ကလေးတွေအတွက် Mini PS4 Controller ကို Sony မိတ်ဆက်

date_range 19 October 2017

ကလေးတွေအတွက် Mini PS4 Controller ကို Sony မိတ်ဆက်

visibility 240 Views

                Sony ဟာ ကလေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ PlayStation 4 Controller အသစ်တစ်မျိုးကို PlayStation Blog ကနေ တဆင့် မနေ့က မိတ်ဆက်ခဲ့ပါတယ်။

                PS4 Mini Wired Gamepad လို့ နာမည်ပေးထားတဲ့ ယခု Controller လေးကို Gaming Controllers နဲ့ Peripherals တွေကို ထုတ်လုပ်နေတဲ့ Hori ကပဲ ထုတ်လုပ်ထားတာဖြစ်ပြီး၊ Sony က တရားဝင်အသိအမှတ်ပြုထားတဲ့ Controller ဖြစ်ပါတယ်။


                PlayStation 4 Mini Wired Gamepad ဟာ DualShock 4 ခလုတ်ထက် ၄၀ ရာခိုင်နှုန်းတောင် ပိုမိုသေးငယ်တာကြောင့် DualShock 4 ရဲ့ Trademark ဖြစ်တဲ့ Touchpad နဲ့ Light Bar တို့ မပါဝင်တော့တာ တွေ့ရပါတယ်။ Touch သုံး Inputs တစ်ချို့ကိုတော့ ဘယ်ညာ Analog Stick တွေနဲ့ လုပ်နိုင်ပါတယ်။ Mini Wired Gamepad ဆိုတဲ့ နာမည်အတိုင်း ကြိုးတပ်အသုံးပြုရမှာဖြစ်ပြီး၊ ကြိုးအရှည်က ၁၀ ပေ ရှိမှာပါ။ ဒီ့အပြင် Vibration Motor တွေ မပါတော့တာ၊ Motion Sensing နဲ့ Stereo Headset Jack တို့ မပါဝင်တော့တာကြောင့် ဂိမ်းအရသာအပြည့်ခံစားချင်တဲ့ လူကြီးတွေအတွက်တော့ သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။


                ဟိုးတုန်းက Super NES Controller ပုံစံလေးနဲ့ ခပ်ဆင်ဆင်တူတဲ့ Mini PS4 Controller ကို ဒေါ်လာ ၃၀ စျေးနဲ့ ယခု Holiday မှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

References
PlayStation
About Author
Assinged Tags
Sony PS4 Game Controller PS4 Controller DualShock 4 Mini Wired Gamepad Hori
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed