eSports ပြိုင်ပွဲတွေ ကျင်းပမယ့် ခန်းမသစ်တစ်ခုကို Los Angeles မှာ ဖွင့်လှစ်သွားမယ့် Blizzard

date_range 08 September 2017

eSports ပြိုင်ပွဲတွေ ကျင်းပမယ့် ခန်းမသစ်တစ်ခုကို Los Angeles မှာ ဖွင့်လှစ်သွားမယ့် Blizzard

visibility 80 Views

                Blizzard ဟာ eSports ပြိုင်ပွဲတွေ သီးသန့်ကျင်းပမယ့် Arena တစ်ခုကို Los Anglese က Burbank Studios မှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ယနေ့ကြေငြာလိုက်ပါတယ်။

                Blizzard Arena Los Angeles လို့ ခေါ်ဆိုမယ့် အခုခန်းမအသစ်ကို အောက်တိုဘာလ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး၊ Blizzard ဂိမ်းတွေဖြစ်တဲ့ Heroes of the Storm ၊ Overwatch နဲ့ Hearthstone ပြိုင်ပွဲတွေအပြင် World of Warcraft Events တွေကိုပါ ယခု Arena မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

                Blizzard ရဲ့ ပြောကြားချက်အရ ပွဲကို တက်ရောက်လာတဲ့ပရိတ်သတ်တွေနဲ့ တစ်ကမ္ဘာလုံးကနေ တိုက်ရိုက်ကြည့်ရှုမယ့်ပရိတ်သတ်တွေအတွက် အကောင်းဆုံး Live Event ခံစားမှုမျိုး ပေးစွမ်းနိုင်ဖို့အတွက် ဒီဇိုင်းရေးဆွဲထားတယ်လို့ သိရပါတယ်။

                ယခု Arena မှာ eSports ပြိုင်ပွဲတွေအပြင်၊ အသံသွင်းရိုက်ကူးဖို့အတွက် Soundstage ခန်းမတွေ၊ Control Rooms တွေ၊ လေ့ကျင့်ရေးလုပ်နိုင်မယ့်နေရာတွေအပြင် Blizzard ဂိမ်းတွေနဲ့ ပတ်သတ်တဲ့ အမှတ်တရပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် Store တွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ လူဦးရေ ၄၅၀ လောက် ဆံ့မှာဖြစ်ပြီး၊ ကျင်းပမယ့်ပွဲအပေါ်မူတည်ကာ ဆံ့မယ့်လူဦးရေက ကွာခြားမှုရှိနိုင်ပါတယ်။

                Blizzard Arena အသစ်ဖွင့်ဖွင့်ချင်းနေ့မှာပဲ Overwatch Contenders Playoffs ပွဲကိုလည်း ယခု Arena မှာ ပထမဆုံး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

References
Blizzard
About Author
Assinged Tags
Blizzard World of Warcraft Overwatch E-Sports Blizzard Arena Blizzard Arena Los Angeles Heroes of the Storm
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed