Social Media အသုံးပြုသူတွေအနေနဲ့ မဖြစ်မနေအသုံးပြုသင့်တဲ့ All-in-One Messenger

date_range 20 July 2017

Social Media အသုံးပြုသူတွေအနေနဲ့ မဖြစ်မနေအသုံးပြုသင့်တဲ့ All-in-One Messenger

visibility 740 Views

                ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ Social Media applications မျိုးစုံကို အသုံးပြုပြီး ထိတွေ့ဆက်ဆံနေရပါတယ်။ Social applications မျိုးစုံကနေ ဝင်ရောက်လာတဲ့ Messages တွေကို လုပ်ငန်းခွင်ရောက်တဲ့အခါမှာ စမတ်ဖုန်းကနေ Reply မပြန်နိုင်တဲ့အခြေအနေမျိုးကိုကြုံဖူးကြမှာပါ။ မိမိ လုပ်ငန်းသုံးကွန်ပျုတာမှာ Social Media Program တွေအများအပြားသွင်းထားမယ်ဆိုရင်လည်း အလုပ်လုပ်ရာမှာ ထိခိုက်နှောင့်နှေးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။


                ဒါပေမယ့် ယခု All-in-One Messenger ဟာ အဆိုပါပြဿနာတွေကို အနည်းနဲ့အများဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ 

                All-in-One Messenger ဟာ Google Chrome Web app တစ်ခုဖြစ်ပြီး မည်သည့် Windows, Mac OS, Linux ဒါမှမဟုတ် Chrome OS ကွန်ပျူတာမှာမဆိုအလုပ်လုပ်မှာဖြစ်ပါတယ်။ All-in-One Messenger ကို စတင်အသုံးပြုတော့ဆိုရင် ယခု Link  ဒါမှမဟုတ် Chrome Web Store မှာ All-in-One Messenger လို့ရိုက်ရှာပြီး ရယူနိုင်မှာဖြစ်ပါတယ်။


                အရွယ်အစားအနေနဲ့ 1.43Mb သာရှိတဲ့ All-in-One Messenger ကို သွင်းပြီးလို့ စတင်အသုံးပြုတော့မယ်ဆိုရင် All-in-One Messenger ကနေ လက်ရှိ Support ပြုလုပ်နေတဲ့ Chat Client ၃၁ ခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ Chat Client တွေထဲမှာ လူသုံးများတဲ့ WhatsApp, Google Hangouts, Facebook Messenger, TweetDeck, WeChat, Steam Chat, Telegram, Skype, Yahoo Messenger, Slack, Tencent QQ စတဲ့ Chat Client တွေလည်း ပါဝင်မှာဖြစ်ပါတယ်။


                All-in-One Messenger မှာ ကိုယ်အသုံးပြုချင်တဲ့ Chat Client တွေကို Set-up ပြုလုပ်ပြီးရင် သတိထားမိမှာက Facebook Messenger နဲ့ Hangouts တို့မှာဆိုရင် web version ဖြစ်တဲ့ messenger.com နဲ့ hangouts.google.com တို့ကို Application အနေနဲ့ အသုံးပြုထားတာဖြစ်ပါတယ်။ တစ်ခုကောင်းတာတစ်ခုက Client တစ်ခုကို အရေအတွက်အကန့်အသတ်မရှိ (ဥပမာ - Messenger account ၂ ခု ၃ ခု) အသုံးပြုနိုင်မှာပါ။ 


                All-in-One Messenger ကို အသုံးပြုတဲ့နေရာမှာ Setting အများအပြားမပါဝင်ပဲ အသုံးပြုထားတဲ့ Chat Client တွေရဲ့ Notifications တွေနဲ့ အသံကို အပိတ်အဖွင့်ပြုလုပ်နိုင်တာ၊ Chat Client ကို ဖျက်ပစ်နိုင်တာ စတဲ့ Setting တွေပဲ ပါဝင်မှာဖြစ်ပါတယ်။ 

                ပိုပြီးအသုံးပြုရလွယ်ကူအောင်လည်း All-in-One Messenger မှာ Chat Client တွေကို Windows Key + 1,2,3 Number Key တွေတွဲနှိပ်ပြီး Chat Client တွေကို ခေါ်နိုင်တာ၊ Ctrl+Shift Key နဲ့ Tab Key ကို နှိပ်ပြီး Chat Client တွေကို ပြောင်းလဲနိုင်တဲ့ Shortcut Key တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

                ကိုယ့်ရဲ့ကွန်ပျူတာမှ Application တစ်ခုထဲကနေ အသုံးပြုမှုများပြားတဲ့ Social app တွေကို တစ်နေရာတည်းမှာပဲ လွယ်လွယ်ကူကူအသုံးပြုနိုင်မှာမို့ All-in-One Messenger ဟာ မသုံးကြည့်ရသေးရင် ကျိန်းသေစမ်းသပ်သုံးစွဲကြည့်သင့်တဲ့ Application တစ်ခုလို့ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ 

References
TechX Features
About Author
Assinged Tags
Windows PC macOS Linux related Social Media All In One Messenger Social Media App Chrome OS Chat Client
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed