဝယ်ယူခဲ့ပြီး၊ အရင် Harvest Moon ပုံစံ “Story of Seasons” စီးရီးနာမည်နဲ့ ဂိမ်းတွေ ဆက်ထုတ်လျက်ရှိပါတယ်။ Harvest Moon နာမည်မူပိုင်ခွင့်ကိုတော့ Natsume ကပဲ ရရှိခဲ့တာပါ။

                Light of Hope ဟာ အရင် Harvest Moon ဂိမ်းတွေကအတိုင်း Gameplay ပုံစံမျိုးဖြစ်ပေမယ့်၊ Natsume ကနည်းနည်းလေး အပြောင်းအလဲဖြစ်အောင် မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ မြို့မှာ အခြေတည်ထားပါတယ်။ မြို့သူမြို့သားတွေ ပြန်လည်အခြေချဖို့အတွက် ကိုယ့် Character က ဒီပျက်စီးသွားတဲ့အိမ်တွေကိုပါ ပြန်လည်ကူညီတည်ဆောက်ပေးရမှာပါ။

                Natsume ကတော့ Harvest Moon စီးရီး နှစ် ၂၀ ပြည့်ထုတ်မယ့် ဒီဂိမ်းမှာ Classic SNES ဂရပ်ဖစ်ပုံစံမျိုးကို ပြန်လည်ဆောင်ကျဉ်းထားပြီး၊ Features အသစ်တစ်ချို့ကိုလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ဒီထက် စိတ်ဝင်စားဖို့ကောင်းတာက အရင် Harvest Moon ဂိမ်းတွေမှာ မြင်တွေ့ခဲ့ရတဲ့ Characters တချို့ကိုလည်း Light of Hop မှာ ပြန်လည်မြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။

                ကိုယ့်မှာ PC ပဲရှိတယ်၊ တခြား Consoles တွေလည်း မရှိဘူး၊ ပထမဆုံး Harvest Moon PC ဂိမ်းကိုလည်း အမှတ်တရ စမ်းကစားကြည့်ချင်တယ်ဆိုရင်တော့ ဒေါ်လာ ၃၀ စျေးက မဆိုးလောက်ဘူးလို့ ထင်ပါတယ်။ Game Trailer Video ကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။



References
PC Gamer
About Author
Assinged Tags
Windows PC Games PC Steam Gaming Related Story of Seasons Harvest Moon Harvest Moon: Light of Hope Natsume
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed